"Wangလေး..ကိုယ်မင်းကို ချစ်တယ်..မြတ်နိုး တယ်"
"အ...အရှင်"
"ကိုယ့်ကို ချစ်တယ် မလားဟင်"
ရှက်ရှက်နဲပဲ ခေါင်းညိမ့်လိုက်တဲ့ အဆုံးမှာ အရှင်ဟာ သူ့ခါးတွေကို ဆွဲလိုက်ကာ ခန္ဓာကိုယ်ချင်းကို နီးကပ်စေပြီး အနမ်းတစ်ပွင့်က နဖူးပေါ် ကို ကျ တယ်..
"အရမ်းချစ်တယ်"
"ကျွန်...ကျွန်တော် လဲ အရှင့်ကို ချစ်တယ်"
သူ့စကားအဆုံးမှာ အရှင့် နှုတ်ခမ်းတွေ က သူ့နှုတ်ခမ်းတွေ ကို ဖိကပ်နမ်းလာသည်..ချိုမြိန်တယ်.. ဆွဲမက်စေတယ်..
ဖြစ်နိုင်ရင် တစ်ဘဝလုံးက အရှင့် အနမ်းတွေနဲ့ပဲ ဖြတ်သန်းချင်တယ်.......
မျက်လုံးတွေဖွင့်လိုက်တာနဲ့ဦးခေါင်းထက်က နာကျင်မှု့ နဲ့ မျက်နှာကျက်ကို မြင်မှ ခုနက အဖြစ်အပျက်ဟာ အိမ်မက် ပါလား ဆိုလား သတိထားမိတယ်..နှမြောလိုက်တာ..အိမ်မက်လေးက လှလွန်းလို့ ဖန်ပုလင်းထဲ ထည့်သိမ်းထားချင်တယ်..
အရှင့်ကြောင့် နာကျင်ရတိုင်း ပြန်ဖွင့် ကြည့်ပြီး အိမ်မက်ထဲမှာ ပျော်မွေ့မယ်.."ကျွတ်..ကျွတ်"
"ဗိုလ်မှူး Wang သတိရလာပြီလား"
"Zhoucheng.. အရှင်ရော..ပွဲရော ပြီးသွား ပြီလား"
"ပွဲက ရုတ်ရုတ်သဲ သဲ ဖြစ်သွားလို့ ရပ်လိုက်တယ်"
"ဒါဆို အရှင် ရော.."
"ဟို...ဥယျာဉ်ထဲ မှာ ထင်တယ်"
"ဥယျာဉ်ထဲမှာ..ဥယျာဉ်ထဲမှာ အရှင်က ဘာလုပ်နေတာလဲ "
"ဟို..ယဉ်ကျေးမှု့ ဝန်ကြီး သမီးနဲ့ စကား ပြော နေပါတယ်"
"ယဉ်ကျေးမှု့ ဝန်ကြီးသမီး..သူက ဘယ်လို ဖြစ်ပြီး နန်းတော်ထဲ ရောက်လာတာလဲ"
"ဝန်ကြီးက အရှင်နဲ့ စကားပြောစရာရှိတယ်ဆို ပြီး ပွဲက အပြန် ပြန်လာတာ..သူ့ သမီးပါ ပါလာတာ"
"သြော်..Zhoucheng.. ငါသတိရလာပြီ..မင်း အရှင့် အနားမှာ ပဲ နေ..နန်းတော် ထဲမှာ ဖြစ်ပေမယ့်လဲ သူစိမ်းတွေ ရှိနေတော့ လုံခြုံရေးက စိတ်မချ ရဘူး"
"ဟုတ် ကဲ့ပါ..ဗိုလ်မှုး "
Zhoucheng ထွက်သွားမှ ကုတင်ပေါ် ကနေ အသာ ထကာ ပြတင်းပေါက် နားကို လာခဲ့တယ်..သူ့ အခန်း က ပြတင်းပေါက် ဟာ ဥယျာဉ်ထဲကို လှမ်း မြင်နေရသည်..
ခန်းဆီးစကို အသာ လှပ်ကာ ကြည့်မိတော့ ပန်းတွေ ကြားမှာ အရှင်နဲ့ စကားပြောနေသည့် မိန်းကလေး
ဆံနွယ်ရှည်တွေနဲ့ သူမ အလှဟာ ပူလောင် မနေပဲ ရင်အေးစေသည့် အလှ မျိုး..
အရှင်က သူမ ကို ပြုံးကာ ရွှန်းရွှန်းစားစားကြည့်ပြီး စကားပြောနေသည်..
ဘယ်လောက်တောင်သဘောကျနေလဲမသိ..
အရှင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တော့ ပါးက ပါးချိုင့်လေး ပါ ပေါ်လာသည်.
မိန်းကလေး ကို ပန်းတစ်ပွင့် ခူးပေးကာ အရှင်က ပေးတော့ သူမက ရှက်ရဲရဲနဲ့ ယူသည်..
အရှင်က ပန်းကို သူမခေါင်းပေါ်မှာ ပန်ပေးကာကြည့်ပြီး သဘောတွေကျနေသည်..
YOU ARE READING
The Lover's Command (Completed )
FanfictionWhen the King fall in love with his Bodyguard. Will their love be happy ending or sad Ending?