Part-20

7.6K 906 100
                                    

"ငါ တကယ် မင်းပြောတာတွေကို နားမလည်ဘူး..ငါနဲ့ စကားပြော ကြရအောင်"

"ကျွန်တော် ပြောပြီးပြီလေ..ကျွန်တော် ခင်ဗျားနဲ့ စကားမပြော ချင်ဘူးလို့"

"Wang Yiboစကားမပြောမချင်း ငါဒီမှာပဲ ရပ်နေမယ်"

"ဒါတော့ Xiaoဘုရင် သဘောတိုင်းပါပဲ. ဒီလမ်းက ကျွန်တော့် အပိုင်မှ မဟုတ်တာ..ခင်ဗျား ရပ်ချင်သလောက် သာ ရပ်".

ကောင်လေးက ခြံထဲ ပြန်ဝင်ကာ ခြံတံခါးကို ဆွဲပိတ်လိုက်သည်..Xiaozhan ခြံရှေ့မှာ သာ မတ်တပ်ရပ်နေသည်..Jing Yiက ကားပေါ် က ဆင်းလာကာ

"အရှင်..မိဖုရား ကြီး Phဆက်ပါတယ်..နန်းတော်ကို ပြန်လာခဲ့ ဖို့ပါ"

"ငါ့ပြန်မလာချင်သေးဘူးလို့ ပြောလိုက်"

"ဗျာ."

"မင်းလဲ ကားပေါ် မှာ ပဲ စောင့်.. ငါ့ဆီ မလာနဲ့"

"အမိန့်တိုင်း ပါ အရှင်"

Jing Yiက အရှင့်ကို နားမလည်သလို ကြည့်ကာ ပြန် ထွက်သွားသည်..
Xiaozhan ကတော့ ခြံထဲမှာ ကလေးတွေနဲ့ ဆော့နေသည့် Wang Yiboကို ငေးနေသည်..
ကလေးဆိုမှ ခုနက ကောင်လေးရဲ့ ကလေးက သူနဲ့တူလိုက်တာ..
ပြီးတော့ ကလေးကို ချီ လိုက်ရတုန်းက သူ့ရင်ထဲနွေးခနဲ ဖြစ်သွားသည်

"ပါး..ပါး..ဘောလုံး."

ခြံထဲမှာ ဘောလုံး နဲ့ ကစားနေရင်း သားသားက ဘောလုံး ကို ပစ်လိုက်တာ ခြံဝရောက်သွားတာကြောင့် တတောက်တောက်နဲ့ ပြေးသွားပြီး ခြံတံခါးကို ဖွင့်ကာ ရပ်နေသည့် Xiaozhan ခြေထောက်ကို ပြေးဖက်ပြီး..

"ယုန်ဦးဦး..တားတားကို ချီ"

Xiaozhan က သားကို ချီကာ သွားတွေ ပေါ်နေတဲ့အထိ ရယ်မောပြီး ဘာတွေမေးနေလဲ မသိ..Yiboက သမီးကို ကောက်ချီကာ Ziyiကို ကြည့်ပြီး..

"သားကို ပြန်ခေါ်ခဲ့လိုက်..ငါ အိမ်ထဲ ဝင် တော့မယ်"

"Yibo..မင်းကြီးက ဘယ်တော့မှ ပြန်မှာလဲ "

"ငါမသိဘူး"

Yiboက ခပ်ပြတ်ပြတ် ပြောကာ အိမ်ထဲ အမြန်ဝင်ခဲ့လိုက်သည်..အပေါ် ထပ်ကို တက်ကာ ပြတင်းပေါက် ကနေ ကြည့်တော့ Ziyiက Xiaoဘုရင် နဲ့ ဘာတွေပြောနေတာလဲ မသိ..ခဏကြာတော့ သားကို ချီကာ အိမ်ထဲ ပြန်ဝင်လာသည်..

The Lover's Command (Completed )Where stories live. Discover now