Part-19

6.8K 783 42
                                    

သူ ကြည့်နေတုန်းမှာ ပင် ကောင်လေးက လမ်းကို ဖြတ်ကူးသွားသည်..

"Zing Yi"

"အမိန့်ရှိပါ အရှင်"

"နန်းတော် မပြန်ဘူး..ကားကို ပြန်လှည့်..ဟိုကောင်လေး နောက်ကို လိုက်မယ် "

"ဗျာ..အရှင်..မဖြစ်ဘူး လေ..အရှေ့မှာက ကိုယ်ရံတော် တပ်ရဲ့ ကားတွေ ပါတော့."

"မရှည်နဲ့. မင်းမမောင်းဘူးဆို.. ဆင်း..ငါ မောင်းမယ်."

"ကျွန်တော့် ကို ခွင့်လွှတ် ပါ အရှင်..အရှင့် အမိန့် ကို နာခံ ပါမယ်"

Zing Yiက ကားကို ပြန်လှည့်ကာ Yiboနောက်ကို လိုက်သည်..ဈေးဝယ်လာသည့် အထုပ်တွေကိုဆွဲကာ ကောင်လေးက ခြံလေး တစ်ခြံရှေ့မှာ ရပ်သွားသည်.. ခြံထဲမှ မိန်းကလေးတစ်ယောက်နဲ့ ကလေး လေး နှစ်ယောက်က ပြေးထွက်လာသည်..ကလေးလေးတွေကို ကောင်လေးက ချီလိုက်တော့ မိန်းကလေးက အထုပ်တွေကို ဆွဲ ပြီး နောက်က ဝင်သွားသည်..ကောင်လေးက အိမ်ထောင် ရှိနေတာပဲ..

"ဟင်..အဲ့ဒါက ဗိုလ်မှုး Wang မလား"

Zing Yiက ကောင်လေးကို ကြည့်ကာ ပြောတော့

"ဗိုလ်မှုး Wang"

"ဟုတ်တယ် လေ..အရှင်မမှတ်မိဘူးလား..သူက အရင်တုန်းက အရှင့် အရမ်း အားကိုးရတဲ့ ဗိုလ်မှုး လေ"

"ဗိုလ်မှုး Wang...Wang"

Xiaozhan ခြံတံခါးကို ကြည့်နေကာ မြင်ကွင်း တချို့ကို ပြန်မြင်ယောင်လာသည်..မိုးတွေကြားထဲ ဒီ ခြံတံခါးရှေ့မှာ ငိုနေသည့် သူပုံရိပ်..ခြံထဲက ကောင်လေး ရဲ့ ပုံရိပ်..

"Zing Yi"

"အမိန့်ရှိပါ အရှင်"

"သူ ဘာလို့ အလုပ်ထွက်သွားလဲ ဆိုတာ စုံစမ်းပေး..ပြီးတော့ သူ အိမ်ထောင်နဲ့လား ဆိုတာရော..ဒီကိစ္စကို မယ်တော် မသိစေနဲ့"

"ဗျာ..ဟုတ်..ကောင်း..ကောင်းပါပြီအရှင်"

Zing Yiကတော့ ရုတ်တရက် ကြီး ဗိုလ်မှုး Wangကို စိတ်ဝင်စား လာသည့် အရှင့်ကို ကြည့်ကာ နားမလည်တော့..

...

"မယ်မယ်..မင်းကြီး သတိပြန်ရလာရင် ဘယ်လိုလုပ်မလဲ"

The Lover's Command (Completed )Where stories live. Discover now