Prologue

172 16 0
                                    

ဂင်ဂျွန်မြောင်သည် ၃၂နှစ်အရွယ် ဝန်ထမ်းတစ်ဦးဖြစ်သည်။မိဘလုပ်စာထိုင်စားနေပြီး အရည်အချင်းဆိုလို့ မူးစေ့မျှပင်မရှိ။

သို့သော်လည်း CEO၏ ညီအရင်းဖြစ်သည့်အပြင် မွေးရာပါ မျက်နှာချောချောကြောင့် ဘယ်သွားသွား မိန်းကလေးများ အာရုံစိုက်ခြင်းကိုတော့ ခံရစမြဲဖြစ်သည်။

မိန်းကလေးများက ပြောကြသည် "ဂျွန်မြောင်က မင်းသားလေးလိုပဲ" "ဂျွန်မြောင်နဲ့ တစ်ခါအိပ်ခွင့်ရရင် ဘာမဆို အကုန် စွန့်လွှတ်နိုင်တယ်"

သို့သော်လည်း ဂျွန်မြောင့်မျက်လုံးထဲတွင်တော့ ကျန်းရီရှင်းတစ်ယောက်သာရှိသည်။

ကျန်းရီရှင်းက လွန်ခဲ့သော ၆လက အသစ်ရောက်လာသော ဝန်ထမ်းလေးဖြစ်သည်။ အလုပ်ကြိုးစားသည်...ဖော်ရွေသည်... ထက်မြက်သည်။

"ရီရှင်းနာ...ဒီတစ်ပတ်ပိတ်ရက်အားလား...?"

"ဟင့်အင်း...သူငယ်ချင်းဟောင်း တွေ့ဆုံပွဲရှိတယ်"

"ရှင်းရ...နေ့လည်စာတူတူစားချင်လား...?"

"ကျေးဇူးပဲ...ကျွန်တော်နောက်မှစားတော့မယ်"

"ကျန်းရီရှင်း...ငါတို့တွဲရအောင်"

"စီနီယာ့ကိုအားနာပေမဲ့ ကျွန်တော့်အိမ်က ခွင့်မပြုသေးလို့ ငြင်းပါရစေ"

ကျန်းရီရှင်း ဘယ်လောက်ငြင်းငြင်း ဂျွန်မြောင်ကတော့ ချစ်နေစမြဲ။

ဒါကြောင့် ရီရှင်းဆီတည့်တည့်တိုးဝင်လာသော ကားကိုတောင်မှ ဂျွန်မြောင်က ကာပေးခဲ့သည်။

လက်ချောင်းထိပ်က သွေးကြောမျှင်လေးတွေကနေ အရိုးတွေအထိ နာကျင်မှုခံစားနေရတာတောင်မှ ဂျွန်မြောင်က အပြုံးမပျက်။ စီးကျနေသော သွေးတွေကြား ဘာမှမမြင်ရသည့်တိုင်အောင် ဂျွန်မြောင်က ဒါကိုပဲ ထပ်ခါထပ်ခါမေးနေခဲ့သည်။

"ရီရှင်းရ...နာသွားလား...အဆင်ပြေလား"

စကြာဝဠာတွင်းနက် သုံးခုလောက် ဖြတ်ကျော်ရသလို ခံစားချက်နှင့် ဂျွန်မြောင်နိုးလာချိန်တွင်မူ မျက်စိရှေ့တွင် မြစ်ရေတိုက်မည့် မုန့်ဘွားဘွားရော ရေနွေးကြမ်းတိုက်မည့် သေမင်းပါမရှိခဲ့။ အဲ့အစား အဖြူရောင်မျက်နှာကြက်တစ်ခုသာရှိသည်။

ဟုတ်သည်...ဂျွန်မြောင်က တစ်ဖန်ပြန်ရှင်သန်လာခဲ့သည်။ သို့သော်လည်း နေ့ရက်တွေက အစဉ်တကျမဟုတ်တော့။

ကိစ္စတော့မရှိပါ...ဘယ်အချိန်ဖြစ်ဖြစ် ဂျွန်မြောင်က ရီရှင်းကို ချစ်နေမှာသာဖြစ်သည်။

ဒီဇာတ်လမ်းက အချစ်ဇာတ်လမ်းဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုလျှင် ပြန်လည်ရှင်သန်လာသော ကောင်လေးက အတိတ်ဘဝက တစ်ဖက်သတ်ချစ်ရသူကို ဇွဲမလျော့ပဲ ထပ်မံပိုးပန်းနေသည့် ဇာတ်လမ်းလည်းဖြစ်သည်။

ဒီနေ့Dove le storie prendono vita. Scoprilo ora