ဒီမနက် ဂျွန်မြောင် မျက်လုံးပွင့်တော့ အရင်လို စာအုပ်တွေ ရှိမနေတော့..။ ခြေရင်းတွင် ပုံကျနေသော စောင်ကို ပြန်ယူခြုံကာ အိပ်ရာကို ဘယ်နှင့်ညာ အပြန်ပြန်အလှန်လှန်လှိမ့်ရင်း ပျော်နေသည့်စိတ်ကို ထိန်းမရ...။
အိပ်ရာပေါ်မှာ အိပ်ရတာ ပျော်ဖို့ကောင်းလိုက်တာ...။
ထူးထူးခြားခြား စိတ်ကြည်နေသည့် မနက်ခင်းမို့ ရီရှင်းကို selca ပို့ဖို့ တွေးမိသည်။ စောင်ကို မျက်နှာတစ်ဝက်ဖုံးအောင် ဆွဲတင်ရင်း လက်ညှိုးနှင့် လက်မကို ကွေးကာ အသည်းပုံသေးသေးလေး လုပ်ပြီး ရိုက်ပေမဲ့ အဆင်မပြေ..။
ရီရှင်းက မျက်နှာအပြည့် မြင်ချင်မယ်ထင်တယ်..။
ရှုပ်ပွနေသည့် ဆံပင်ကို လက်ဖြင့် သပ်တင်ပြီး ရီရှင်းအကျင့်အတိုင်း လက်နှစ်ချောင်းထောင်ကြည့်သည်။
မှောင်လိုက်တာ..။
နေရောင်ကျနေသည့် အိပ်ရာအစွန်နားထိတိုးရင်း ပါးများမို့တက်နေသည်အထိ ပြုံးကြည့်လိုက်တော့ ဂျွန်မြောင့်ပုံက ချစ်စရာကောင်းစွာ ထွက်လာသည်။
Kakao talkထဲဝင်ကာ ရီရှင်းနှင့် conversationကို ရှာပေမဲ့မတွေ့...။ Friendsထဲတွင်လည်း ရီရှင်းကမရှိသည်မို့ contactတစ်ခုချင်းစီရှာကြည့်ကာမှ လက်ရှိရောက်နေသည်က ၂၀၂၀မဟုတ်တာ သတိရသည်...။
စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချကာ ရောက်နေသည့်နှစ် ကိုကြည့်တော့ ၂၀၁၀..။
တက္ကသိုလ်စတက်ခါစပဲ..။
အဲ့တော့မှ အိပ်ရာက လူးလဲထကာ ရေချိုးဖို့ပြင်ရသည်။ အထက်တန်းပြီးသည်နှင့် မေမေက အပိုအကြို့ကို လက်လွှတ်လိုက်ပြီမို့ ဒီနေ့တော့ ဂျွန်မြောင့် သဘောကျ အင်ချွန်းကို အေးဆေးသွားလို့ရပြီဖြစ်သည်။ လမ်းကြုံသည့် ကိုကိုက ညနေ လာကြိုလေ့ရှိသော်လည်း မေမေ့လောက် မတင်းကြပ်သည်မို့ စိတ်မပူစရာမလို...။
နောက်ဆုံးတော့ ရီရှင်းနဲ့ တွေ့လို့ရခဲ့ပြီပဲ....။
......................
ရီရှင်းCVကို အလွတ်ရလုမတတ် ဖတ်ထားသည့် ကျေးဇူးက အခုမှပင် အသုံးဝင်တော့သည်။ ဟိုတစ်ခါကလို အင်ချွန်းတစ်လျှောက် ပတ်သွားစရာမလိုတော့ပဲ အင်ချွန်းအမျိုးသားတက္ကသိုလ်ကို တန်းသွားရုံသာ..။
YOU ARE READING
ဒီနေ့
Fanfictionစကြာဝဠာတွင်းနက် သုံးခုလောက် ဖြတ်ကျော်ရသလို ခံစားချက်နှင့် ဂျွန်မြောင်နိုးလာချိန်တွင်မူ မျက်စိရှေ့တွင် မြစ်ရေတိုက်မည့် မုန့်ဘွားဘွားရော ရေနွေးကြမ်းတိုက်မည့် သေမင်းပါမရှိခဲ့။ အဲ့အစား အဖြူရောင်မျက်နှာကြက်တစ်ခုသာရှိသည်။ ဟုတ်သည်...ဂျွန်မြောင်က တစ်ဖန်ပြ...