2005

51 9 1
                                    

"ငါးပေါင်မုန့်စားမလား..?"

ဟင့်အင်း..ဒါကြီးက အဆင်မပြေသေးပါဘူး

"မောနေပြီလား..?"

အာ..ချွေးတွေပါရွှဲနေတဲ့လူကို ဒီလိုကြီးမေးလို့ အဆင်မပြေဘူးထင်တယ်

"ကျန်းရီရှင်း နေကောင်းလား..?"

ဒါကျ အရမ်းကြီး တိုက်ရိုက်ဆန်လွန်းသွားပြီ

"ရေသောက်မလား..ကျွန်တော်သွားဝယ်ပေးရမလား..?"

အခုဘယ်ရောက်နေမှန်းတောင်မသိတာ..တကယ်သွားဝယ်ပေးနေရဦးမယ်...နောက်တစ်ခု စဉ်းစား ဂင်ဂျွန်မြောင်ရေ...။

"အင်ဂျွန်းဆီက ကယ်ပေးတာ ကျေးဇူးတင်ပါတယ်။ အစ်ကိုသာမရှိရင် ကျွန်တော် တကယ် ဘာလုပ်ရမလဲ သိမှာမဟုတ်ဘူး"

ရယ်ဟွန်းဆီက စကားသံ ထွက်မလာခင်အထိ ဂျွန်​မြောင် အတွေးထဲ တကယ် နစ်မွန်းနေခဲ့တာ။

"မလိုပါဘူး..မင်းက ရီရှင်းရဲ့ညီ မဟုတ်လား။ အချင်းချင်းတွေပဲ အစ်ကိုက ကယ်ပေးရမှာပေါ့"

"ရီရှင်းဆိုတာ ကျန်းရီရှင်းကိုပြောတာလား..?

"အင်းလေ..မင်းရဲ့ အစ်ကိုမလား..?
ဒါမှမဟုတ် ညီ..? မင်းတို့က ဘယ်လို တော် တာလဲ။ အစ်ကိုကတော့ ရီရှင်းမှာ ညီရှိတယ်မကြားမိပါဘူး။"

ဂျွန်​မြောင့်လိုပင် ရယ်ဟွန်းကလည်း စိတ်ရှုပ်သွားပုံပင်။ အတန်ကြာစဥ်းစားပြီးမှ စကားသံသေးသေးလေးထွက်လာသည်။

"ကျွန်တော်လည်း ကျန်းရီရှင်းမှာ ညီရှိတယ်မကြားဖူးဘူး"

"ဒါဆို မင်းက ဘယ်သူလဲ? ဘာလို့ ရီရှင်းနဲ့ ဒီလောက်ဆင်နေတာလဲ "

"ကျွန်တော်က ရီရှင်းပဲလေ"

ရယ်ဟွန်းရဲ့ စကားအဆုံးမှာ ဂျွန်မြောင့် မျက်လုံးများ ပြူးကျယ်သွားသယောင်။

"အာ..ရယ်ဟွန်းက ကျွန်တော့် ကိုရီးယားနာမည်။အလယ်တန်းတက်တော့ ​တရုတ်နာမည်လက်မခံဘူးဆိုတာနဲ့ ဂျန်ရယ်ဟွန်းလို့ ပြောင်းလိုက်ရတာ။အစ်ကိုက ကျွန်တော့်ကို ဘယ်လိုသိတာလဲ..? မဟုတ်မှလွဲရော ဆူဟိုက လွှတ်လိုက်တာလား..? "

ဒီနေ့Dove le storie prendono vita. Scoprilo ora