ရီရှင်းတို့ တိုက်ခန်းနား ရောက်တော့ ဆယ်နာရီပင် ထိုးလုပြီဖြစ်သည်။ ဒီထက် စောစောသွားကာ အလွမ်းသယ်ချင်ပါသော်လည်း စိတ်ဆိုးမှာ စိုးသဖြင့် ဂျွန်မြောင့်မှာ ဖင်လှည့်ခေါင်းလှည့်နှင့် အချိန်ဖြုန်းရသေးသည်။
ဖုန်းဆက်ကာ ရောက်ပြီဖြစ်ကြောင်း ပြောမယ်ရှိသေးသည်..တိုက်အောက်မှာ ရီရှင်းက အသင့်..။
"ကျန်းရီရှင်း...ငါမင်းကို လွမ်းနေတာ သိလား"
ကားပေါ်က ချက်ချင်းဆင်းပြေးကာ ဖက်ဟန်ပြုတော့ ရီရှင်းက တိုက်မျက်နှာစာအောက်သို့ ဖြည်းဖြည်းချင်းဆုတ်ကာ မကြားဟန်ဆောင်သည်။
ကိုယ်ရှိန်သတ်ရင်း လက်ကို ပြေးဆွဲတော့မှ ရီရှင်းက ကားပေါ်ကို အသာတကြည်လိုက်လာတော့သည်။
"ရီရှင်းနာ...သတိရတယ်"
"အမူးမပြေသေးဘူးလား..?"
"ဟင့်အင်း"
"ညကရော သောက်ထားသေးလား..?"
"မမှတ်မိဘူး"
သွားဖြဲကာ မျက်နှာချိုသွေးတော့ ရီရှင်းက ဟိုဘက်လှည့်သွားသည်။
"အခု သွားတွေ့မှာ ဘယ်သူလဲ..?"
"ငါ့အထက်တန်းတုန်းက ရည်းစားဟောင်း..မင်အွန်းဟယ် လို့ခေါ်တယ်"
"စီနီယာတို့ကြားကို ကျွန်တော် ဝင်ရှုပ်သလို ဖြစ်နေမယ်ထင်တယ်...မလိုက်တော့တာ ပိုကောင်းမယ် မထင်ဘူးလား..?"
"မထင်ပါဘူး...မင်းမှ ငါ့ကို အဖြေမပေးရသေးတာ.."
ရီရှင်းက သက်ပြင်းချသည်။
"နောက်လအတွက် project sampleကို ဘယ်ဒီဇိုင်းလုပ်မယ် စဥ်းစားထားလဲ..?"
"မသိဘူးလေ...ညကျ သွားသောက်ရအောင် ငါတိုက်ပါ့မယ်"
"မအားဘူး"
"အင်း..အဲ့တာဆိုလည်း နောက်မှပေါ့"
ရီရှင်းက အဲ့လိုပင်ဖြစ်သည်..ဂျွန်မြောင့်ဘက်က ဆယ်ခါခေါ်မှ တစ်ခါလောက်သာ လိုလိုလားလားလိုက်သည်..အဲ့တစ်ခါကလည်း ငြင်းစရာ အကြောင်းပြချက် ကုန်သွားသည်မို့ အားနာပါးနာ ခေါင်းငြိမ့်လိုက်ရခြင်းသာ..
YOU ARE READING
ဒီနေ့
Fanfictionစကြာဝဠာတွင်းနက် သုံးခုလောက် ဖြတ်ကျော်ရသလို ခံစားချက်နှင့် ဂျွန်မြောင်နိုးလာချိန်တွင်မူ မျက်စိရှေ့တွင် မြစ်ရေတိုက်မည့် မုန့်ဘွားဘွားရော ရေနွေးကြမ်းတိုက်မည့် သေမင်းပါမရှိခဲ့။ အဲ့အစား အဖြူရောင်မျက်နှာကြက်တစ်ခုသာရှိသည်။ ဟုတ်သည်...ဂျွန်မြောင်က တစ်ဖန်ပြ...