နည်းပြဝူက ဘောလုံးကိုမြှောက်ကာ ဝီစိစမှုတ်လိုက်သည်နှင့် ဘောလုံးက ဂျွန်မြောင့်လက်ထဲရောက်လာသည်။
ဘောလုံးကို ဘယ်ညာပုတ်ရင်း ဂိုးတိုင်ထဲထည့်ရန် ကြံပေမဲ့ အစ်ကို ဒုန်ဟဲက ကာထားသည်မို့မရ။ ဘယ်ဘက်ကို အယောင်ပြကာ ညာဘက်ကနေ ခုန်သွင်းလိုက်ပေမဲ့ ဘောလုံးက ဂိုးတိုင်ကိုထိကာ ပြန်ကန်ထွက်လာသည်။
တိုက်စစ်ကနေ ခံစစ်ကို ပြောင်းသွားသည်မို့ အစ်ကိုဒုန်ဟဲရှေ့ပိတ်ရပ်ကာ ဘောလုံးကို ကာပေမဲ့ ချက်ချင်းပစ်သွင်းလိုက်သည်မို့ မမှီ။
"၂မှတ်"
ဘောလုံးကို ချက်ချင်းကောက်ယူကာ ဂိုးတိုင်နားအထိ ပြေးရင်း သွင်းလိုက်မှ "၁မှတ်"ဟူသော အသံ ကြားရသည်။
ကြမ်းပြင်ပေါ်သို့ ကျလာသော ဘောလုံးကို အစ်ကိုဒုန်ဟဲက ကောက်ယူပြီး ချက်ချင်းသွင်းပြန်သည်။
"သုံးမှတ်"
"အဲ့လိုကြီးပဲ မသွင်းနဲ့လေဗျာ..ကျွန်တော် ကာနေတာကို အဖက်လုပ်ပါဦး"
"မင်းကာနေလို့ အဲ့လိုသွင်းတာလေ"
မှန်နေသည်မို့ ဂျွန်မြောင့်မှာ အထွန့်ဆက်မတက်ရဲတော့ပဲ ဘောလုံးကိုသာ ပုတ်ရင်း သွင်းရန်ကြံရတော့သည်။
နှစ်နဲ့ချီပြီး လေ့ကျင့်ခဲ့သည့်တိုင်အောင် ဂျွန်မြောင်က ဘောလုံးသွင်းရာတွင် ညံ့လှသည်။ သာမန်အချိန်တွင် ကောင်းကောင်းပစ်နိုင်သော်လည်း အခုလို ပွဲများတွင်မူ တစ်ဖက်အသင်းကို ရှောင်ကာ သွင်းရသည်မို့ ဂိုးတိုင်နှင့်ထိကာ ပြန်ကန်ထွက်စမြဲ။
အခုလည်း ဘောလုံးကို အသာမြှောက်ကာ ဂိုးတိုင်ထဲသို့ ချိန်ပစ်လိုက်ပေမဲ့ မဝင်ပြန်..။
"ဘောလုံးတောင် ကောင်းကောင်းမသွင်းတတ်ရင် ဘာလို့ ဒါကို ကစားနေဦးမှာလဲ"
"အချိန်ဖြုန်းနေတာ မရှက်ဘူးလား"
အတိတ်မှ အဖြစ်အပျက်များက မှတ်ဥာဏ်ထဲမှ စုပြုံထိုးထွက်လာသည်..။
မှောင်မဲနေသည့် အားကစားခန်းမ..၊ ရေသန့်ဘူးနှင့် အအေးဘူးခွံများ ၊ ဂျွန်မြောင့်နာမည်ခေါ်သံနှင့် ရောင်စုံစက္ကူစများ..။
YOU ARE READING
ဒီနေ့
Fanfictionစကြာဝဠာတွင်းနက် သုံးခုလောက် ဖြတ်ကျော်ရသလို ခံစားချက်နှင့် ဂျွန်မြောင်နိုးလာချိန်တွင်မူ မျက်စိရှေ့တွင် မြစ်ရေတိုက်မည့် မုန့်ဘွားဘွားရော ရေနွေးကြမ်းတိုက်မည့် သေမင်းပါမရှိခဲ့။ အဲ့အစား အဖြူရောင်မျက်နှာကြက်တစ်ခုသာရှိသည်။ ဟုတ်သည်...ဂျွန်မြောင်က တစ်ဖန်ပြ...