ဒီနေ့လည်း စာအုပ်ပုံကြား ဂျွန်မြောင်နိုးလာခဲ့ပြန်သည်။ မနေ့က ညနက်သည်အထိ အချိန်ပို အတန်းများကြား ပိတ်မိနေခဲ့သည့်အပြင် နိုးလာပြန်တော့လည်း စာအုပ်များကိုသာ မြင်
ရသဖြင့် စိတ်ကမကြည်တော့..။စာကြည့်စားပွဲပေါ်က ထရင်း အိပ်ရာပေါ် ပစ်လှဲကာ ပြန်အိပ်ဖို့ ကြိုးစားတုန်း မနက်စာစားဖို့ တံခါးခေါက်သံ ကြားရသည်။
မိုးတောင်လင်းပြီပဲ...။
အဖြူရောင် မျက်နှာကျက်ကို ငေးရင်း အသက်ဆက်ရှင်နေရသေးသည့် အကြောင်းအရင်းကို စဥ်းစားကြည့်ပေမဲ့ အဖြေရှာမရ...။
ကောင်းကင်ဘုံ နှင့် ငရဲက လက်မခံနိုင်လောက်စရာ အပြစ်များကို ဂျွန်မြောင် မကျူးလွန်ခဲ့သလို လက်ရှိအခြေအနေအရလည်း အတိတ်ကို ပြင်မရသည့်အတွက် ဘာမှမထူး..။
လုပ်စရာတစ်ခုခုများ ကျန်နေသေးလို့လား..?
ဒါပေမဲ့ ကိုကို့projectကို ပြီးအောင်လုပ်ခဲ့တာပဲကို။
မတော်တဆမှုမဖြစ်ခင် ကာလကို ပြန်တွေးကြည့်တော့လည်း ဂျွန်မြောင်အပြီးမသတ်ပဲ ချန်ထားခဲ့သည့် ကိစ္စများ ဟူ၍မရှိ။
မဟုတ်မှလွဲရော......။
အကယ်၍ မပြီးပြတ်သေးသော ဂျွန်မြောင် စိတ်စွဲနေသော ကိစ္စတစ်ခုခု ရှိခဲ့မည်ဆိုပါက ကျန်းရီရှင်းသာလျှင်ဖြစ်မည်..။
ရီရှင်းဆီက ချစ်တယ် လို့ ကြားရမှ နောက်ဘဝ ကူးနိုင်မယ်ထင်တယ်။
Message boxထဲဝင်ကာ မနေ့က ပို့ခဲ့သည့် စာများကို ရှာပေမဲ့ မရှိ..။
တကယ်ကို ဘာမှ မပြောင်းတာပဲ..။
အလွတ်ရနေသည့် ဖုန်းနံပါတ်ကို ခေါ်ကြည့်တော့လည်း ဖုန်းမကိုင်။
ကျောင်းသွားနေတာများလား..?
နာရီကိုကြည့်တော့ ၇နာရီထိုးခါနီးပြီဖြစ်၍ ဂျွန်မြောင့်မှာ အသည်းအသန်ထကာ ရေချိုးရသည်။
ရေချိုးရင်းကပင် ဦးလေးဂျောင် လာမကြိုစေမည့် နည်းလမ်းများကို တွေးရသေးသည်။ဂျွန်မြောင့်အချိန်စာရင်းသည် ကျောင်းပိတ်ရက်တစ်ချို့မှလွဲ၍ စာသင်ချိန်များနှင့်သာ ပြည့်နေသည်မို့ ဦးလေးဂျောင် မဟုတ်ရင် မေမေ လာကြိုသည်သာ..။
YOU ARE READING
ဒီနေ့
Fanfictionစကြာဝဠာတွင်းနက် သုံးခုလောက် ဖြတ်ကျော်ရသလို ခံစားချက်နှင့် ဂျွန်မြောင်နိုးလာချိန်တွင်မူ မျက်စိရှေ့တွင် မြစ်ရေတိုက်မည့် မုန့်ဘွားဘွားရော ရေနွေးကြမ်းတိုက်မည့် သေမင်းပါမရှိခဲ့။ အဲ့အစား အဖြူရောင်မျက်နှာကြက်တစ်ခုသာရှိသည်။ ဟုတ်သည်...ဂျွန်မြောင်က တစ်ဖန်ပြ...