"ဂျွန်လေး..သားကြီးလာရင် ဘာဖြစ်ချင်လဲ"
Whiteboardရှေ့မှာ ရပ်နေသည့် ဆရာမက စာအုပ်ကို ကြည့်ရင်း ဂျွန်မြောင့်ကို မေးသည်..။
ငါဘာဖြစ်ချင်တာလဲ...ငါဘာဖြစ်ချင်တာလဲ..
"သားဖြစ်ချင်တာ ဘာမဆို ဖြစ်လို့ရလား..?"
တစ်ခန်းလုံး၏ အကြည့်များက ဂျွန်မြောင့်ဆီရောက်လာသည်..။
"ရတာပေါ့ ဂျွန်လေးရဲ့..ဘာမဆို ရတယ်"
ရုတ်တရပ် ပစ္စည်းများက ဂျွန်မြောင့်ရှေ့ ပြုတ်ကျလာသည်။
ခဲတံများ..စာအုပ်များ...ချိန်ခွင်..ဆေးထိုးအပ်..ကီးဘုတ်...ပန်းပင်များနှင့် အခြားသော ပစ္စည်းများ...။
"ဘာရွေးရမလဲမသိရင် အဲ့ထဲက ကြိုက်တာရွေးလေ"
ခြေထောက်အောက်မှ တစ်ခုချင်းဆီကို ထိကြည့်သော်လည်း ဂျွန်မြောင်သဘောကျတာ တစ်ခုမှမတွေ့..။
"ရှိသေးလားဟင်..?"
"အဲ့ထဲက အကုန်လုံးကို ကြည့်ကြည့်ပါဦး ဂျွန်လေးရဲ့...သားသဘောကျတာ တွေ့ချင်တွေ့မှာပေါ့"
ထိုင်ချကာ တစ်ခုချင်းရွေးရန် ကြံနေစဥ် ကိုကို သုံးနေကျ ဘောပင်က ဂျွန်မြောင့် ဖိနပ်နား လှိမ့်လာသည်။
ဘာကိုမှ သဘောမကျတဲ့အတူတူ ကိုကိုနဲ့ ဆင်တူဆို ပိုကောင်းမှာပဲ..။
ဘောပင်ကို ကောက်ယူကာ ဆရာမကို မော့ကြည့်စဥ် whiteboardဘေးက ဗီဒိုပေါ်တွင် ဘတ်စကတ်ဘောလုံး တစ်လုံးတွေ့လိုက်ရသည်..။
လိမ္မော်ရောင်တောက်နေသော ဘောလုံး..။
ခုနက ဘာလို့ မမြင်မိတာပါလိမ့်...။
"အဲ့ဘောလုံးဆိုရင်ရော..?"
ဘောပင်ကို လွှတ်ချကာ ဂျွန်မြောင်မေးလိုက်တော့ ဆရာမက ဘောလုံးကို သွားယူသည်..။
"ဒါလိုချင်တာ သေချာလား..?"
ခပ်သွက်သွက် ခေါင်းငြိမ့်ပြတော့ ဆရာမက ဘောလုံးကို ပစ်ပေးသည်။
အရှိန်နဲ့ ပြေးလာသည့် ဘောလုံးက ဂျွန်မြောင့်မျက်နှာရှေ့ မရောက်ခင် ပြုတ်ကျသွားသည်..။
ESTÁS LEYENDO
ဒီနေ့
Fanficစကြာဝဠာတွင်းနက် သုံးခုလောက် ဖြတ်ကျော်ရသလို ခံစားချက်နှင့် ဂျွန်မြောင်နိုးလာချိန်တွင်မူ မျက်စိရှေ့တွင် မြစ်ရေတိုက်မည့် မုန့်ဘွားဘွားရော ရေနွေးကြမ်းတိုက်မည့် သေမင်းပါမရှိခဲ့။ အဲ့အစား အဖြူရောင်မျက်နှာကြက်တစ်ခုသာရှိသည်။ ဟုတ်သည်...ဂျွန်မြောင်က တစ်ဖန်ပြ...