"ကြားရဲ့လား ဂျွန်မြောင်"
"...."
"ဟွာယောင်းနေမကောင်းလို့ ဆေးရုံတင်ထားရတယ်"
"...."
"ဂျွန်မြောင်..?"
"...."
"ဟေး..ဂင်ဂျွန်မြောင် ငါပြောတာကြားတယ်မလား..?"
သုံးလေးခါလောက် ဂျွန်မြောင့်နာမည် ဆက်တိုက်ခေါ်ကာမှ ဂျွန်မြောင်မျက်လုံးပွင့်လာတော့သည်။
"ဟင်..?"
"ကြားလား ဂျွန်မြောင်...ဟွာယောင်း ဆေးရုံရောက်နေတယ်"
"ဟွာယောင်းက ဘယ်သူလဲ..?"
"ဟွာယောင်းလေကွာ..မင်ဟွာယောင်း..ညက အဖျားတက်ပြီး သတိလစ်သွားလို့ ဆေးရုံတင်လိုက်ရတယ်"
"....."
"ဖုန်းကိုင်ပြီး ပြန်အိပ်ပျော်နေတာတော့ မဟုတ်ဘူးမလား..ဟေ့ကောင်..မြန်မြန်မျက်နှာသွားသစ်ကွာ"
"......"
"......"
"မင်းကရော ဘယ်သူလဲ..?"
ဂျွန်မြောင့်ပေါက်ကရမေးခွန်းများကို ဆက်ခံစားနိုင်ပုံမရသော တစ်ဖက်လူက ဒေါသတကြီးဆဲဆိုပြီး ဖုန်းချသွားသည်။
မျက်လုံးဖွင့်ထားတာတောင်မှ ဘာမှမမြင်ရလောက်အောင် အိပ်ချင်နေသော ဂျွန်မြောင်ကတော့ ဖုန်းကိုပင် မချနိုင်တော့ပဲ ကိုင်ရက်သားအိပ်ပျော်သွားသည်မှာ နောက်တစ်ခေါက် ဖုန်းထပ်မြည်သည်အထိပင်။
"ဂျွန်လေးရေ..ဟွာယောင်းဆေးရုံရောက်နေတာ ကြားပြီးပြီလား..?"
ဒီတစ်ခေါက်ဖုန်းလာတော့ အသိစိတ်ပြန်ကပ်ပြီမို့ အရင်လို အဆဲမခံရတော့..တစ်ဖက်ကပြောသည်များကို နားထောင်ရင်း အရင်က ကိစ္စကို မနည်းပြန်စဥ်းစားရသည်။
ဂျွန်မြောင်တို့ အဖွဲ့ က ပုံသေသတ်မှတ်ပြီးသားမို့ ဟွာယောင်းကို ဆေးရုံတင်လိုက်ရသည့်အခါ အတော်ပင် ဒုက္ခရောက်သွားသည်။ ဂျွန်မြောင်က researchပိုင်းကိုသာ တာဝန်ယူထားသည့်အပြင် စကားပြောကောင်းသူမဟုတ်သောကြောင့် ဟွာယောင်းနေရာကို ဝင်ယူရန်မဖြစ်နိုင်။
YOU ARE READING
ဒီနေ့
Fanfictionစကြာဝဠာတွင်းနက် သုံးခုလောက် ဖြတ်ကျော်ရသလို ခံစားချက်နှင့် ဂျွန်မြောင်နိုးလာချိန်တွင်မူ မျက်စိရှေ့တွင် မြစ်ရေတိုက်မည့် မုန့်ဘွားဘွားရော ရေနွေးကြမ်းတိုက်မည့် သေမင်းပါမရှိခဲ့။ အဲ့အစား အဖြူရောင်မျက်နှာကြက်တစ်ခုသာရှိသည်။ ဟုတ်သည်...ဂျွန်မြောင်က တစ်ဖန်ပြ...