2007

58 13 0
                                    

တစ်နေကုန် အတန်းတွေ တက်အပြီးမှာတော့ ဂျွန်မြောင် ပင်ပန်းနေပြီဖြစ်သည်။ အရင်ကတည်းက စာလိုက်မလုပ်သူမို့ သင်ခန်းစာများက ဂျွန်မြောင့်အတွက် ခက်ခဲခြင်းမရှိ။

အိမ်အပြန်လမ်းမှာ ရီရှင်းကို သတိရလာသည်။ အရင်ကလို ကုမ္ပဏီတစ်ခုတည်းမဟုတ်သည့်အပြင် ဂျွန်မြောင်က အထက်တန်းကျောင်းသားလေးပင် ပြန်ဖြစ်သွားသောကြောင့် အကြောင်းအမျိုးမျိုးပြကာ သွားတွေ့လို့ မရတော့လောက်။

ရီရှင်းက ကလေးချစ်တတ်သည်ဟု ပြောတာကြားဖူးသည်။ အထက်တန်းကျောင်းသား ဂျွန်မြောင့်ကိုဆို ရီရှင်းက ပြန်ချစ်နိုင်လောက်သည်။

"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ တပ်ဆင်ထားခြင်းမရှိပါ"

ဆက်တိုက်ခေါ်နေသော်လည်း ရီရှင်းက ဖုန်းမကိုင်။
ဘယ်တော့မဆို ဂျွန်မြောင့်ကို မျက်နှာသာမပေးသော ရီရှင်းက ဖုန်းဆက်တိုင်းတော့ ပြန်ဖြေလေ့ရှိသည်။

နားအေးရင်ပြီးရောဆိုကာ ကိုင်ရုံပဲ ကိုင်ထားပေမဲ့ပေါ့...။

တကယ်တော့ ရီရှင်းစကားပြန်ပြောတာမပြောတာက ဂျွန်မြောင်နဲ့မှမဆိုင်တာ။

အဓိကက ဂျွန်မြောင်ပြောတာ နားထောင်ဖို့ပဲ မလား...?

နဂိုထဲက မရှိသော ဂျွန်မြောင့်အရှက်များသည် ကျန်းရီရှင်းကို စချစ်မိထဲက အငွေ့ပြန်သွားသည်မှာ ရေငွေ့များနှယ်။

ဒါကိုပင် ဂျွန်မြောင်က ဂုဏ်ယူစွာ ပြောလေ့ရှိသည်။

"အရှက်မရှိဟု အဘယ်ကြောင့် ဆိုရပါသနည်း။ လူ့လောကတွင် လူသားဆန်သော နှလုံးသားရှိမှုနှင့် တော်တည့်ဖြောင့်မတ်မှုရှိလျှင် လုံလောက်ပြီမဟုတ်လော" *

အကြိမ်အနည်းငယ် ဖုန်းဆက်ပြီးကာမှ ဂျွန်မြောင်တွေးမိသည်။

နေပါဦး...ရီရှင်းကပါ အထက်တန်း ကျောင်းသားလေး ပြန်ဖြစ်သွားမှာ မဟုတ်ဘူးလား...?

အထက်တန်း ကျောင်းသားလေး ကျန်းရီရှင်း..။

တွေးကြည့်ရုံနှင့်ပင် ချစ်စရာကောင်းလှသည်။

အသက်သုံးဆယ်ကျော်နေတာတောင်မှ ရုပ်မပျက်သေးသော ရီရှင်းသည် အမှန်ပင် ဂျွန်မြောင့်နီးပါးချောသည်။ ၃၀ကျော်တောင် ဤမျှ ချောနေသေးပါက အထက်တန်းကျောင်းသား ရီရှင်းအူကြူးကြူးလေးဆိုလျှင်...။

သေချာတယ်...တကယ့်ကို နတ်သားလေးလို ချောနေမှာ....။

လခြမ်းကွေး မျက်လုံးလေးတွေ
အိစက်နေမဲ့ ပါးဖောင်းဖောင်းလေး
ပြီးတော့ ဆွဲဖွချင်စရာ ဆံပင်ကောက်ကောက်လေး..။

စိတ်ကူးယဉ်နေရုံနဲ့တင် မကျေနပ်နိုင်တော့သောဂျွန်မြောင်က ရီရှင်းကို သွားချောင်းရန်ကြံတော့သည်။

အင်ချွန်းကို သွားရမည်။ အလုပ်ဝင်စာတွင် ရီရှင်းက ဒယ်အင်အထက်တန်းကျောင်းထွက်ဟု ရေးထားသည်မို့။ ပြီးလျှင် ဖုန်းနံပါတ်တောင်းပြီး သဘောကျကြောင်း ပြောရမည်။ မပြောခင် ရီရှင်းသဘောကျသော ငါးပေါင်မုန့် အနည်းငယ်ဝယ်သွားရမည်။

လေထဲတိုက်အိမ်ဆောက်နေသော ဂျွန်မြောင်လေးဘူတာရုံသို့မရောက်ခင်မှာပင် ဂင်မေမေထံမှဖုန်းဝင်လာသည်။

"ဂျွန်လေးရေ ပြန်မလာသေးဘူးလား...? ၅နာရီမှာ ဆရာ ယွန်းဆော့အတန်းရှိတယ်နော်။"

သေချာသည်...ဒီနေ့လည်း ရီရှင်းကိုတွေ့ရတော့မည်မဟုတ်။

*တရုတ်ပညာရှိ မုန့်ခယ်၏ အမေးအဖြေမှ အကျိုးအမြတ်နေရာတွင် အရှက်ဟု အစားထိုးသုံးထားခြင်းဖြစ်သည်။

ဒီနေ့Where stories live. Discover now