2007

94 14 0
                                    

မနက်ခင်းနေရောင်က ကြက်ဥအနှစ်တွေလို ဂျွန်မြောင့်မျက်နှာပေါ် ဖြာကျလာသည်။ နှိုးစက်သံ မြည်နေသည့်တိုင်အောင် ဂျွန်မြောင်မနိုးသေး။

အိမ်အကူအဒေါ်က မနက်စာစားရန် လာခေါ်မှသာ ဂျွန်မြောင့်မျက်လုံးများ ပွင့်လာတော့သည်။

အကျင့်ပါနေစွာ ဂျွန်မြောင်က ငါးမိနစ်လောက် ဟုအော်ရင်း ဆက်အိပ်ရန်ကြံသည်။ စောင်အဖြူကို ခေါင်းထိဆွဲတင်ရင်း မျက်လုံးများကို အတင်းဖိပိတ်ကာ မကြားဟန်ဆောင်နေရင်းမှ ဂျွန်မြောင်သတိရသည်။

အန်တီမင် က ဆော့ချွန်းက သမီးဆီပြောင်းသွားတာကြာပြီမဟုတ်လား...?။

အိပ်ရာဘေးထားနေကျ ဖုန်းဆီ လက်လှမ်းပေမဲ့ ဖုန်းအစား အရင်နေ့က စားလက်စ ကြက်အူချောင်းကိုသာ စမ်းမိသည်။

တစ်ဝက်ကျန်နေသော ကြက်ဥချောင်းကို ဆက်စားနေရင်းမှ ဂျွန်မြောင်က သေသွားခဲ့ပြီဖြစ်ကြောင်း အမှတ်ရတော့သည်။

လွန်ခဲ့တဲ့ သုံးရက်က ရီရှင်းကို ကာကွယ်ရင်း ဂျွန်မြောင်သေသွားခဲ့သည်။

သေသွားကြောင်း ကျင့်သားမရသေးသော ဂျွန်မြောင်က ကမန်းကတန်းထပြီး ပြက္ခဒိန်ကို ကြည့်ရသည်။

ပြောင်ချောနေသော ပြက္ခဒိန်ကြောင့် ဒီနေ့ ဘာနေ့မှန်းမသိရ။ ခုနှစ်ကိုကြည့်မိမှ ဂျွန်မြောင်ထအော်မိမတတ်ဖြစ်သွားသည်။

၂၀၀၇ခုနှစ်

Aish... ၂၀၀၇ခုနှစ်လား

စားပွဲ​​​​​ေပါ်ရှိ ဆဲလ်ဖုန်းကို ဂျွန်မြောင် ဖွင့်ကြည့်တော့ ပြနေသည်က ၂၀၀၇ခုနှစ် မတ်လ ၁၅ရက်...။

ကမ္ဘာကြီးက တကယ်ပဲ ဘာဖြစ်နေပြီလဲ!!

လွန်ခဲ့တဲ့ သုံးရက်က ဂျွန်မြောင်တကယ် သေသွားသည်။
ပြီးတော့ ၂၀၁၂ ခုနှစ်ကို ရောက်သွားသည်။ အိမ်မက်မက်နေသည်ဟု ယူဆကာ ဂျွန်မြောင်က ရီရှင်းကို ပြောပြဖို့ပင်တွေးရင်း ပျော်ပျော်ကြီး အိပ်ရာဝင်ခဲ့သည်။

နောက်တစ်နေ့ နိုးလာချိန်မှာတော့ ဂျွန်မြောင်က ၂၀၁၉ခုနှစ်ပြန် ရောက်နေခဲ့မှန်း သိလိုက်ရသည်။ဒါပေမဲ့ ဂျွန်မြောင်နိုးချိန်က ညနေစောင်းနေပြီ။ ပိတ်ရက်မို့ ဂျွန်မြောင်က ဂရုမစိုက်ပဲ ပြန်အိပ်သည်။ သူနှစ်ရက်လုံး အိပ်မက် မက်နေသည်ဟုသာ ထင်ခဲ့သည်မို့...။

နောက်ထပ်နိုးလာပြီး ၂၀၀၇ခုနှစ်ရောက်နေချိန်မွာတော့ ဂျွန်မြောင်က ဒီအဖြစ်အပျက်ကို လက်ခံပြီး ဆုံးဖြတ်ချက်ချလိုက်တော့သည်။

"ငါသေသွားတယ်။ ပြီးတော့ အချိန်တွေ နောက်ပြန်ဆုတ်သွားတယ်။ အဲ့တာမို့ ရီရှင်းကို ပိုချစ်ပေးရမယ်"

ဒီနေ့Where stories live. Discover now