2020

33 4 1
                                    

တံခါးဖွင့်သံနှင့်အတူ ပစ္စည်းရွှေ့သံများကြောင့် ဂျွန်မြောင်လန့်နိုးလာသည်။ အိမ်မက်လား လက်တွေ့လား မသဲကွဲသောကြောင့် ပြန်အိပ်ရန် ပြင်တုန်းမှာပဲ စွပ်ပြုတ်နံ့က နှာခေါင်းထဲဝင်လာသည်။

အိပ်ချင်နေသေးတာမို့ နောက်မှ ထစားဖို့လုပ်ပေမဲ့ အသံမြည်သည်အထိ ဗိုက်ကဆာနေသောကြောင့် စားပြီးမှ ပြန်အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။

မှောင်လိုက်တာ..။

မိုးလင်းနေလောက်ပေမဲ့ ဂျွန်မြောင့်အခန်းတစ်ခုလုံးက မှောင်မည်းနေသည်။ လိုက်ကာမဖွင့်ထားသည့် အပြင် ပြတင်းပေါက်ပါ ပိတ်ထားသောကြောင့် လှောင်ပိတ်နေပြီး အသက်ရှူပင် ကြပ်လာသလိုလို။

ဘယ်နှစ်ခုနှစ် ပြန်ရောက်နေလဲ သိချင်၍ ဖုန်းကို ရှာပေမဲ့ မှောင်နေ၍ ရှာမရသောကြောင့် မီးဖွင့်လိုက်မှ အခန်းကို သေချာမြင်ရတော့သည်။

ရှုပ်ပွနေတဲ့ စာအုပ်တွေ ၊ ဖန်ကွဲစများနဲ့ ပုလင်းခွံများ ၊ ပြန့်ကျဲနေတဲ့ အမှိုက်များ..။

ဖုန်းပင်မလို တစ်ချက်ကြည့်ရုံနှင့်တင် ဘယ်အချိန် ပြန်ရောက်နေမှန်း ဂျွန်မြောင်ပြောနိုင်သည်။

မနက်စာကို အခန်းထဲ လာပို့ရသည့် အကြောင်းအရင်းကို ခုမှပင် ဂျွန်မြောင်နားလည်တော့သည်။

ဂျွန်မြောင်အလုပ်ရှုပ်နေ၍..နေမကောင်း၍ လာပို့ခြင်းမဟုတ်..။

အခန်းထဲက မထွက်သောကြောင့် လာပို့ခြင်းသာ..။

ကိစ္စတော်တော်များများဖြစ်အပြီးတွင် လနှင့်ချီကာ ဂျွန်မြောင်စိတ်ဓာတ်ကျဖူးခဲ့သည်။ အခန်းပြင် ထွက်ဖို့မဆိုထားနှင့်... အိပ်ရာပေါ်ကပင် မထနိုင်။

ထားပါ...ဒါတွေက ရီရှင်းနဲ့ မတွေ့ခင်ဖြစ်ခဲ့တာပဲ..အခု ရီရှင်းရှိနေပြီပဲဟာ..။

စွပ်ပြုတ်ကို မအေးခင် အမြန်သောက်ရင်း ရီရှင်းနဲ့ သွားတွေ့ဖို့ နည်းလမ်းများကို စဥ်းစားရသည်။

ခုချိန်တော့ ရီရှင်းက companyမှာ ရှိဦးမှာမဟုတ်.. ကိုကိုကတော့ ရီရှင်းက တွဲဖက် companyကနေ ကိုကိုတို့ဆီ ပြောင်းလာသည်ဟုပြောဖူးသည်... ထိုcompanyအောက်ကို ဒီအတိုင်းသွားစောင့်ပါက ရီရှင်းက လှည့်ပင်ကြည့်မည်မထင်.. ကိုကို့ဆီက စာချုပ်နည်းနည်းလောက် ဟန်ပြတောင်းကာ သွားစောင့်ရင် မိတ်ဖွဲ့ထားရမည်...ကိုကိုက ဂျွန်မြောင့်ကို ဖြစ်ဖြစ်မြောက်မြောက်ရှိစေချင်သူမို့ ဂျွန်​မြောင်တောင်းပါက ဝမ်းသာအားရ ပေးမှာသေချာသလောက်ပင်..။

ဒီနေ့Where stories live. Discover now