part 1 (Z&U)

13K 361 1
                                    

မနက်မှ တင်ပေးမလို့ပဲ အိပ်မရလို့ လာup တာ

အချစ်များဖြင့်သာ (or) ချစ်ခြင်းအလင်္ကာ S2

အပိုင်း 1

Wp. မွာ လောဆယ်မတင်သေးဘူး
ဖတ်တဲ့သူ များမှပဲတင်တော့မယ် 😁😁

တစ်ပတ်ကို နှစ်ပိုင်းဖြစ်စေ သုံးပိုင်းဖြစ်စေ တင်ပေးပါမယ်

တစ်ခါတုန်းက ကောင်းကင်တိုင်းပြည်မှာ ဇာတ်သိမ်းမလှခဲ့တဲ့ လွမ်းမောဖွယ်ရာ ချစ်ဇာတ်လမ်းလေး ရှိခဲ့ဖူးတယ်

ကောင်းကင်တိုင်းပြည်
နဂါးတိုင်းပြည်
နတ်ဆိုးတိုင်းပြည်
လူတိုင်းပြည်
ဘုံပေါင်း ၃၁ ဘုံ

ကောင်းကင်တိုင်းပြည်နဲ့ နဂါးပြည်ဟာ ငြိမ်းချမ်းရေးရယူပီး
အေးချမ်းနေခဲ့တယ် နတ်ဆိုးဘုရင်ဟာ တိုင်းပြည်သုံးခုလုံးကိုအပိုင်စိုးချင်ပီး အကြံအစည်တစ်ခုကိုအကောင်အထည်ဖော်ဖို့ ဂဠုန်တို့ကိုစည်းရုံးခဲ့တယ် အကြံအစည်ကိုသိရှိတဲ့ ရွှေရောင်နဂါးဘုရင်မဟာ ကောင်းကင်မင်းကြီးထံ တိတ်တဆိတ်သွားရောက်ပီး တိုင်ပင်ခဲ့တယ် ကောင်းကင်မင်းကြီးဟာ ကံကြမ္မာ နတ်ဘုရားမကိုလည်း ဆင့်ခေါ်ပီး အနာဂတ်ကို
ရှေ့ဖြစ်ဟောပြောခိုင်းတယ် နတ္ဘုရားမဟာ ကံကြမ္မာကျောက်တုံးနဲ့ ပုံရိပ်တို့ကိုပြသခဲ့တယ် တိုင်းပြည်သုံးခုလုံးကိုအပိုင်စိုးချင်တဲ့ နတ်ဆိုးဘုရင်က စစ်ချီရန်လူတိုင်းပြည်ကို
ဆင်းသက်ကာ လူတို့ကို နတ်ဆိုးဖြစ်အောင်သိမ်းသွင်းပီးအင်အားကြီးမားအောင်စုဆောင်းပီးနောက် နဂါးတိုင်းပြည်နဲ့ကောင်းကင်တိုင်းပြည်ကိုကြီးစိုးနိုင်လိမ့်မယ်လို့ သိရှိခဲ့ကြရတယ် ကံကြမ္မာနတ်ဘုရားမဟာ လူတို့တိုင်းပြည်ကို နတ်သားတစ်ပါးကဆင်းသက်ပီး မင်းဖြစ်ရမယ် ထို့နောက် ဧကရာဇ်အဖြစ် စိုးစံပီး နှစ်ပေါင်း 100ထိ ငြိမ်းချမ်းစေလျှင် ဒီကပ်ဆိုးဟာပီးမြှောက်လာစေမယ်လို့ ဟောခဲ့တယ် နတ္ဘုရားမဟာ
လူ့တို့တိုင်းပြည်ကိုဆင်းပီး အခက်အခဲများကြားမှ ကြံ့ကြံခိုင်ကာ ဧကရာဇ်အ ရာကို ဆက်ခံဖို့ ကောင်းကင်တိုင်းပြည်က ကောင်းကင်မင်းကြီးရဲ့ ညီတော် ဝမ်ကျီးသာလျှင်အသင့်တော်ဆုံးပါလို့ လျှောက်တင်ခဲ့တယ် ကောင်းကင်မင်းကြီးဟာ အလွန်ပဲထိတ်လန့်တုပ်လှုပ်ခဲ့ရတယ်  အကြောင်းမှာ
မင်းကြီးဟာ ယနေ့ထိ အဆင်ပြေနေခဲ့ခြင်းမှာ ညီတော်ကြောင့်သာပင် နတ်သားဝမ်ကျီးရဲ့နတ်သက်တမ်းမှာ သုံးထောင်ကျော်ခဲ့ပီဖြစ်တယ် မင်းအရိုက်အရာကိုမဆက်ခံပဲ အကြံညဏ်ကိုသာ ပေးစေပီး တစ်ကိုယ်တည်း တည်ငြိမ်စွာနေခဲ့သူတစ်ဦးသာပင် ဝမ်းကျီး မရှိလျှင် လက်မရှိတဲ့ဓားသမားကဲ့သို့ မိမိကြုံရပေမည် သို့သော် တိုင်းပြည်သုံးခု အတွက်ကြောင့် မင်းကြီးသည် ညီတော်ထံသွားရောက်ပီး အကျိုးကြောင်း ပြောပြခဲ့တယ် ဝမ်ကျီးက တစ်ခွန်းဆိုမျှ မမေးမြန်းပဲ
"ဝမ်ကျီး  နားလည်ပီ''  လို့ပဲ တစ်ခွန်းသာဆိုခဲ့သူဖြစ်တယ်

ကောင်းကင်တိုင်းပြည်ရဲ့ နှင်းဆီခိုင် နတ်သားဝမ်ကျီးနတ်သက်ကြွေမည့် သတင်းက ကောင်းကင်ရဲ့နတ်သားမတ်သမီးများကြား သတင်းဆိုးပင်တည်း  နတ်သားဝမ်ကျီးက
သင့်တော်မည့် အချိန်စောင့်ပီး ဟန်နိုင်ငံ ဟန်မင်းဆက် ဟန်ရိကွမ်းရဲ့ သားတော် ဟန်ကွမ်ကျွမ်း အဖြစ် ဝင်စားခဲ့တယ်

အချစ်များဖြင့်သာ S2Where stories live. Discover now