part 28 (Z&U)

2.2K 155 9
                                    

အချစ်များဖြင့်သာ (or) ချစ်ခြင်းအလင်္ကာ S2

အပိုင်း ၂၈ (Z&U)

နယ်စပ် စစ်မြေပြင်နေရာ

"ချလွန် ချလွန်''

သွေးသံတရဲရဲနဲ့ တိုက်ခိုက်နေကြသူများတွင် ပုန်ကန်သူများဘတ်က အတုံးအရုံးကျရှုံးနေဆဲ

"အားလုံးရပ်ကြစမ်း''

ပုန်ကန်သူများအားလုံး သေဆုံးသွားချိန် တွင်ထွက်ပေါ်လာတဲ့ အသံ ပုန်ကန်သူများရဲ့ခေါင်းဆောင်
ဆယ်ယောက်ခန့်ရှိသော မိန်းမပျို လေးများကို ဓားစံခံလုပ်ထားပီး ပုန်ကန်သူများဘတ်တွင် လူအင်အား
ငါးဆယ်ခန့်ရှိနေခဲ့တယ်

ဝမ်နင် '' မင်းဘာလိုချင်တာလဲ ''
ပုန်ကန်သူ '' ငါ့ကိုလွတ်မြောက်ခွင့်ပေး''
ဝမ်နင် '' မိန်းမပျို လေးတွေကို လွှတ်ပေးမှာလား''
ပုန်ကန်သူ'' ဟို မိန်းမလှ လေးပါထည့်ပေး''
ကွေ့အာ '' အဟက် ငါ့ကိုလား''

ကွေ့အာက သူ့ကိုယ်သူ ပြန် လက်ညိုးထိုးပီးမေးလိုက်ခြင်းပါ ကြည့်ရတာ ဟန်ကွေ့အာရဲ့ ဓားရေးစွမ်းရည်ကို တစ်ကိုယ်တည်းပြရမယ့်အချိန်ရောက်လာပီပေါ့

ပုန်ကန်သူ '' ဟုတ်တယ်မင်း ရော့ ဒီဆေးကိုသောက်ပီး မင်းငါနဲ့အတူလိုက်ခဲ့ရမယ်''

လျှပ်တစ်ပျက်ရောက်လာတဲ့ ကျိယန်ရဲ့အဖွဲ့တွေက ပုန်ကန်သူများရဲ့ နောက်ဘတ်ကို ရောက်နေပီး တိုင်ခိုက်ဖို့နေရာယူထားပီး ဝမ်နင်မြင်အောင်အချက်ပြလိုက်တယ် ကွေ့အာလည်း မျက်လုံးထောင့်စွန်းနားကမြင်လိုက်တယ်

ကွေ့အာ ''ကောင်းပီ ငါသောက်မယ် ''
ဝမ်နင် ''ကွေ့အာ နင် ''
ကွေ့အာ '' ငါအဆင်ပြေမှာပါ''

ပုန်ကန်သူဟာ သူ့အဖွဲ့ထဲမှ တစ်ယောက်ကို ဆေးပုလင်းကို လာပေးခိုင်းခဲ့တယ် ကွေ့အာက ယူပီး ဆေးပုလင်းကို ပုန်ကန်သူ မြင်အောင် မြှောက်ပြပီး

ကွေ့အာ '' ဟေ့ ဒီမှာမင်းမြင်လား ငါသောက်ပီ မိန်းမပျို လေးတွေကိုလွတ်ပေးလိုက်''
ပုန်ကန်သူ'' မင်းနဲ့လဲမယ် ''
ကွေ့အာ '' ငါလာခဲ့မယ်''

ပုန်ကန်သူဟာ ကွေ့အာ ဆေးရည်သောက်ပီးတော့ အနားရောက်လာတဲ့အခါမှ မိန်းမပျို လေးများကို တရွေ့ရွေ့ လွှတ်ပေးလိုက်တယ် ပီးတော့မြန်မြန်ပဲ ကွေ့အာလည်ပင်းကို ဓားထောက်ပီး လွတ်မြောက်ရာလမ်းကြောင်းကို စတင်ခြေလှမ်းတယ်

အချစ်များဖြင့်သာ S2Where stories live. Discover now