part 16 (Z&U)

2.7K 213 13
                                    

အချစ်များဖြင့်သာ(or) ချစ်ခြင်းအလင်္ကာ S2

အပိုင်း ၁၆

မနက်ခင်းရဲ့ ရောင်ခြည်ဖြာဖြာ၌
ဇာမဏီနန်းဆောင်အတွင်း

"အင်း အင်း အရှင် နိုးနေတာကြာပီလား''သလွန်ပေါ်မှာ ဘေးတစောင်းထိုင်ပီး ရှန့်ငယ်ကိုပြုံးပီးကြည့်နေခဲ့တဲ့အရှင်
"မကြာသေးဘူး ရှန့်ငယ်လေး မွ '' အပြောနဲ့အတူရှန့်ငယ်ရဲ့  နဖူးထက်သို့ အနမ်းတစ်ပွင့်
"ထ မျက်နှာတော်သစ်ရအောင် ''
"အွန်း'' အိပ်ချင်မူးတူးနဲ့ စောင်ကိုခွာပီး ငူငိုင်နေတဲ့ ကလေးကို အရှင်က ပွေ့ချီခဲ့ရတယ်
"အင့် အရှင် ''
"ကိုယ်တော့်ကိုစိတ်ဆိုးပြေပီလား''
"ဘယ်သူက စိတ်ဆိုးနေလို့လဲ''
"ကိုယ်တော့်ရှန့်ငယ်က ကိုယ်တော့်ကို စိတ်မဆိုးဘူးပေါ့ ဟုတ်လား '' ရေဆွတ်ထားတဲ့ ပိုးသားလိုနူညံ့တဲ့ ပိတ်စလေးကို ရှန့်ငယ်ရဲ့မျက်နှာပေါ် ခပ်ဖွဖွသုတ်ပေးရင်း မှ အရှင်က ရှန့်ငယ်ကိုစနေပြန်ပါတယ်
"အရှင်နော်'' ဟန်ဘုရင်ရဲ့ မနက်ခင်းလေးဟာ ရှန့်ငယ်ရဲ့ မျက်စောင်းထိုးမှုနဲ့ စတင်ခဲ့ပြန်တယ်
"ကိုယ်တော့်ယုန်ဖြူလေးက ကိုယ်တော့်ကိုအမျိုးမျိုးကြွေအောင်လုပ်နေတာကွာ'' ရှန့်ငယ်ရဲ့မျက်စောင်းကြောင့်ဒဏ်ရာရသလို ရင်ဘတ်ကိုဖိလို့ ဟန်အမူအရာနဲ့ ရှန့်ငယ်ကို အရှင်က အပီအပြင် သရုပ်ပြနေပြန်တယ်
"အာ အရှင်နော် ''မျက်လွှာချလိုက်ပီး ဘာမှဆက်မပြောတော့တဲ့ရှန့်ငယ်ရဲ့ အမူအရာမှာ နားရွှက်ဖျားရဲရဲလေးကစပီး ရှက်ကြောင်း အသိပေးနေခဲ့တယ်
"ယုန်ဖြူ လေး ကိုယ်တော့်ကိုကြည့်ပါဦး''
"ဟင်'' မရဲတရဲနဲ့ ကြည့်လာတဲ့ ခပ်ရွဲရွဲမျက်လုံးလေးတေ
"အွတ် အ အွတ် အရှင်'' သည်းမခံနိုင်တော့တဲ့အရှင်က နံနက်ခင်း အနမ်းကို လှပစွာပုံဖော်နေဆဲ

"မင်းကြီး မင်းကြီး'' အဲ့ကျိယန်ဟာ
ရှန့်ငယ်ရဲ့ နှုတ်ခမ်းထွေးထွေးလေးကို အနမ်းမိုးတေ သွန်းလို့ ခါးစည်းကြိုးလေးဖြည်စမှာ
ထွက်လာတဲ့ ကျိယန်အသံ အထိန်းတော်ကြီးမှာတော့ ကျိယန်အစား လည်ပင်းတေယားနေပါပီ ဘယ်လောက်ပဲ ရက်စက်တတ်တဲ့ ဟန်ဘုရင်ရဲ့ ညာလက်ရုံး စစ်သူကြီး ဖြစ်ပါစေမူ တိုက်ခိုက်ရာကလွဲပီး အရိပ်အကဲမသိ အမြဲရှပ်ပြာယာရယ်ပါ လာတိုင်းလည်း အရေးကြီးကိစ္စနဲ့သာ ပေါ်လာတတ်ပီး အမြဲဖျက်လက်တတ်ကြွနေတဲ့သူ
"အွန်း လွှတ် အွန်း ခေါ် ခေါ်နေတယ် အု''
"ကျစ် ကျိယန်ကွာ''
"ခ်ခ် သွားလိုက်နော် ရှန့်ငယ်ပီးမှထွက်လာမယ်'' အောင်နိုင်သူလိုအပြုံးနဲ့ ရှန့်ငယ်က အရှင့်သမာဓိတေကိုစမ်းနေပြန်ပါပီ
ပုံပျက်နေတဲ့ဝတ်ရုံတော်ကို ပြန်ပြင်လိုက်ပီး ရေချိုးဆောင်မှထွက်ကာ ခုံပေါ်ဝင်ထိုင်ခဲ့ပီး ''ဝင်ခဲ့ကျိယန်''
"မင်းကြီး ထင်တဲ့အတိုင်းပါပဲ သူပုန်တေလှုပ်ရှားနေပါပီ ရှောင်းအမတ်ကြီးအတွက်တော့လှုပ်ရှားမှုမရှိသေးပါဘူး''
"ရန်တိုင်းပြည်က လက်ဆောင်ပဏ္ဍာနဲ့ အတူရန်မင်းသမီးပါလာတဲ့သဘောင်္က ဘယ်တော့ ကမ်းဆိုက်မှာလဲ''
"ဒီနေ့ နေ့ခင်းလောက်ဆိုက်ပါမယ်မင်းကြီး ဝမ်နင်တို့အဖွဲ့လည်းအဆင်သင့်ဖြစ်​နေပီလို့ စာခိုရောက်နေပါတယ်''
"အင်း ရှောင်းအမတ်ကြီးက ကြိုသိသွားလို့ လုချန်ဟန်က ရှောင်းအမတ်ကို လုပ်ကြံတာ ပဲ တော်သေးတယ် ရှောင်းအမတ်က သတင်းပေးပြီး ကြိုစီစဉ်ထားရလို့မဟုတ်ရင် ရန်တိုင်းပြည်နဲ့ စစ်ဖြစ်ဖွယ်ရှိတယ်''
"ဘယ်လို ပါး လုပ်ကြံခံရတယ်ဟုတ်လား အရှင်''
"ကျိယန်သွား​တော့ '' အရိုအ​သေ​ပေးပီး​နောက် လျင်လျင်မြန်မြန်ပဲ ကျိယန်က ထွက်သွားတယ် ဒါမျိုးမှမလျင်ရင် ကျိယန်မဟုတ်ဘူး
"အရှင်ပြောပါဦး ပါးဘာဖြစ်သွားသေးလဲ''
"ဘာမှမဖြစ်သွားဘူး ရှန့်ငယ်ရဲ့ ခုယောက္ခထီးကြီးရဲ့ အနားမှာ ယောက္ခထီးကြီးမသိအောင် ရှန်းချင်နဲ့ကျိယန် ဝတ်ရုံနက်အဖွဲ့ကို ကိုယ်ပျောက်စနစ်နဲ့ စောက်ရှောက်ဖို့ လွှတ်ထားတယ်''
"ဝမ်နင်ကရော ဘယ်သူလုပ်ကြံတာလဲအရှင်''
"ကိုယ်တော်ရှင်းပြပါ့မယ် လွန်ခဲ့တဲ့ရက်က ရန်တိုင်းပြည်ကနေ ငြိမ်းချမ်းရေးလက်ဆောင်ပဏ္ဍာနဲ့အတူရန်မင်းသမီးကိုရေလမ်းကနေ သင်္ဘောနဲ့ ပို့ဆောင်မဲ့ အ​ကြောင်းသဝဏ်လွှာကို ဘဏ္ဍာရေးအမတ် ချန်လုဟန်က ဖြတ်ယူထားပီးဘုရင့် တံဆိပ်တုန်း အတုနဲ့ ကိုယ်တော်က အထူးစစ်ထပ်နဲ့ ဆိပ်ကမ်းက လာကြိုမယ်လို့ သဝဏ်လွှာစာကိုပြန်လိုက်တယ် နှစ်နိုင်ငံစစ်ဖြစ်အောင် တမင်ခလောက်ဆန်တဲ့သဘော ကိုယ်တော့်​ကြောင့်စစ်ဖြစ်ရမယ်ဆိုပီး ရှင်ဘုရင်ရာထူးကိုဖြုတ်ချဖို့အထိ ကြံစည်ထားတာ သူ့သမီးကို တော်မကောက်တာလဲပါမှာပေါ့ ''
" ဘုရင့်တံဆိပ်တုန်း ကိုတောင် အတုလုပ်ရဲတယ်
သူက ပုန်ကန်တဲ့သဘော​ပေါ့အရှင် သူက ဘုရင်ကိုအထင်သေးလွန်းတယ် ပီးတော့ မိဖုရားခေါင်ကိုလည်း အထင်သေးလွန်းတယ် ''
"အင်း ရှန့်ငယ် သူ့အကြောင်းကို ရှန့်ငယ်ရဲ့ပါးက
သိပီး ကိုယ်တော့်ကိုအကြောင်းကြားဖို့လုပ်မှန်းသိလို့ သူလုပ်ကြံတာ ​တော်​သေးတယ်မအောင်မြင်ခဲ့ဘူး ကိုယ်တော်က ဝမ်နင်ကိုအနီးကပ်စောင့်ရှောက်ဖို့ အမတ်ကြီးအနား လွှတ်ထားတာ ကိုယ်တော့်ကိုဝန်ထုပ်မဖြစ်စေချင်ဘူးဆိုလို့ အမတ်ကြီးသဘောတိုင်း သဘောင်္ဆိပ်ကို ဝမ်နင်ကိုလွှတ်လိုက်တာ ကျိယန်နဲ့ရှင်းချန်နဲ့ ဝတ်ရုံနက်အဖွဲ့ကို အမတ်ကြီးမသိအောင် စောင့်ရှောက်ခိုင်းထားတာ ရှန့်ငယ်ပါး ဘာမှမဖြစ်စေရဘူး စိတ်ချ''
"စိတ်မချဘူး ခုည တိတ်တဆိတ်လေးဖြစ်ဖြစ် သွားကြည့်ချင်တယ် ဒီကိစ္စရဲ့အနည်းငယ်လောက်ကို ရှန့်ငယ်ကိုလုပ်ပိုင်ခွင့်ပေးပါအရှင်''
"ခွင့်တောင်းစရာမလိုဘူး ရှန့်ငယ် ကိုယ်တော့်အပိုင်ဟာ ကိုယ်တော့ယုန်ဖြူလေး အပိုင် မွ မွ'' နဖူးကို နှစ်ချင်ဆင့်လို့အနမ်းခြွေခဲ့တဲ့အရှင် ညကျ သွားကြမယ်နော် ကိုယ်တော်ကိုယ်တိုင်လိုက်ပို့မယ် စိတ်ချနော် အမတ်ကြီးဘာမှမဖြစ်စေရဘူး လာပါဦး ကိုယ်တော့်ကလေး ကိုယ်တော့်ရင်ခွင်ထဲကို''
"အင့်'' ဒီတစ်ခါအသံထွက်ရသူက အရှင်ရယ်ပါ တစ်ကိုယ်လုံး ပစ်ဝင်လာတဲ့ ရှန့်ငယ်က အစောကြီးကကြိုမပြောလို့ ကောက်ချင်နေတဲ့ပုံ ဖခင်ကိုစိုးရိမ်စိတ်နဲ့ ရှန့်ငယ်လေးက တစ်နေ့လုံးငြိမ်ချက်သားကောင်းနေခဲ့တယ် အရှင့်အနားကလည်း မခွာဘူး အရှင်နဲ့အတူတိုင်း​ရေးပြည်​ရေးကို ဆွေးနွေးတိုင်ပင်ခဲ့ပါသေးတယ်

အချစ်များဖြင့်သာ S2Where stories live. Discover now