part 4 (Z&U)

3.9K 262 3
                                    

အချစ်များဖြင့်သာ (or) ချစ်ခြင်းအလင်္ကာ S2

အပိုင်း ၎

နတ်ဆရာမ ဝမ်ချင်ရဲ့နတ်နန်းအတွင်း ဝမ်ချင်ရဲ့မှေးမှိတ်ထားတဲ့ မျက်ဝန်းအစုံက ပွင့်လာပီး မျက်နှာမှာလည်း ပြုံးရိပ်သန်းကာ  ပထမအဆင့်အနေနဲ့ ကြင်ယာတော်က ဟန်တိုင်းပြည်ကို နိုင်ငံများအလယ်မှာ ဟန်နိုင်ငံရဲ့တန်ဖိုးကိုမြှင့်တင်ပြတော့မယ်

"အပြင်မှာဘယ်သူရှိလဲ နတ်နန်းအပြင်ထွက်မယ် ပြင်ဆင် ''

လန့်ကျန့် နန်းဆောင်ပြန်တဲ့ လမ်းတစ်လျှောက်လုံး ထိုကျောပြင်သေးသေးလေးရဲ့ နောက်နားရပ်နေတုန်းက ရခဲ့တဲ့ ကြာပန်းရနံလေး မွှေးသည် တကယ်ပင်မွှေးလွန်းသည် ရနံတို့က အပြန်လမ်း တစ်လျှောက် မေ့မရနိုင်ခဲ့လန့်ကျန့် တို့ သုံးဦး နန်းဆောင်ရောက်တော့ လူတေရှုပ်ယှက်ခတ်အောင် သွားလာနေတာတွေ့ရတယ် မိမိနန်းဆောင်ဘတ်ကို ကသုတ်ကရုပ်ထွက်လာတဲ့ ကုန်းကုန်းကြောင့်
အဆောင်ဘတ်ကို အမြန်ပြန်ကာ ပြင်ဆင်ပီး သဝဏ်လွှာအချို့ ကိုဖတ်နေလိုက်တယ် တအောင့်ကြာတော့ ကျိယန်က

"အရှင် မင်းကြီးအဆောင်မှ ကုန်းကုန်းရောက်နေပါတယ် အရှင့်ကိုအရေးကြီးလို့ ခုချက်ချင်းလာဖို့ အခေါ်လွှတ်လိုက်ပါတယ် ''

"အင်း သွားကြရအောင်''

ကုန်းကုန်းက ရှေ့မှမီးပြပီး နောက်မှ လန့်ကျန့် အမြန်ပင်လိုက်သွားလိုက်တယ် ကျိယန်နဲ့ရှင်းချန်ကအမြဲအရိပ်လိုပင် ဖခမည်းတော်အဆောင်သို့
ရောက်တဲ့အခါ

''ခမည်းတော် သားတော်ရောက်ပါပီ''
" ဝင်လာခဲ့ပါ သားတော် ''  

အဆောင်ထဲမှာတော့ ဖြူလွှတဲ့အသားအရေတဲ့အတူ လ်ုက်ဖက်စွာရှိနေတဲ့ မျက်နှာလှလှလေး အမဲလိုက်ဝတ်စုံလို အနက်ကိုဝတ်ဆင်ထားပီး ရဲရင့်ထက်မြက်ကြောင်း ပေါ်လွင်နေစေတဲ့ ချန်တိုင်းပြည်ရဲ့ အလှဘုရင်မ ချန်မင်းသမီး ချန်ဝေယွီ (ဘာလာလုပ်တယ်ထင်ကြလဲ)
အရှင့်ကို  ဝေယွီ ဂါဝရပြုပါတယ်

"အင်း''

ခမည်းတော်ကတော့မျက်နှာမကောင်းပေ

'' လာရင်းကိစ္စပြော''

" ဟင်း ဟင်း အရှင်က ငယ်ငယ်က အတိုင်းပဲ ခုထိ အချိုးမပြောင်းသေးဘူး ပဲ ဒီလိုပါ မဟူရာတောက အလင်းတန်းထွက်ပေါ်နေလို့ပါ (မဟူရာတော ဟန်နိုင်ငံ ချန်နိုင်ငံ နှစ်နိုင်ငံ နယ်နိမိတ် ဟန်နိုင်ငံပိုင် ယခု ချန်နိုင်ငံအပိုင်) အရှင်မှတ်မိမှာပါ 'မဟူရာတောနက်မှာ ဓားမောင်နှံစံစားရာ 'ဆိုတာ မနှစ်က တိုင်းပြည် ၆ပြည် ဖြစ်တဲ့ ဟန် ချန် ရန် ချင်း
ယြီ ရှင်း  နိုင်ငံက မင်းသားတေစုပီး မောင်နှံထဲက ပီချန်ဓားကို အရှင်က ပိုင်ဆိုင်ခဲ့တယ် အခု ပီချန်ရဲ့ကြင်ဖက် ဆွေ့ပြန့် အလှည့်ပါ မဟူရာတောက အလင်းတန်းတေထွက်ပေါ်နေတာကြောင့် တိုင်းပြည်အားလုံးကို လိုက်လံဖိတ်ကြား ပီးပါပီ
အကယ်၍ ဆွေ့ပြန့်ကို ကျွန်မပိုင်ဆိုင်ခဲ့ရင် ချန်နိုင်ငံပိုင် တောဖြစ်တဲ့အတွက် ဓားမောင်နှံ ရဲ့ ပိုင်ရှင်ဖြစ်လာမဲ့ ကျွန်မကလည်း  ဒီတိုင်းပြည်ရဲ့ မိဖုရားခေါင်နေရာဟာကျွန်မအတွက်သာ ဖြစ်သင့်ပါတယ် အရှင် နှစ်နိုင်ငံလည်း စစ်မဖြစ်ချင်ပါဘူးအရှင် အရှင်ရဲ့ကြင်ယာတော်က ဆွေ့ပြန့်ရဲ့ ပိုင်ရှင်ဖြစ်ခဲ့လျှင် ကျွန်မ ''

အချစ်များဖြင့်သာ S2Where stories live. Discover now