Part 34 (Z&U)

2.1K 161 6
                                    

အချစ်များဖြင့်သာ (or) ချစ်ခြင်းအလင်္ကာ S2

အပိုင်း ၃၄ (Z&U)

နှစ်လဆိုတဲ့အချိန်ကာလက မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်ဆုံးသွားတယ် မိုးတွင်းအချိန်ကာလ မို့
လေရူးဝသုန် တိုက်ခိုက်ချိန်တွေဆို သစ်ရွှက်လေးတွေ ကြွေကျသလို မိုးတဖျောက်ဖျောက်လည်းရွှာခဲ့တယ် မိုးကြောင့် စိမ်းလန်းနေတဲ့ သစ်ပင် ပန်းပင် များနဲ့
မိုးတိတ်တဲ့အခါ ထွက်ပေါ်လာတဲ့  မြေသင်းရနံ့များက စိတ်ကိုတည်ငြိမ်လန်းဆန်းစေခဲ့တယ်

ယနေ့မှာတော့ အုပ်ဆိုင်းနေတဲ့ အဖြူ ရောင် တိမ်လိပ်များက ကောင်းကင်ယံထက်မှာ တည်ရှိနေခဲ့တယ်

ဟန်နန်းတွင်းထဲမှ နန်းတွင်းသူ နန်းတွင်းသားတွေဟာ ခုရက်အတောအတွင်း ဧကရီလေးကို နန်းတော်အနှံ့တွေ့မြင်နိုင်တယ် တစ်ခါတစ်ခါ ဖရဲသီးတစ်ခြမ်းကို ပိုက်လို့ ဇွန်းနဲ့စားရင်း တွေ့မြင်နိုင်သလို မုန်လာဥတွေ ထည့်ထားတဲ့ ခြင်းနဲ့လည်း သွားလာနေတာ တွေ့မြင်ရတယ် ဖူးဖူးဖောင်းဖောင်းဖြစ်နေတဲ့ ဧကရီလေးက အဖြူ ရောင်ကိုသာ ဝတ်ဆင်ပီး အမြဲ
အရှင်ခေါ်နေတဲ့ ယုန်လုံးလုံး လေးပုံစံပေါက်နေတယ်

အရှင်က ဧကရီလေးရဲ့အနားမှာ ကွေ့အာနဲ့မိန်စုကို အမြဲရှိစေပီး ကွေ့အာ မအားတဲ့အခါ ရှင်းချန်နဲ့ကျိယန် ဝမ်နင် တစ်လှည့်စီထားစေတယ်

စစ်ရေးလေ့ကျင့်ကွင်းထဲမှ စစ်သားတွေဟာ ချွေးတပြိုင်းပြိုင်းထွက်လို့ လေ့ကျင့်နေကြဆဲ တင်းကြပ်တဲ့ လေ့ကျင့်ရေးတွေအောက်မှာ မလူးသာမလိမ့်သာပါပဲ
ဒီနေ့ နေလည်မှာတော့ သိပ်ကိုအဆင်ပြေလောက်အောင် သက်သာရနေတယ် ဧကရီလေးရဲ့ကျေးဇူးနဲ့

နန်းတော်အနံှ့ကို မညောင်းမချိ လျောက်သွားတတ်တဲ့ ယုန်လုံးက ကွေ့အာနဲ့ဝမ်နင်ရှိရာကို မိန်စုနဲ့ ကျိယန်နဲ့အတူ  ရောက်ရှိလာတယ် ကျိယန်တစ်ယောက်ကို ဝူကျန့် အား သွားခေါ်စေပီး ရဲမက်တွေအနားယူရာ နေရာမှာ သံပုရာသီးကို ငရုတ်သီးဆားနဲ့ ရောနယ်ပီး တရှူးရှူးတရှဲရှဲ စားနေခဲ့တယ် ဧကရီလေးမှ အစပြုလို့ ရဲမက်များနဲ့အတူတူ ဝမ်နင်က ခေါင်းဆောင်ကာ အစားကောင်းကို ညီတူညီမျှပေါ့
လေတဖြုးဖြူး မိုးတအုံ့အုံ့နဲ့ သိပ်ကိုလိုက်ဖက်တယ်   ကွေ့အာက အကိုတော်နဲ့တန်းတူ စားသောက်နေတဲ့ ဝမ်နင်နဲ့ရဲမက်တွေကိုကြည့်ပီး အထူးတဆန်းမျက်လုံးနဲ့ ဖြန့်ကျက်ကြည့်လိုက်တယ်
'ဒီရဲမက်တွေ ရိုးရောရိုးကြရဲ့လား'  အတွေးများနေတဲ့ကွေ့အာကို မိန်စုက သံပုရာသီးတစ်စိတ်ခွံကျွေးတယ် အစပ်မစားနိုင်တဲ့ ကွေ့အာက ချက်ချင်းမျက်ရည်ဝဲတတ်လာပေမယ့် စားနေတာကို ထွေးမထုတ်ခဲ့ဘူး အရသာကို ခံတွင်းတွေ့သွားလို့' မဆိုးဘူး
ဘယ်သူစပ်တာလဲမသိပေမယ့် ရှေ့တန်းမှာ စားလို့အဆင်ပြေတယ် '

အချစ်များဖြင့်သာ S2Where stories live. Discover now