part 35 (Z&U)

2.1K 165 5
                                    

အချစ်များဖြင့်သာ (or) ချစ်ခြင်းအလင်္ကာ S2

အပိုင်း ၃၅ (Z& U)

ဇာမဏီနန်းဆောင်ထဲကို အရှင်က ဝူကျန့်ပေါ်မှ ယုန်ဖြူ လေးကို ပွေ့ချီပီးခေါ်ဆောင်သွားတယ် ဝူကျန့်ကိုတော့ ကျိယန်ကပဲ ပြန်ပို့ခိုင်းလိုက်တယ် အိပ်ချင်နေပီဖြစ်တဲ့ ရှန့်ငယ်က အရှင့်ပွေ့ချီတော့ မျက်လုံးများ မှိတ်ကျသွားပီး အသက်ရှူမှန်မှန်နဲ့ အိပ်ပျော်သွားပုံရပေမယ့်  ညနေစောင်းမို့ အရှင်က မအိပ်စေချင်ဘူး

သလွန်ပေါ် ထိုင်ကာ ပွေ့ဖက်ထားရင်းနဲ့ ယုန်လုံးကိုနှိုးတော့ လေးလေးလံလံ မျက်ခွံတွေနဲ့ မျက်ကြောစင်းကာ ကြည့်လာတဲ့ ကလေးပေါက်စ

" ယုန်လုံး ယုန်ပုစိ ရှန့်ငယ် ''
" အွန်း အ အိပ်ချင်လို့ ''
" ညကျမှ စောစော အိပ်ရမယ် ညနေစောင်းကြီး နေမကောင်းဖြစ်မယ်နော် မအိပ်နဲ့တော့ ''
" အဟင့် အရှင်က လည်းး ''
" အရှင်က မလည်း ဘူး မအိပ်ရသေးဘူး ရေချိုးရအောင် ''

ရင်ခွင်ထဲက ယုန်ဖြူ လေးက အရှင့် လည်ပင်းကို လက်နှစ်ဖက်နဲ့ချိတ်တွယ်လို့ အရှင့်ပခုံးပေါ် မှေးတင်ကာ လေးလေးဖင့်ဖင့် အသံနဲ့ အပျင်းတုန်းလေး လုပ်နေတယ်

" မချိုးသေးဘူး စောသေးတာ ''
" မချိုးလို့မရဘူး ဒီလောက် ပေတူးအောင်စားသောက်ထားပီး သလွန်ပေါ် အိပ်ချင်သေးတာလား ဟင် ပြော ''

တင်ပါးလေးကို ခပ်ဆတ်ဆတ်ရိုက်ကာ မေးတော့ ပခုံးပေါ် တင်ထားတဲ့ ခေါင်းက ဆတ်ကနဲ ခွာပီး အရှင့်မျက်နှာတည့်တည့်ကို မျက်နှာမူကာ အရှင့်ကို ယုန်ဖြူ ​လေးက မျက်မှောင်ကြုံ့ကြည့်တယ်

" အပြစ်လဲ လုပ်ထားသေးတယ် ကိုယ်တော့်ကို ဘယ်လို့ကြည့်နေလဲ ''
" ဟွန့် ''

နှာချေမှုတ်ကာ ဗိုက်ကိုလက်တစ်ဖက်နဲ့ ထိန်းပီးမှ ဖြေးဖြေးချင်း သလွန်ဘေးကို မတ်တပ်ရပ်လိုက်တဲ့ ယုန်ဆိုးလေးက အရှင့်ရှေ့မှာ ဗိုက်ကို မသိမသာ ကော့ပြလိုက်ပီးမှ ခြေဆောင့်နင်းကာ ခုံပေါ် သွားထိုင်ပီး စားပွဲခုံပေါ်မှာ  မှောက်အိပ်နေပြတယ် ဇာမဏီနန်းဆောင်ထဲမှာပဲ ယုန်ဘုရင်ကြီးက ခြေင်္သ့ကြီးကို ပုန်ကန်ခဲ့ပြန်တယ် သိပ်ဆိုးတယ် ယုန်ဆိုးလေးပါပဲ

အချစ်များဖြင့်သာ S2Where stories live. Discover now