part 32 (Z&U)

2.2K 161 9
                                    

အချစ်များဖြင့်သာ (or) ချစ်ခြင်းအလင်္ကာ S2

အပိုင်း ၃၂ (Z&U)

ညနေ အချိန်အခါမှာ ကွင်းလယ်က လူသားနှစ်ယောက်ရဲ့ တိုက်ခိုက်မှုဟာ မ​မျှော်လင့်ပါပဲ ပြင်းထန်​နေတယ် အစပိုင်းမှာ လျို ဖန်း က သက်တောင့်သက်သာပဲ ဟန်ပြတာမို့ ကွေ့အာလည်း အလိုက်သင့်လေးပဲ တုံ့ပြန်နေတယ်

အချိန်အနည်းငယ်ကြာတော့ လျို ဖန်းက တိုက်ကွက်ပြောင်းကာ အပြင်းအထန် တိုက်ခိုက်လာတယ် တစ်ကွက် နှစ်ကွက်သာ တုံ့ပြန်ပီး အတည်တကျဖြစ်လာတဲ့ လျို ဖန်းရဲ့ ဓားချက်တွေကို ကွေ့အာ ရှောင်တိမ်းနေရတယ် စဉ်းစားရခက်တဲ့ အခြေအနေမှာ ကွေ့အာ ဦးနှောက်ကို ဖိအားပေးနေမိတယ်

အကယ်၍ ကွေ့အာရဲ့တန်ပြန် ဓားချက်နဲ့ လျို ဖန်း ဒဏ်ရာ ရခဲ့ရင်  ငြိမ်းရေးချမ်းနဲ့ ဆက်နွယ်ထားခြင်းမဟုတ်တဲ့ လက်အောက်ခံ ချန်တိုင်းပြည်အပေါ် ဟန်တိုင်းပြည်က မသက်ညာရာ ရောက်ပီး ဟန်ကိုအပြစ်မြင်စေမယ်  စိန်ခေါ်ပွဲလို ပုံစံ ဖြစ်ပျက်နေတာကြောင့် တစ်ယောက်ယောက်က ဒဏ်ရာ ရခဲ့ရင် အသက်အ
န္တာရယ်နဲ့ နီးစပ်ဖို့က ဖြစ်နိုင်ချေရှိနေတယ်

လျို ဖန်းကြောင့် ကွေ့အာ ထိခိုက်မိရင် ပျံ့နံနေတဲ့ သူမရဲ့ဂုဏ်သတင်းနဲ့ အတူ ဟန်ရဲ့သိက္ခာကို ထိခိုက်စေမယ် လက်ရေတူချင်းမို့ ထပ်ပီးရှောင်တိမ်းနေရန် အခွင့်မသာပီမို့ အကြပ်ရိုက်အနေအထားနဲ့ အကိုတော့်ကို လှမ်းကြည့်ဖို့လည်း အခွင့်မသာနေဘူး
အခြေအနေတစ်ခုကို စဉ်းစားမိတဲ့ကွေ့အာက
လျို ဖန်းရဲ့ တိုက်ခိုက်မှုကို ကပ်သီ၍သာ ရှောင်တိမ်းတယ် ပုံစံက လျို ဖန်းကသာ အတင်းရန်ပြုနေပီး
ကွေ့အာ က ရှောင်ရှားနေပုံ ပိုပေါ်လွင်စေတယ်

" ဝုန်း ''

ရန်ချင်းရီဘေးမှာ မတ်တပ်ရပ်နေတဲ့အပျို တော်ဟာ ရုတ်တရက်လဲကျသွားတယ် တစ်ခဏ အချိန်လေးမှာ ပွဲအတွင်းကလူအများရဲ့အာရုံစိုက်မှုက ရန်ချင်းရီ ထံကို ရောက်ရှိသွားတယ်

အရှင့်ဘေးမှာ တိတ်ဆိတ်စွာ ငြိမ်နေတဲ့ ရှန့်ငယ်က
အေးအေးလူလူ ပုံစံနဲ့ ဆွေပြန့်ကို ဆွဲကိုင်ကာ တိုက်ခိုက်ရာ အရပ်ကို ရောက်ရှိသွားတယ် အရှင်ကတော့ ယုံယုံကြည်ကြည် ပဲ ရှန့်ငယ်ရဲ့ အပြုအမူတွေကို ကြည့်ရှူ နေတယ် တစ်ဆက်တည်းမှာပဲ အာဏာနဲ့
အရည်အချင်း ဧကရီ နေရာနဲ့ တည်ရှိမှုကို ပြသတော့မယ် ရှန့်ငယ်အတွက် အရှင်က တစ်ချက်ပြုံးလိုက်ပါသေးတယ်

အချစ်များဖြင့်သာ S2Where stories live. Discover now