part 30 (Z& U)

2.1K 155 6
                                    

အချစ်များဖြင့်သာ (or) ချစ်ခြင်းအလင်္ကာ S2

အပိုင်း ၃၀ (Z& U)

တဟိန်းဟိန်းတောက်လောင်သွားသည်မှစပီး ပြာမှုန်စဖြစ်၍ အငွေ့သေ သည်အထိ မတုန်မလှုပ် သူမ ရပ်ကြည့်နေခဲ့တယ် မဖိတ်ခေါ်လာပါပဲ ရစ်သိုင်းကာ ကျဆင်းလာတဲ့ မျက်ရည်စ တွေကို သုတ်ပစ်ဖို့ သူမလက်တွေ လှုပ်ရှားမလာခဲ့ဘူး အနက်ရောင်ဝတ်ရုံအောက်က ပေါ်နေတဲ့ လက်ခုံဖြူဖြူ လေးမှာ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်မို့ အကြောများ သန်းနေခဲ့တယ် လက်တစ်ဖက်ကလည်း ပေါင်လောက်မှာရှိတဲ့ ဝတ်ရုံစ ကို ဆုပ်ကိုင်ထားသည်မို့ ဝတ်ရုံလေးမှာ အကြေကြေအမွမွ မြင်တွေ့နေရတဲ့မြင်ကွင်းမှ အပူလွန်ကဲစွာ တောက်လောင်ပီးအဆုံး အေးချမ်းသွားသော်လည်း သူမ ရင်ထဲ အပူငွေ့ တလှိုင်လှိုင်တော့ရှိနေဆဲ ဝတ်ရုံစကို ဆုပ်ကိုင်ထားတဲ့ လက်ကြားထဲမှာ အလယ်အလတ်စား စာလိပ်ကလေးရှိနေတယ် စိတ်လျော့သွားသလို ပြေလျော့သွားတဲ့ လက်ကြောင့် စာလိပ်ပြေကာ တစ်စွန်းတစ မြင်လိုက်ရသည်က ရန်ပြည့်ရှင်ရဲ့ တံဆပ်တုန်း ရိုက်ခတ်ထားတာကို တွေ့နိုင်တယ်

' ဘာလို့လဲ ထွက်ခွာသွားတော့မယ်ဆိုရင်လဲ ဒီအတိုင်းလေးပဲ ထားခဲ့ပါလား နောင်တတွေတစ်ပွေ့တစ်ပိုက်နဲ့ ထွက်ခွာသွားရကြောင်းကို စာမရေးခဲ့သင့်ဘူး စိတ်မချလို့ စောက်ရှောက်ပေးခဲ့ဖို့ ဟန်ဘုရင် ကိုမမှာခဲ့သင့်ဘူး နာကျည်းလက်စနဲ့ မေ့မေ့ပျောက်ပျောက် ကျမ ရှိနေခဲ့ရင် ခံစားရသက်သာမလားပဲ ဒီဒဏ်ရာအတွက် ကျမ ဖြေဆေးမရှိပြန်ဘူး '

တစ်နာရီပီး တစ်နာရီကြာမြင့်ပီးနောက် မြောက်မြားစွာသော လူတွေလည်း တရွေ့ရွေ့ ပြန်ကုန်ကြတယ် တိတ်ဆိတ်သွားတဲ့ သုသာန်ပြင်မှာ အရာရာဟာ အမှောင်ဖုံးလျက် ချမ်းစိမ့်စိမ့်အနေအထား မှာသူမက တော့ရပ်မြဲအတိုင်းပင် လတ်လတ်ဆတ်ဆတ် ကျနေတဲ့ မျက်ရည်စ များက မျက်နှာပေါ်မှာ ဟိုတစ်စ ဒီတစ်စ ချမ်းအေးစေတဲ့လေတိုက်ခတ်များနဲ့အတူ သူမ
လှုပ်လှုပ်ရှားရှားဖြစ်လာတယ်

' မှာကြားခဲ့တဲ့ စာ ထဲကလို အသက်မသေခင် သူမအတွက်ပူပန်ပေးခဲ့သေးတာပဲ နေပါစေလား ရင်နာစရာအကြောင်းအရာတွေ မသိခဲ့ပဲနဲ့ ထွက်ခွာသွားရရင် ပိုအေးချမ်းသွားရမယ်မလား ထူးမလာတဲ့ ဇာတ်တစ်ပုဒ်ကို ရင်နာလွန်းလို့ ထပ်ခါထပ်ခါ တွေးပီးငိုနေလည်း ဇာတ်ကမပြောင်းလဲသွားဘူး ကိုယ်တိုင် သီဖွဲ့ခဲ့တာမှမဟုတ်ပဲ ကြိုးဆွဲရုပ်သာသာ ဖြစ်ခဲ့တာကို နားလည်တာမို့ လက်ခံပါတယ် အကြောင်းအရာတွေကို
ပိုပီးတော့သာ အကျိုးအကြောင်း အစုံအလင်နဲ့ တွေးတောပီးမှသာ ယုံကြည်ပေးခဲ့မယ်ဆိုရင် ဇာတ်က
နာလောက်မယ်မထင်ဘူးလို့ စဉ်းစားမိတော့ စိတ်နာနေချင်းတုန်း ပဲ တကယ်ဆို အဓိက နေရာကိုရခဲ့ရဲ့သားနဲ့ ပစ်ပစ်ခါခါကို ကျောခိုင်းခဲ့တာမလား'

အချစ်များဖြင့်သာ S2Where stories live. Discover now