part 11 (Z&U)
3.4K 241 7
အချစ်များဖြင့်သာ (or) ချစ်ခြင်းအလင်္ကာ S2
အပိုင်း ၁၁ (Z&U)
ကျိယန် '' မင်းကြီး သမားတော်ရောက်ပါပီ''
လန့်ကျန့် '' ဝင်ခဲ့''
သမားရောက်ပီဆိုတာနဲ့အရှင်က ရှန့်ငယ်ရဲ့ခါးလယ်လောက်ခြုံပေးထားတဲ့စောင်ကို ရင်ဘတ်ပေါ်ထိ ခြုံပေးလိုက်တယ်
သမားတော်က စမ်းသပ်ပီးတော့ အရိုအသေပြုကာ
" မစိုးရိမ်ရတော့ပါဘူးအရှင် ဖျားနေပီး ခရီးအပြင်းနှင်ရတော့
အရမ်းပင်ပန်းသွားရတဲ့သဘောပါ ခဏနေရင် ဆေးကြိုပီး
ပိုလိုက်ပါမယ် '' ''ကောင်းပီ ကျိယန် သမားတော်ကိုပြန်ပို့ပေးလိုက်မိန်စုကို ဆေးယူဖို့ တစ်ခါတည်းခေါ်သွား''
"အမိန့်အတိုင်းပါအရှင်''
သမားတော်ထွက်သွားတော့မှ အရှင်လည်း ရှန့်ငယ်ရဲ့နဘေးကို ဝင်လှဲကာ ကိုယ်သေးသေးကို အသက်ရှူမကြပ်စေရန် ခပ္ဖြဖြေလးဖက္ကာ အရှင်လည်း အိပ်စက်ခြင်းသို့
"ချလွင်'' ဒီအသံ ဝေ့ရင်း မက်မွန်တောထဲရောက်နေရပြန်ပီ
ဝေ့ရင်းမှတ်မိလိုက်ပီ မက်မွန်ပင်ခပ်ကြီးကြီးအောက်ရောက်တော့ 'ချလွင်' အသံပေးပီး သူလန့်နိုးခဲ့ရတာ ဝေ့ရင်းသူ့ခါးကြားက ပုလွေကိုပြန်ကြည့်ကာ ပုလွေက ဒီကရခဲ့တာပဲ ခုကပြန်ပေးရမှာလား ဝေ့ရင်းတီးတိုးရေရွတ်တော့ "ချလွင် ချလွင်'' အသံနှစ်ချက်တည်းပေမယ့် အဓိပ္ပါယ်တေ
များစွာရှိနေတယ် ဝေ့ရင်းက အဓိပ္ပါယ်ကိုသိနေတယ်
"သူက အရှင်နဲ့ဝေ့ရင်းနဲ့ အစောက်အရှောက်သဘောပါ အရှင်နဲ့ဝေ့ရင်း ကြားက မလိုလားအပ်တဲ့စိတ်ရှုပ်မှုတေနဲ့ မလိုလားအပ်တဲ့ပူပန်မှုတေကို ပျက်ပျယ်အောင် ကာကွယ်ပေးရတဲ့ ငြိမ်းချမ်းရေး ခြူ လေးပါတဲ့ '' 'ချလွင် ' ''လိုအပ်တဲ့ချိန်မှပေါ်လာပေးပီး အနားမွာ အမြဲရှိနေမှာပါ ပုလွေက သခင်ရဲ့အပိုင်မို့ ပိုင်ရှင်လက်ထဲ ပြန်ပေးတာပါ''  ဝေ့ရင်း ခြူ သံလေးကို
နားစွင့်ရင်း လေပြေအဝှေ့မှာ ခပ်သင်းသင်း မက်မွန်ရနံ့ လေးတေက စိတ်ကိုတကယ်ပဲ အေးချမ်းစေတယ် '' အရှင့်ကို ဒီနေရာ ခေါ်လာချင်လိုက်တာ''  'ချလွင်'  ''နှုတ်ဆက်ပါတယ်သခင်''  ဝေ့ရင်း စိတ်ကြည်လင်စွာ နိုးလာခဲ့တယ်  ကျောဘတ်က နွေးထွေးမှုရနေလို့ ကိုယ်လေးကိုရွှေ့ကာ လှည့်လိုက်တော့ အရှင်ကရင်ခွင်ကျယ်ကြီးက စီးကြိုနေလေရဲ့
"အရှင့်မျက်နှာကို မော့ကြည့်လိုက်တော့ အရှင်ကအိပ်ပျော်နေတုန်းပင် ခံ့ညားလွန်းတဲ့အရှင်က အိပ်ပျော်နေတာတောင် မနာလိုလောက်အောင်ကြည့်ကောင်းနေစဲ အရှင့်ရင်ခွင်ကျယ်ကြီးကို လက်ညိုးသေးသေးလေးနဲ့ စပ္စပ္စုစု ထိကြည့်နေမိပြန်တယ် ဘာလို့မှန်းမသိ ရှန့်ငယ်က တခ်ခ်နဲ့ ထရယ်တတ်ပါသေးတယ် ''  ရင်ခွင်ထဲက ယုန်ပေါက်ရဲ့ တလှုပ်တရွရွ
ဖြစ်နေမှုကြောင့်အရှင် နိုးလာခဲ့တယ် ယုန်ပေါက်ကို ငုံကြည်တော့ လမ်းမှာတုန်းကလို နဖူးနဲ့ရင်ဘတ် ခပ်ဖွဖွတိုက်ကာ  တခ်ခ် နဲ့ ထရယ်လိုက်ပါသေးတယ် အူယားလောက်အောင် တလှုပ်လှုပ်ဖြစ်နေတဲ့ ယုန်ပေါက်ရဲ့ ခါးပေါ်တင်ထားတဲ့ ကိုယ်တော့်လက်တေက ပိုတင်းကြပ်ကာ ဖက်လိုက်တော့ ''အင့် အ အရှင်'' ''ကိုယ်တော့် ယုန်ဖြူလေးက ဘာတေကိုသဘောကျနေလဲ ဟင် ပြောပါဦး'' 
"ဘာ ဘာကိုသဘောကျနေလို့လဲ''  မကြည်ကြည့်နဲ့ ယုန်ပေါက်က လူမိသွားတော့ ချက်ချင်း နှုတ်ခမ်းစူလိုက်တယ်
'' ဒါဆို ကိုယ်တော့ရင်ဘတ်က ရွစိရွစိနဲ့ သေးသေးကွေးကွေး အရာလေးက လာလာထိတယ် ဘာပါလိမ့်''
နဖူးနဲ့ တိုက်တာပဲမြင်လိုက်တဲ့ အရှင်က နဖူးသေးသေးလေးကိုရည်ညွှန်းလိုက်တာဖြစ်ပေမယ့် အရှင့်ရင်ခွင်ထဲ ယုန္ပုစိမွာ ချက်ချင်းထလိုက်တယ် အရှင်ကတော့ လက်တစ်ဖက်ကို တစ်တောင်ကွေးပီး ခေါင်းကိုထောက်ကာ လဲလျောင်းနေရင်းပင် ယုန်ပေါက်ဘာလုပ်မလဲ ကြည့်နေမိတယ် '' ဘာသေးသေးကွေးကွေးလဲ ဒီမွာဒီမွာ ကြည့် '' ယုန်ပေါက်က သူ့လက်ညိုးလေးနဲ့ အရှင့်ဆံနွယ်တစ်မျှင်ကိုဆွဲယူကာ  ကျန်နဲ့လက်တစ်ဖက်နဲ့ယှဉ်ပြပီး
" မေသးဘူး တွေ့တယ်နော် ဟွန့် '' တစ်ခါမှမမြင်ဖူးတဲ့ ယုန်ပေါက်ရဲ့ ဂျစ်ကန်ကန် အမှုအရာကို အရှင်က မျက်လုံးဝိုင်းကာ ဘာစကားမှမဆိုနိုင်ပဲ ပြုံး၍သာ ကြည့်နေပီး စိတ်ထဲမှလည်း'' တော်သေးတယ် နဖူးကိုသာ သေးတယ်ပြောတာသိရင် '' တွေးရင်းအရှင်က နှုတ်ခမ်းစူနေတဲ့ ယုန်ပေါက်ကိုကြည့်ရင်း အသံထွက်အောင်ပင်ရယ်လိုက်တော့  ယုန္ပုစိက
မကြည်ကြည်နဲ့ ကြည့်နေလေရဲ့
" အာ အဲ့လိုကြီးမကြည့်နဲ့ကွာ''
"အရှင်က ရှန့်ရှန့်ကို သလျော်နေတာလေ ''
"မသေလ်ာ်ရဘူးကြာ တကယ္မသေလ်္ဘာူး''
"ဘုရင်ဖြစ်ပီး ညာတယ် လူကိုသေးသေးလေးဆိုပီး အော်ရယ်နေတာလေ ဟွန့် ဟွန့်''
တစ်ဖက်လှည့်သွားတဲ့ မျက်နှာနုနုကို အရှင်က လက်တစ်ဖက်နဲ့ ပြန်ဆွဲစေကာ ချော့တော့ ရှန့်ရှန့်က လက်နှစ်ဖက်ကို ပိုက်လိုက်ကာ ခပ်စွေစွေ ကြည့်ပီး မျက်စောင်းထိုးလိုက်ပါသေးတယ် ဟန်တိုင်းပြည်ရဲ့ ရေမြေ့သခင်က မျက်စောင်းထိုးခံလိုက်ရလို့ ဒဏ်ရာအကြီးအကျယ်ရကာ ကြည်နူးနေလေရဲ့'' အား အား အ'' ''ဘာ ဘာဖြစ်တာလဲအရှင် ဘယ်နားကနာလို့လဲဟင် အရှင်ပြောဦးလေ ပြူးကြည့်မနေနဲ့
ဘယ္နားက နာလို့လဲလို့ ''  ''ဒီနေရာ ဒီနေရာက ကိုယ်တော်အရမ်းအောင့်လောက်အောင်ခံစားရတယ်''
"ဟင် '' နှလုံးသား နေရာကို ရှန့်ငယ် ရဲ့ လက်ကလေးကိုယူပီးတင်လိုက်တော့ ကိုယ်တော့်ရင်ခုန်သံတေ ရှန့်ငယ်သိပါစေ '' အရှင် ရင်တေအရမ်းခုန်နေတယ် ပင်ပန်းလို့လားဟင်''
စကားလုံးတေက မသိချင်ယောင်ဆောင်နေပေမယ့် မျက်နှာနီနီလေးက လိမ်လို့မရခဲ့ဘူး လဲလျောင်းရာက ထလာတဲ့အရှင်က ရှန့်ငယ် နဖူးလေးကို နှုတ်ခမ်းလေးနဲ့ နမ်းလိုက်ပီး ရှန့်ငယ်ကို ပွေ့ချီကာ နန်းဆောင်အနောက်ဘတ် ဥယျာဉ်တော်ကို
ခေါ်ဆောင်သွားခဲ့တယ် ဘာကိုဆိုလိုမှန်းသိနေတဲ့ ရှန့်ငယ်က အရှင့်ရဲ့ အပြူအမှုတေကို ခုန်နေတဲ့နှလုံးသားအား လျစ်လျူ ရှု၍ ဝင်သက်ထွက်သက်မှန်အောင်ပင် အသက်ရှူ ပီး  အရှင့်ခေါ်ဆောင်ရာ လိုက်ပါသွားခဲ့တယ်
အချစ်များဖြင့်သာ S2Where stories live. Discover now