part 5(Z&U)

3.8K 263 1
                                    

အချမ်များဖြင့်သာ (or)  ချစ်ခြင်းအလင်္ကာ

အပိုင်း ၅

သူများတေ Zawgyi Unicodeတိုင်ပတ်နေပေမယ့် ကိုယ့်ဒါဒါလေးတို့ အဆင်ပြေနေတာတော်သေး🙄🙄

ဝေ့ရင်း  '' ဟိုလေ အိပ်လို့မရသေးဘူးလားဟင်''
လန့်ကျန့် ''ဟမ် ''
ဝေ့ရင်း '' ဒီလိုလေ ရှန့်ရှန့် က ညကတုန်းကလည်း ညဥ့်နက်မှအိပ်ရတယ် မနက်ကလည်း အစောကြီးထရတယ်
ညနေကျရင်လည်း ခရီးထွက်ရဦးမယ် အားရှိနေဖို့လိုတယ်လေ အာ့ကြောင့် ခုလည်း လုပ္စရာ ဘာမှမရှိလို့ အိပ်တော့မယ်နော်  အရေးကြီးရင် နိုးဦးနော်''

တဆိတ် သူပြောနေတဲ့ ငါကိုယ်တော်က ဘုရင်လေ ဘယ်နှယ့်ကြောင့် သူ့ကို အိပ်ယာနိုးပေးရမယ့်လူဖြစ်သွားရပြန်လဲ

ပြောချင်ရာတေပြောပီး အိပ်ဖို့တာစူလျှက် အိပ်ယာပေါ် ခုန်ဆီ ခုန်ဆွ တတ်သွားတဲ့ ကြင်ယာတော်ကိုကြည့်ပီး လန့်ကျန့် အမည်ပေးလိုက်တယ်'' ယုန်ဖြူလေး'' လို့

ဝေ့ရင်း '' ဟို မင်းကြီး ''

ကုတင်ပေါ်ရောက်ကာမှ ခေါ်လိုက်တဲ့ ယုန်ပေါက်

လန့်ကျန့် '' အင်း ပြော''( အသံက ခပ်ပျော့ပျော့ပါနော်)
ဝေ့ရင်း '' စောစောကလို အချို  မုန့်တေ နောက်တစ်ခါ ရှန့်ရှန့် သီးသန့်အဆောင်ပြောင်းရရင် မပို့ခိုင်းနဲ့သိလားမကောင်းဘူး ဖွယ်တယ်အရသာက မဆိမ့်ဘူး ပေါ့တယ်
ထင်မြင်ချက်အမျိုးမျိုးပေးပီးနောက် စိတ်ထဲနေသာသလိုရှိသွားတော့မှဝေ့ရင်း တုံးလုံး လှဲလိုက်တော့တယ် ''
'( ခုက မင်းကြီးရဲ့ အိပ်ဆောင်တော်မှာပါ)'

လန့်ကျန့် သူပြောတဲ့မကောင်းဘူးဆိုတဲ့မုန့်ပန်းကန်က ဘယ်မုန့်ပန်းကန်ကို ပြောမှန်းမသိပေမယ့် ခုံပေါ်မှာတော့
ဘယ်မုန့်ပန်းကန်ထဲမှာမှ ဘာမုန့်မှ မရှိတော့ပေ တတ်လည်း တတ်နိုင်တဲ့ ကြင်ယာတော်လေးကိုကြည့်ပီး လန့်ကျန့် ရယ်ချင်စိတ်ကို အမြန် ထိန်းလိုက်ပေမယ့် ပြုံး လိုက်မိတော့သည် သို့ ပေမယ့်လည်း ထိုအပြုံးတို့ က ကြာရှည်မခံခဲ့ အသက်အန္တာရယ် ကိုပေးပီး သွားရမယ့် တောလမ်းခရီးထဲ နုနယ်တဲ့ ယုန်ငယ်လေး လမ်းပျောက်သွားမှာစိုးရိမ်မိတယ် ဒီလမ်းခရီး ဘယ်လောက်ကြမ်းလဲကိုယ်တော်အသိဆုံးမို့ အချစ်လိုအမည်မဖော်သေးတတ်တဲ့ ရင်ထဲက အမျိုးအမည်မသိ ခံစားချက်တေကြောင့် ရေမြေ့သခင်ဟာ အိပ်ယာပေါ်ကအပူအပင် မရှိစွာ အိပ်ပျော်နေတဲ့ ယုန်ဖြူ လေးကို ငေးမောနေမိတယ် ယုန်ဖြူလေးကတော့ အိမ်မက်တေ လှနေခဲ့လေရဲ့

အချစ်များဖြင့်သာ S2Where stories live. Discover now