part 37 (Z&U)

2K 146 5
                                    

အချစ်များဖြင့်သာ (or) ချစ်ခြင်းအလင်္ကာ S2

အပိုင်း ၃၇ (Z&U)

နှစ်ပတ်ရှိသွားခဲ့ပီ နှစ်ပတ်

စစ်ကြီးပြီးတော့ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ စစ်ဖြစ်ရာအနီးအနားက ပြည်သူတွေကြောင့် အရှင်က ပြန်မလာနိုင်သေးဘူးလို့ ယုန်လုံးက တွေးတယ်

အမြဲမှိုင်တွေနေတဲ့ ဧကရီလေးက တစ်ရက်ထက်တစ်ရက်ပိုဆိုးနေတယ် ရင်ဘတ်ကြီးနဲ့မဆန့်လောက်တဲ့အချစ်တွေကနေ ဖြစ်ပေါ်လာတဲ့အချစ်ကစတဲ့
အလွမ်းဒဏ်ရာက အရှင်ကုစားပေးမှရနိုင်မယ်
အေးစက်စက် လေစိမ်းတွေကြားမှာ မလှုပ်မယှက် ငိုင်နေတဲ့ ဧကရီလေးအတွက် တယုတယ ထွေးပွေ့မယ့် အရှင့်ရဲ့ လက်တစ်စုံလိုအပ်နေတာအမှန်ပါပဲ
တောတောင်သဘာဝကို နှစ်သက်တဲ့ဧကရီလေးက
ကျေးငှက်ကလေးတွေ တကျီကျီ သီကြူးသံတွေကို
မနှစ်မြို့ချင်လာဘူး အရှင့်ရဲ့နှုတ်ကထွက်ဆိုတဲ့ ချိုမြအက်ရှတဲ့ အသံတစ်စုံတစ်ရာမှ မဟုတ်လာရင် ဧကရီလေးရဲ့ နားနှစ်ဖက်က လက်မခံချင်တော့ဘူး ထင်ပါရဲ့လေ လှိုက်လှိုက်လှဲလှဲကမ်းပေးလာမယ့် အပေါ်ရုံလေးက အရှင်ပေးတာမှမဟုတ်ရင် မလိုအပ်ပါဘူး အသေးအမွှားကစ ယုယပေးထားတဲ့အခါ လွမ်းရသူက မတိုက်ဆိုင်ပဲရှိနေရင်တောင် စက္ကန့်မလပ်ခဲ့ဘူး အလွမ်းက မက်မက်မောမော ဖက်တွယ်ထားခဲ့တယ် အရှင်အနားမှာရှိလာမှ  သက်သာရာရမယ်ထင်တယ် အရှင်ကိုယ်တိုင် ကုစားမှ

မပျော်ရွှင်နိုင်တဲ့နေရက်တွေက အရှင်အနားမှာမရှိတဲ့အချိန်ကစခဲ့တယ်တဲ့ နားလည်မှုတွေရှိကြောင်း အကြောင်းတရားနဲ့ သိနေလည်း ရင်ခွင်ပျောက်တဲ့ ယုန်လုံးက လက်မခံချင်လာတော့ဘူး နှစ်ပတ်ဆိုတဲ့အချိန်ကာလဟာ သိပ်ကိုကြာလွန်းနေခဲ့တယ် မျှော်နေရသူက သိပ်ကိုပင်ပန်းနေပီမို့ ချစ်ခြင်းတရားတွေက
မနှစ်သိမ့်ပေးနိုင်ပေမယ့် အကဲပိုတယ်ဆိုဆို ဝေးလေ
ဘယ်လောက်ထိချစ်ရပါကြောင်း ပိုသိရလေပါပဲ
နီးတုန်းကလည်း အချစ်တွေကိုသိသလို ဝေးကွာတဲ့အခါမှာလည်း ယုန်လုံးက အချစ်တွေတစ်ပွေ့တစ်ပိုက်နဲ့ အရှင့်ကိုတမ်းတနေခဲ့တယ်

ယောင်ယမ်းကိုက်ခဲမိတဲ့ နှုတ်ခမ်းပါးလေးက အရှင့်ရဲ့ ချစ်မြတ်နိုးစွာ ​ခြွေမဲ့အနမ်းတစ်ချို့ ကိုလည်း
လိုချင်မိပါသေးတယ်

အချစ်များဖြင့်သာ S2Dove le storie prendono vita. Scoprilo ora