part 6(Z&U)

3.8K 283 6
                                    

အချစ်များဖြင့်သာ (or) ချစ်ခြင်းအလင်္ကာ

အပိုင်း ၆

font အပြောင်းအလဲနဲ့ စာလုံးပေါင်းတေက မွားတာ
သည်းခံပေးကြပါဦး 🙃🙃🙃🙃

မိန်စု သခင်လေး သွားနေရင်းက ရုတ်တရက် နောက်ပြန်လှည့်ပီး မင်းကြီးအနောက်ဘတ် ရောက်သွားတဲ့ သခင်လေးအနားကပ်မလို့ ခြေလှမ်းပြင်နေတုန်း ဆိုင်တစ်ဆိုင်ဘတ်ကိုကြည့်လိုက်တော့ သခင်လေးအကြိုက် ကိုတွေ့တာကြောင့် မိန်စု စုထားတဲ့ အသပြာလေးတေနဲ့ ထိုအရာကို ဝယ်လိုက်တယ် ဝယ်ပီး တယုတယ ပွေ့ပိုက်ရင်း ရှေ့နားကိုအတော်ရောက်နေပီဖြစ်တဲ့ သခင်လေးတို့နောက်ကို အမှီလိုက်ဖို့ ကြိုး စားလိုက်ပေမယ့် ပါးစပ်ကိုအုပ်ကာ ဆွဲခေါ်ခြင်းခံရလို့ ရုန်းရင်းကန်ရင်းနဲ့ပင် ထိုလူရဲ့ခေါ်ဆောင်ရာ လမ်းကြိုလမ်းကြားသို့ ရောက်လာခဲ့ရတယ် မဲမဲ ဝဝနဲ့ ရုပ်ဆိုးဆိုး လူသုံးယောက်က မိန်စုကို သရေ တမျှားမျှား နဲ့ အကြည့်တို့က
ကြောက်မက်ဖွယ်ရာပင်  သခင်လေးအတွက် ဝယ္ထားတဲ့ အရာလေးကိုလည်း ရင်ဘတ်ထဲ၌ ပွေ့ပိုက်ထားတာ ဒူးတို့
တုတ်လျှက် အော်ဟစ်ကာ အကူအညီတောင်းသော်လည်း

" မိန်စုရေ မိန်စု'' 

ဈေးထဲ၌ အသံကျယ်ကျယ် ခေါ်နေသော
ဝေ့ရင်း  ကျိယန်နဲ့ရှင်းချန်က လူစုခွဲ ထွက်သွားပီးဝမ်နင်က တစ်ကိုယ်တည်း ထွက်သွားခဲ့တယ်

အရှင်ကတော့ မျက်ရည်လေးတေ ဝေ့ကာ ငိုချင်နေသော ရှန့်ငယ်ကိုကြည့်ပီး ရင်ထဲ မကောင်း ရှန့်ငယ်သွားရာ အမှီလိုက်ရင်း လူပြတ်တဲ့ လမ်းကြားထဲ အော်သံကြားလိုက်လို့ ထိုလမ်းကြားကို အရောက်မှာ ကျိယန် ရှင်းချန် နဲ့ ဝမ်နင်တို့လည်း  ထိုလမ်းကြားထဲက စုတ်စုတ်ပြတ်ပြတ် အိမ်ခေါင်ပေါ်တေကို တစ်ပြိုင်နက် ရောက်လာကြတယ်  ဝေ့ရင်း လမ်းကြားလေးမှာ မြင်လိုက်ရတာက လက်မောင်းသားက အင်္ကျီစတေ ဆွဲဖြဲတာခံနေရတဲ့ မိန်စု ဝေ့ရင်းအတွက် မိန်စုဆိုတာ အစ်မလို အမေလို ညီမလို အမြဲစိတ်ပူပင်ကာ အမြဲပွစ်ပွစိနဲ့ အမေကြီးလို သွေးသာမတော်ပေမယ့် မိသားစုဝင်တစ်ယောက်လို ဝေ့ရင်းက မိန်စုကို တစ်ခါလေးမျှ အစေခံလို သေဘာထားပီး မဆက်ဆံခဲ့ဘူး ဝေ့ရင်း ဒေါသတို့ ထိန်းချူပ်မရ တုန်တုန်ယင်ယင်နဲ့
မိန်စုရဲ့ မျက်နှာကို ကိုင်တော့မယ့် ထိုလက်မဲမဲကြီးကို အရှင့်လက်ထဲက ဓားကိုဆုတ်ကိုင်ကာ လက်မောင်းအရင်းနားကို
ဖြတ်ချလိုက်မိတယ် အမှန်တကယ်ဝေ့ရင်းက အပေါ်ယံပဲ
ဖြစ်စေချင်ပေမယ့် ထိန်းမရတဲ့ဓားက လက်မဲမဲကြီးကို
မြေပြင်ပေါ် ပြုတ်ကျသွားစေအောင် ခုတ်ချလိုက်တယ်
လက်ပြတ်တဲ့ ထိုလူက အော်သံနက်ကြီးနဲ့ ပေါ်ဟစ်ကာ ငိုယိုနေပီး ကျန်တဲ့နှစ်ယောက်မှာလည်း ဒူးထောာက်ချကာ
တောင်းပန်နေကြရတယ် ဝေ့ရင်းကတော့ ဘာကိုမှမကြည့်နိုင်ဘဲ မိန်စုအနားသွားကာ နန်းပြင်ထွက်လာတုန်းက အပြင်မှာမိုးတေအုပ်နေတယ် ဆိုပီး မိန်စုထပ်ပေးခဲ့တဲ့ အပေါ်ရုံလေးကို မိန်စုရဲ့ပုခုံးပေါ်အမြန်ခြုံပေးလိုက်တယ် တုန်ယင်နေတဲ့မိန်စုက ဝေ့ရင်းကိုကြည့်ပီး မျက်ရည်များကျကာ
" သခင်လေးရောက်လာမယ်မှန်းသိသားပဲ အင့် သခင်လေးအတွက် ''
  ဝေ့ရင်းရဲ့လက်ထဲကို အမွေးပွပွနဲ့ ယုန်ဖြူဖြူလေး
တစ်ကောင်ကို မိန်စုက ပြုံးကာ သေချာထည့်ပေးနေရင်း
" အိမ်တော်က ယုန်တေကို သခင်လေးတောက ပြန်လာမှ
သွားခေါ်ကြမယ်နော် သခင်းလေး အနား မိန်စုတို့ ခဏ မရှိချိန် သခင်လေး ပျင်းနေမှာစိုးလို့ ပီးတော့ ဒီဖြူ လုံးလေးက
လှောင်အိမ်ထဲကနေ သခင်းလေးကိုကြည့်နေရှာတာ
သခင်လေး သေချာစောင့်ရှောက်ရမယ်နော် '' 

အချစ်များဖြင့်သာ S2Where stories live. Discover now