part 9

3.6K 242 17
                                    

အချစ်များဖြင့်သာ (or) ချစ်ခြင်းအလင်္ကာ S2

အပိုင်း ၉ (Z&U)

ဝေ့ရင်းတောထဲက ထွက်လာတော့မှ လေထဲမှာလွင့်နေတဲ့ပီချန်မှာ အရှင့်လက်ထဲပြန်ကျရောက်လာပီး တည်ငြိမ်သွားတော့တယ် အရှင်နဲ့ ရှန့်ငယ် စကားပြောနေတုန်း ကျားရဲ့ ဝေယွီနဲ့ နတ်ဆရာမအပေါ်ဒေါမာန်ကြီးစွာ တိုက်ခိုက်ဟန်ပြုနေမှုကြောင့် အရှင်က ချက်ချင်းသဘောပေါက်လိုက်တယ်
ပီချန်ကိုဆွဲထုတ်လိုက်တဲ့အရှင်ကြောင့် ရှန့်ငယ်မှာ လမ်းလျောက်ရသည်မှာတောင် ယောင်အမ်းအမ်း အရှင်က
ထက်လှတဲ့ ဓားသွားကို ဝေယွီ ရဲ့ လည်ပင်းပေါ်တင်လိုက်တယ်  ရုတ်တရက်ဆန်လွန်းတဲ့အခြေအနေကို လိုက်မမှီသူက ဝေ့ရင်းကိုယ်တိုင်ပင် ကျန်သူတေကတော့ပွဲကြည့်ပရိတ်သတ်
ချန်မင်းကြီး  '' ဒါဘာယ်လိုအပြုအမူမျိုးလဲ ဟန်ဘုရင်''
လန့်ကျန့် '' ချန်မင်းသမီးအပေါ် ချန်မင်းကြီးရဲ့ ဆိုဆုံးမထားမှုက ညံဖျင်းလွန်းတယ် ''
ချန်မင်းကြီး '' ဟန်ဘုရင်က စစ်ခေါ်တဲ့ သေဘာပါလား''
လန့်ကျန့် '' ခုအခြေအနေမှာတင် ချန်နိုင်ငံက ဟန်နိုင်ငံ လက်အောက် ခစားရမယ်ဆိုတာ ချန်မင်းသမီးစကားတေက
သက်သေပြထားတာယ်  ချန်ဘုရင်''
ချန်မင်းကြီး '' ဟန်ဘုရင်က ငယ်ရွှယ်ပီး ရှေ့ရေးကို မတွေးတောတတ်မှန်း မထင်ထားခဲ့ဘူး ''
လန့်ကျန့်'' ချန်ဘုရင်လည်း ချန်နိုင်ငံရဲ့ ရှေ့ရေးကိုကြိုတွေးတတ်ခဲ့ရင် ချန်မင်းသမီးရဲ့ အကြံအစည်တေကို နတ်ဆရာမနဲ့ပူးပေါင်းပီး အားပေးအားမြှောက်မပြုသင့်ဘူး ချန်ဝေယွီ ကိုယ့်အပြစ်ကိုယ် ဝန္ခံပါ ''

ငယ်ရွှယ်တယ်ဆိုပီး အထင်သေးမိတဲ့ ချန်မင်းကြီးမှာ ဟန်နိုင်ငံကို လိုချင်တာကြောင့် သမီးတော်နဲ့ဟန်ဘုရင်ကို လက်ဆက်စေပီး သိမ်းယူစေရန်ဖြစ်သည် ဝေ့ရင်းက ဆူးညောင့်ခလုပ်ဖြစ်တယ်လို့ သမီးတော်ရဲ့စကားကြောင့် နတ်ဆရာမနဲ့တိုင်ပင်ကာ လုပ်ကြံခဲ့ခြင်းအကျိုးဆက်က
မိမိရဲ့ ချန်နိုင်ငံကိုပါ လည်စင်းခံပေးရမယ့်အနေအထားမို့
စိတ်တို့က ဆောက်တည်ရာမရခဲ့ မတော်လောဘကြောင့်
ရှိနေတဲ့ရာထူးမှ အောက်သို့ မလွမပ လိမ့်ကျခဲ့ရပေပေါ့လား

ဝေ့ရင်းမှာ လိုက်မမှီတဲ့အခြေအနေကို ဝူကျန့်ကိုထိန်းရင်းမှ
အနည်းငယ်သာရိပ်စားမိသည် မိမိကို မနာလိုနေမှန်းသိပေမယ့် ပြောပုံအရဆို ကိုယ်က လုပ်ကြံခံနေရတာလား
ကိုယ့်မှာတော့ နှစ်နိုင်ငံပြေလည်ပါစေဆိုပီး ကျားကိုတောင်မကြောက်မလန့် ဖမ်းမိခဲ့ရတာ သူတို့ကတော့ နောက်ကွယ်က လုပ်ကြံနေတယ်တဲ့လား ဝေ့ရင်းရဲ့နေရာကို ဒီလောက်တောင်မက်မောလား ဝေယွီ 'အဟက်' ခြောက်ကပ်ကပ်ထရယ်လိုက်တဲ့ ဝေ့ရင်းကြောင့် ဝေယွီ မွာ ကြောက်စိတ်တို့ပိုလို့ပင်တိုးလာရချေပီ အပြစ်ကို ဝန်လည်းမခံ စကားလည်း တစ်ခွန်းမှ မဆိုလာတဲ့ဝေယွီကို လန့်ကျန့်စိတ်ပျက်စွာ တစ်ချက်ကြည့်လိုက်မိတယ် ရှန့်ငယ်ရဲ့ နာကျည်းနေတဲ့ရယ်သံက အရှင့်ရင်ကို ဓားနဲ့မွှန်းသလို အရှင်က ရှန့်ငယ်ကို
ကြည့်လိုက်ပေမယ့် ရှန့်ငယ်ကတော့ ဝေယွီကိုစိုက်ကြည့်နေမြဲ အငိုက်မိပီထင်လိုက်တဲ့ဝေယွီက အရှင့် လက်ထဲက ပီချန်ကိုဆွဲကာ ဝေ့ရင်းတည့်တည့် ထိုးဖို့ဟန်ပြင်လိုက်ပေမယ့်  ဝေယွီ လက် ဆွဲခေါ်ရာ မလိုက်တဲ့ပီချန်က ဝေယွီရဲ့ ရင်ဝတည့်တည့်ကိုသာ ပြန်စိုက်လို့ မျက်လုံးတောင်မပိတ်နိုင်ရှာပဲ သေပွဲဝင်ခဲ့ရှာတယ် ကြောက်ကြောက်ရွံရွံ ဒူးတုန်နေတဲ့ နတ်ဆရာမမှာတော့ နေရာမှာပဲ သွေးထပ်အံကာ ပြင်းစွာတဲ့ဝေဒနာတဲ့ အသက်ဆုံးရှုံးရတယ်

အချစ်များဖြင့်သာ S2Where stories live. Discover now