Zawgyi version
ပတ်ဝန်းကျင်သည်နီယွန်မီး၏အလင်းရောင်ကြောင့်...အနည်းငယ်တော့လင်းနေသည်ဒါပေမဲ့အရာရာကိုကွဲပြားစွာမြင်ရသည်အထိတော့မဟုတ်...ထိုအလင်းရောင်အားနည်းနေသည့်အခန်းတွင်းသို့သူအနည်းငယ်ဝေ့ကြည့်လိုက်မိသည်...အခန်းတစ်ခုလုံး၏အပြင်အဆင်အရစာကြည့်ခန်းဖြစ်နိုင်သည်ဟုသူတွေးမိသည်...သူ့မျက်လုံးထောင့်မှမြင်နေရသည့်အရာမှာစာအုပ်စင်တစ်ခု...ဒီအခန်းပိုင်ရှင်ကစာတော့အတော်ဖတ်ပုံရတယ်ထင်သည်ဒါပေမဲ့ဒါကသူ့အလုပ်မဟုတ်ပါဘူးလေ...သူ့အလုပ်ကသူဌေးဆိုသူနှင့်တွေ့ရန်သာ...တခြားသူနှင့်မသက်ဆိုင်သောအရာများကိုစိတ်ဝင်စားနေရန်မလိုတွေးကာရပ်စောင့်နေမိသည်
"မင်းဘယ်သူလဲ?"
သူ့နောက်မှပီသစွာထွက်ပေါ်လာသည့်အသံတစ်ခု...ဩရှရှအသံတစ်ခုနှင့်အတူသူ့နားထင်မှာသေနတ်တစ်လက်ကထောက်လျက်သား...အင်းကြည့်ရတာအိမ်ကြီးရှင်ကစိတ်မြန်လက်မြန်ရှိပုံရသည်...ကောင်းသားပဲမြန်မြန်ပြီးလေကောင်းလေပဲမဟုတ်ဘူးလား?...အချိန်ဆွဲနေရတာကိုသူလဲသိပ်မုန်းလှသည်
"ကျွန်တော်ပါPark...Ji..Min"
တမင်သံရှည်စွဲလိုက်ခြင်းဖြစ်သည်...ရစ်လိုက်တဲ့ဦးလေးကြီး...ထိုလူကလက်ထဲမှသေနတ်ကိုမချပဲ...သူမေးလိုရာကိုဆက်မေးပြန်သည်
"မင်းကိုငါမသိဘူး...မင်းငါ့အခန်းထဲဘယ်လိုရောက်နေတာလဲ...ရုတ်ရုတ်လာမလုပ်နဲ့နော်ငါဘယ်သူလဲမင်းမသိဘူးလား"
ထိုလူရဲ့စကားအဆုံးသူဟက်ဟက်ပက်ပက်ရယ်မောချလိုက်သည်...သူ့ကိုမသိဘူးလားတဲ့...သိစရာလိုလို့လား...ဒီလူတွေဆိုတာတစ်ခါပဲတွေ့ပြီးရင်ထပ်တွေ့စရာမလိုတော့မဲ့ဟာကိုသူမသိချင်ပါဘူး...သိဖို့လဲအချိန်မပေးချင်ဘူး
"ခင်ဗျားကြီးပဲကျူ ပ်ကိုခေါ်ထားတာမဟုတ်ဘူးလား...ခင်ဗျားရဲ့အတွင်းရေးမှူးဆိုလားဘာဆိုလားဗျာအဲ့ဒီသူခေါ်လို့ကျွန်တော်လိုက်လာတာ...သေနတ်ကြီးကိုချပါဦးဘဲကြီးရယ်...ကျူ ပ်ကိုစတွေ့ကတည်းကသတ်မယ်တကဲကဲလုပ်နေတော့တာပဲ"