Part-14

1.7K 227 18
                                    

Zawgyi version

Flashback~

"သခင်​​လေး​ချော်​လဲမယ်​အမြန်​မ​ပြေးနဲ့​လေ...ဖြည်းဖြည်းသွား​လေ"

ရှေ့က​ပြေး​နေ​သောသခင်​​လေးMinနှင့်​​နောက်​ကတဖွဖွသတိ​ပေးရင်း​ပြေးလိုက်​​နေ​သောအိမ်​​တော်​ထိန်းLeeကိုကြည့်​ရင်းအကုန်​ပြုံး​နေမိကြသည်​​။

"မြန်​မြန်​လာပါဆိုဦး​လေးLeeကလည်း...Daddyက​အောက်​မှာ​စောင့်​​နေပြီ"

အသက်​၁၅နှစ်​အရွယ်​လူပျို ​ပေါက်​သခင်​​လေးကိုသူ့လိုအဖိုးကြီးကဘယ်​လိုလုပ်​လိုက်​မှီမလဲ။

"ဖြည်းဖြည်းဆင်းလဲရပါတယ်​သခင်​​လေးရယ်​သခင်​ကြီးကမဆူပါဘူး"

သူ့စကား​တောင်​မဆုံး​သေးဘူးစိတ်​မြန်​လက်​မြန်​ရှိတဲ့သခင်​​လေးက​အောက်​ထပ်​​ရောက်​​နေပြီ။

"သခင်​​လေးတစ်​​ယောက်​ထိန်းရတာနဲ့တင်​ငါ့အသက်​ကဆယ်​နှစ်​စာ​လောက်​တို​နေပြီ"

သူပါဖြည်းဖြည်းချင်း​အောက်​ထပ်​ကိုဆင်းလာပြီးသခင်​ကြီးအနားမှာရပ်​​နေလိုက်​သည်​။

သခင်​​လေးကိုကြည့်​​တော့မျက်​လုံး​တွေကသူတို့​ရှေ့မှာထိုင်​​နေတဲ့က​လေးငယ်​​လေးကိုသာစိုက်​ကြည့်​​နေသည်​။

"Daddyအဲ့က​လေး​လေးကဘယ်​သူလဲ"

"အဲ့တာဦး​လေးKimရဲ့သား​လေ...နာမည်​ကKim Ji Hanတဲ့သားရဲ့"

"Kim Ji...Han"

မျက်​စိ​ရှေ့ကအ​သေး​လေးရဲ့နာမည်​ကိုတစ်​လုံးစီရွတ်​ရင်းမျက်​လုံးပြူးပြလိုက်​​တော့အ​သေး​လေးကထငိုသည်​။

"​ဖေ​ဖေအဲ့ကိုကိုက​ကြောက်​စရာကြီး..သားကိုမျက်​လုံးကြီးပြူးပြ​နေတယ်​"

ဦး​လေးKimက​တော့သူ့သားအငိုတိတ်​​အောင်​​ချော့ရင်းဘာမှမ​ပြောပဲရယ်​​နေ​ပေမဲ့Daddyက​တော့သူ့ကိုဆူလာသည်​။

"YoongiသားကိုDaddyဘာ​မှာထားလဲ...ညီ​လေးလာလည်​ရင်​ဂရုစိုက်​ဖို့​ဖေ​ဖေ​ပြောထားတယ်​​လေ..သားက​တော့စတာ​ပေမဲ့ညီ​လေးကလန့်​သွားပြီ"

Daffodils[Completed]Where stories live. Discover now