Part-15

1.6K 227 27
                                    

Zawgyi version

ကျောင်းဆင်း၍အိမ်​ထဲကို​လေတချွန်​ချွန်​နှင့်​ဝင်​လာ​သောသခင်​​လေးကိုကြည့်​ရင်းသခင်​ကြီးနှင့်​သူပြုံး​နေမိသည်​။

သူတို့နှစ်​​ယောက်​ဧည့်​ခန်းမှာထိုင်​​နေတာကိုအခုမှမြင်​ပုံရ​သောသခင်​​လေးကရုတ်​တရက်​အံ့ဩသွားပြီးမှနှုတ်​ဆက်​လာသည်​။

"ဟာDaddyဒီ​နေ့ပြန်​လာတာ​စောလှချည်​လား..ထူးထူးခြားခြား"

"Daddyကိုထမင်းစားဖိတ်​ထားတာရှိလို့​စော​စောပြန်​လာတာ"

"ဟုတ်​လား"

"သားပါတစ်​ခါတည်းလိုက်​ခဲ့ရမယ်​"

Daddyရဲ့စကားကြီး​ကြောင့်​သူ့မျက်​နှာရှုံ့မဲ့သွားရသည်​...အဲ့လိုထမင်းဝိုင်းကြီး​တွေသူမသွားချင်​ဘူး​အေးတိ​အေးစက်​ကြီး​တွေနဲ့ဘာကြီး​တွေမှန်းမသိ။

"သားမလိုက်​လို့မရဘူးလား...ဟို​လေသား...သားစာလုပ်​မလို့"

မလိမ်​တတ်​လိမ်​တတ်​နှင့်​လိမ်​လိုက်​ရ၍စကားထစ်​တိထစ်​​ငေါ့နှင့်​။

"သားရယ်​Mr.Kimကသားကိုပါအပါ​ခေါ်ခိုင်းထားတာ..Han​လေကသားကို​တွေ့ချင်​​နေတယ်​ဆိုလားပဲ"

"ဟင်​Han​လေး...Han​လေးတို့အိမ်​ကိုသွားရမှာလား"

"ဒါ​ပေါ့..ဒါ​ပေမဲ့သားကစာလုပ်​စရာ​တွေရှိ​နေတယ်​ဆို​တော့လည်းDaddyတစ်​​ယောက်​တည်းပဲသွားလိုက်​ပါ​တော့မယ်​"

"Okခဏ​စောင့်​Daddy..သားအမြန်​သွားပြင်​လိုက်​မယ်​"

လှေကားကိုအဆင့်​များပင်​​ကျော်​ကာအမြန်​​ပြေးတက်​သွား​သောသားကိုကြည့်​ပြီး​ခေါင်းတခါခါနှင့်​ပင်​ရယ်​​နေမိသည်​။

ဘေးမှာရှိ​နေ​သောအိမ်​​တော်​ထိန်းLeeဘက်​လှည့်​ပြီးစကားစလိုက်​သည်​​။

"အိမ်​​တော်​ထိန်းLee...သားကိုကြည့်​ပါဦး​ပျော်​မြူး​နေလိုက်​တာ"

"ဟုတ်​ပါရဲ့သခင်​ကြီးရယ်​"

"သားကသိပ်​အစွဲအလန်းကြီးတာဟို​နေ့ကHan​လေးကို​သူအကြိုက်​ဆုံးအရုပ်​​ပေးလိုက်​တယ်​ဆိုကတည်းကအဲ့က​လေး​လေးအ​ပေါ်သားဘယ်​​လောက်​ခင်​တွယ်​သွားလဲသိသာတယ်​...သား​လေးအခုလိုပြုံး​ပျော်​​နေတာမြင်​ရ​တော့Han​လေးကို​တောင်​​ကျေးဇူးတင်​မိတယ်​"

Daffodils[Completed]Where stories live. Discover now