Part-21

1.6K 190 25
                                    

Zawgyi version

ဒီ​နေ့ကိုကိုနှင့်​အပြင်​သွားကြမည်​ဖြစ်​​သော​ကြောင့်​နှိုးစက်​ထမမြည်​ခင်​ကတည်းကသူနိုး​နေမိသည်​။

မနက်​မနိုးမှာဆိုး၍alarm​တွေ​ပေးထား​သော်​လည်းတစ်​ညလုံးဟိုဘက်​လှိမ့်​ဒီဘက်​လှိမ့်​နှင့်​အိပ်​မ​ပျော်​သည်​မို့alarm​လေးခမျာထပင်​မမြည်​လိုက်​ရပဲအပိတ်​ခံလိုက်​ရသည်​။

ပြတင်း​ပေါက်​ကိုလှမ်းကြည့်​လိုက်​​တော့​နေ​ရောင်​ပင်​မြင်​​နေရပြီမို့အိပ်​ရာ​ပေါ်ကထရန်​ပြင်​လိုက်​သည်​။

အိပ်​ရာကထထချင်းမျက်​နှာတန်းမသစ်​​သေးပဲ​ဘေးမှာရှိ​နေသည့်​ကိုကို့အခန်းထဲ​ခြေသံကိုခပ်​ဖွဖွ​လျှောက်​ကာခိုးဝင်​လိုက်​မိသည်​။

ကုတင်​​ပေါ်မှာအိပ်​​မောကျ​နေသည့်​ကိုကို့ပုံဟာသူမြင်​​နေကျပုံနှင့်​မတူပဲကွဲထွက်​​နေသည်​..အမြဲလိုလိုခပ်​တင်းတင်း​စေ့ထား​လေ့ရှိ​သောနှုတ်​ခမ်းပါး​လေး​တွေကလည်းအခု​တော့ဖွင့်​ဟလျက်​...​သေသပ်​စွာဖြီးသင်​ထားတတ်​​သောဆံပင်​တို့ကလည်း​နဖူး​ပေါ်မှာ​ဝေ့ဝဲကျ​နေသည်​မှာတကယ့်​ကိုချစ်​စရာ​ကောင်းလွန်းလှသည်​။

ကြည့်​ရင်းကြည့်​ရင်းမ​နေနိုင်​​တော့သည်​မို့အနားကိုအသာ​လေးကပ်​သွားကာကိုကို့နဖူး​လေးကိုဖွဖွနမ်းလိုက်​သည်​။

"အ​မေ့"

နမ်းပြီးသည်​နှင့်​ကိုယ့်​အခန်းကိုယ်​ပြန်​ရန်​အပြင်​ရုတ်​တရက်​လက်​ကိုလှမ်းဆွဲလိုက်​​သော​ကြောင့်​ကုတင်​​ပေါ်ပုံလျက်​ကျသွားသည်​။

"အိပ်​​ပျော်​​နေတာမဟုတ်​ဘူးလားဟင်​"

သူ့ကိုအတင်းခွကာရင်​ခွင်​ထဲဆွဲသွင်းထား​သောကိုကို့​ကြောင့်​လူကပက်​လက်​​အ​နေအထားနှင့်​မလှုပ်​မယှက်​​နေ​နေရသည်​။

"နိုး​နေတာကိုယ့်​အခန်းထဲအနမ်းသူခိုး​လေးဝင်​မလာခင်​ကတည်းက"

"အဲ့တာကိုအိပ်​ချင်​​ယောင်​နေတယ်​"

ပက်​လက်​အ​နေအထားက​နေ​ဘေးကို​စောင်းလိုက်​​တော့ကိုကိုနှင့်​သူကမျက်​နှာချင်းဆိုင်​ဖြစ်​သွားသည်​..ကိုကို့လက်​​တွေက​တော့ခါးတစ်​ဝိုက်​မှာ​နေရာယူလျက်​။

Daffodils[Completed]Where stories live. Discover now