Zawgyi version
ခံစားရတာ များလာတဲ့အခါမှာ စိတ်ထွက်ပေါက်ဆိုတာ လိုအပ်လာတယ်။ အရင်က ကိုယ့်ဟာကိုယ်သတ်သေတဲ့သူတွေဆို သူရဲဘောကြောင်တဲ့သူ၊ သတ္တိမရှိတဲ့သူရယ်လို့ ပြစ်တင်ရှုံ့ချခဲ့မိတာတွေကို ကိုယ်တိုင်ကြုံမှပဲ ကိုယ်ချင်းစာတတ်ခဲ့တယ်။
ပင်ပန်းခြင်းတွေရဲ့အဆုံးမှာ sucideတာအပြင် တခြားနည်းလမ်းကို မစဉ်းစားခဲ့မိဘူး။ တစ်ခါလောက်တော့ သူရဲဘောကြောင်ကြည့်လို့ရတယ်မလား၊ တကယ်ကို လွတ်မြောက်ချင်လှပြီမို့။
အော်ဟစ်နေတဲ့အသံတွေ၊ ချစ်ရသူရဲ့အမုန်းစကားတွေကနေ အဝေးကို ထွက်ပြေးခဲ့တယ်။ တောင်းပန်စကားဆိုရုံအပြင် မတတ်နိုင်တဲ့ကိုယ်က မင်းရှေ့က ပျောက်ကွယ်သွားပေးမယ်လေနော်၊ ဒီလောက်ဆို မင်းကျေနပ်ပါကလေးငယ်....။
မျက်စိစုံမှိတ်ပြီး ပစ်လှဲချလိုက်တယ်။ ဒီခံစားချက်က ဘယ်လိုပြောရမလဲဆိုတော့ ဟင်းလင်းပြင်ထဲ ပစ်ကျသွားရသလိုပဲ။ မျက်လုံးလည်း ဖွင့်မကြည့်မိတော့ဘူး၊ မဟုတ်ဘူး မကြည့်ချင်တော့တာဆို ပိုမှန်မယ်ထင်တယ်။
မြေပြင်နဲ့ထိတွေ့ရတဲ့အခိုက်အတန့်....၊
သေရတာလွယ်တယ် ရှင်ရတာကမှခက်ခဲတာလို့ ပြောတဲ့သူတွေကို သေခိုင်းကြည့်ဦးမယ်။ နာတယ်ဗျ ခင်ဗျားတို့သိရဲ့လား၊ တစ်ကိုယ်လုံးက အရိုးတွေ ကြေမွသွားပြီလို့ကို ခံစားရတဲ့အထိကို နာတာ။
ခေါင်းနောက်ကနေ ပျစ်ချွဲချွဲအရည်တွေ ထွက်လာသလို ခံစားရတယ်။ အင်း သွေးတွေပဲ ဖြစ်မှာပေါ့။ တိုက်ပေါ်ကခုန်ချရင် တန်းသေသွားမယ်ထင်ခဲ့တာ၊ ဒီလိုနာရမယ်မှန်းသိရင် တခြားနည်းကို ရွေးခဲ့ပါတယ်။ အခုတော့ နာလို့ မျက်ရည်တွေတောင် ကျလာရပြီ။
နာတော့နာတယ်၊ ဒီဒဏ်ရာတွေကြောင့်တော့မဟုတ်ဘူး ရင်ဘတ်ထဲက တဆစ်ဆစ်ကိုက်နေတဲ့ ဝေဒနာကြောင့်....။