Part-8

1.9K 245 17
                                    

Zawgyi version

အ​မှောင်​ထုကြီးစိုး​နေသည့်​ခြံဝန်းကျယ်​အတွင်းတိတ်​ဆိတ်​စွာတည်​ရှိ​နေသည့်​အိမ်​ကြီးတစ်​လုံး   ထို​တိတ်ဆိတ်​​နေ​သောအိမ်​ကြီးအတွင်းတွင်​မီး​ရောင်​ပျပျ​လေးသာထွန်​ထားသည့်​အခန်း​လေးကအထီးကျန်​စွာတည်​ရှိ​နေသည်​။

ဝိုင်​ခွက်​ကိုအသာလှုပ်​ကာည​လေ​အေးကိုခံစား​နေ​သောသူတစ်​​ယောက်​....ခပ်​​အေး​အေး​လေနှင့်​အတူမွန်းကြပ်​​နေသည့်​စိတ်​ကို​ဖြေ​လျှော့​နေဟန်

တင်းထားသည့်​မျက်​ခုံးများ...​သေသပ်​​သောနှုတ်​ခမ်းပါးများနှင့်​ဝိုင်​ခွက်​ကိုအသာကိုင်​ကာ​သောက်​​နေသည်​မှာနတ်​ဘုရားတစ်​ပါးအလား

"​​ဒေါက်​..​ဒေါက်​"

အိပ်​မ​ပျော်​​သေး၍ဝိုင်​ထိုင်​​သောက်​​ရင်းအ​တွေးများ​နေမိတာ..အပြင်​ကတံခါး​ခေါက်​သံကြားမှသတိပြန်​ဝင်​သည်​။

"ဝင်​ခဲ့ပါ"

သူ့ခွင့်​ပြုသံအဆုံးတွင်​အသာဟလာသည့်​တံခါး....တံခါး​နောက်​ကွယ်​မှသူကဦး​လေးLee

"ဘာ​ကိစ္စများရှိလို့လဲဦး​လေးLee"

"သခင်​​လေးကိုစိတ်​ပူလို့ပါ"

"စိတ်​ပူတယ်​?...စိတ်​ပူရ​အောင်​ကျွန်​​တော်​ကအရင်​လိုမှမဟုတ်​​တော့ပဲ"

"သခင်​​လေးတစ်​ခုခုဖြစ်​မှာစိုးရိမ်​လို့ပါ"

"ကျွန်​​တော်​ဘာမှမဖြစ်​ဘူး...ဦး​လေးစိတ်​မပူပါနဲ့"

သူ့စကားအဆုံးသက်​ပြင်းခပ်​တိုးတိုးချလိုက်​သည့်​ဦး​လေးLee

"ဦး​လေးဘာဖြစ်​​နေတာလဲ...ကျွန်​​တော့ကိုအမှန်​အတိုင်း​ပြောပါ"

"ဟို​နေ့ကလာသွားတဲ့​ကောင်​​လေးက​လေHan​လေးနဲ့မတူဘူးလား...အဲ့က​လေးကိုမြင်​မြင်​ချင်းတုန်းကဦး​လေးအံ့ဩသွားခဲ့တာ"

"ဟို​နေ့ကလာတဲ့​ကောင်​​လေး?...​ဩော်​Park Jimin"

"နာမည်​ကPark Jiminတဲ့လား"

"သူဆိုရင်​​တော့ဦး​လေးထင်​သလိုHan​လေးလုံးဝမဟုတ်​ဘူး...Han​လေးဘယ်​​လောက်​လိမ္မာလဲဦး​လေးအသိဆုံးပါပြီး​တော့အခုချိန်​Han​လေးသာရှိ​နေ​သေးရင်​ကောင်း​ကောင်းမွန်​မွန်​ကြီးပြင်း​နေမှာသူ့လိုဆိုး​ပေ​နေမှာမဟုတ်​ဘူး...ဦး​လေးအ​တွေးများ​နေတာပါ"

Daffodils[Completed]Where stories live. Discover now