Part-23

1.5K 209 20
                                    

Zawgyi version

တစ်​မြို့လုံးကို သူ့​ခြေရာချင်း ထပ်​​နေ​အောင်​ ရှာခဲ့တာ​တောင်​ Minရဲ့အရိပ်​​တောင်​ မမြင်​ခဲ့ရသည်​မို့ စိတ်​ပူ​နေမိသည်​။ ရှင်းပြတာ​​တောင်​မ​စောင့်​ပဲ ထင်​ချင်​ရာထင်​ပြီး ​ပြေးထွက်​သွား​သော ​ကောင်​​လေးကို ​တွေ့မှ ​သေချာရှင်းပြရမည်​။

နေရာအနှံ့ရှာပြီးပြီမို့ ​နောက်​ဆုံးရှာစရာ​နေရာက အိမ်​ပဲကျန်​​တော့သည်​။ အိမ်​ပြန်​​ရောက်​လျှင်​လည်း ​ရောက်​​နေနိုင်​သည်​မို့ ကားကို အိမ်​ပဲ​မောင်းလာလိုက်​သည်​။

ကား​မောင်း​နေရင်း  Han​လေးက Jiminဆိုတာကို ဘယ်​လို​ပြောပြရမလဲဆိုတာပဲ ​တွေး​နေမိသည်​။ သူ့အချစ်​ကလည်း ဆန်းကြယ်​လိုက်​တာ။ လူတစ်​​ယောက်​ကိုပဲ နှစ်​ခါပြန်​ချစ်​မိရတယ်​လို့။

"ဒီတစ်​ခါ​တော့ကိုယ်​မင်းကိုလုံးဝလက်​မလွှတ်​​တော့ဘူးMin"

ဦး​လေးLeeကို​ပြောပြရမည်​။ ဦး​လေးLeeသိလျှင်​ အရမ်း​ပျော်​​နေမှာ ​သေချာသည်​။

အိမ်​​ရောက်​တာနှင့်​ ကားကို အမြန်​ထိုးရပ်​လိုက်​ပြီး ကမန်းကတန်းဆင်းလိုက်​သည်​။

ထူးဆန်းသည်​။ အရင်​က သူအလုပ်​ကပြန်​လာတိုင်း လာကြို​လေ့ရှိသည့်​ ဦး​လေးLeeကို ဒီ​နေ့မ​တွေ့။ ​နေမ​ကောင်းလို့များ နား​နေတာလား။

"ဦး​လေးLee...ဦး​လေးLee"

အော်​​ခေါ်​နေ​သော်​လည်း ထွက်​မလာသည်​မို့ စိတ်​ထဲတစ်​မျိုးဖြစ်​လာသည်​။ အ​ရေးကြီးကိစ္စ ​ပြောချင်​တာကို ဘယ်​​ရောက်​​နေမှန်းမသိ။

"​ဩော်​အကိုYoongiပြန်​လာပြီပဲ"

"Jiyeon..Min​ရော"

"ကိုကိုလား"

"အင်း"

"သူပြန်​မလာ​သေးဘူး​လေ..အကိုYoongiနဲ့အတူပြန်​လာမှာမဟုတ်​ဘူးလား"

"ဒီ​နေ့အတူမပြန်​ဖြစ်​ဘူး..Jiyeonစာလုပ်​စရာရှိတာလုပ်​​တော့​လေ"

Jiyeonက ​ခေါင်းငြိမ့်​ပြီး သူ့အခန်းထဲ ပြန်​ဝင်​သွားသည်​။ Jiyeon​ပြောသလိုဆို Minကအခုထိ အိမ်​ပြန်​မ​ရောက်​​သေးသည့်​သ​ဘောပင်​။

Daffodils[Completed]Onde as histórias ganham vida. Descobre agora