Part-4

2K 261 13
                                    

Zawgyi version

မီး​ရောင်​စုံများဖြင့်​ထိန်​လင်းစွာလှပ​နေ​သောHong Kong...မှင်​သက်​ရှု​မောရ​လောက်​သည်​အထိလှပ​သော​နေရာများဖြင့်​ပြည့်​နှက်​​နေ​သော်​လည်း...​မြို့၏​လူသူအ​ရောက်​အ​ပေါက်​နည်း၍​မှောင်​ရိပ်​ကျ​သောလမ်းကြား​လေးတွင်​ကား

"သူ့ကိုအခုထိရှာမ​တွေ့​သေးဘူးလား..မင်းတို့​ပြော​တော့ဒီမှာသူ့အ​ကြောင်းတစ်​စွန်းတစကြားတယ်​ဆို"

"ကျွန်​​တော်​တို့ရှာရတာထင်​သ​လောက်​ခရီးမ​ရောက်​ဘူးboss"

"ဘာကွ..မင်းတို့​ကြောင့်​အခုငါဘယ်​​လောက်​အချိန်​​ရော​ငွေ​ရောကုန်​​နေပြီလဲသိလား...ရ​အောင်​ရှာ...သူ့ကိုမ​တွေ့ရင်​မင်းတို့​ရောငါပါ​ထောင်​ထဲ​ရောက်​မှာ"

"သူကလဲဒီလူ့ကိုလိုက်​ရှာ​နေတယ်​boss...သူနဲ့ထိပ်​တိုက်​​တွေ့လို့မဖြစ်​တာbossအသိဆုံး​နေမှာပါ"

"ဘယ်​သူလဲ..ဘယ်​​ကောင်​ဖြစ်​ဖြစ်​ငါ့လမ်းလာပိတ်​ရင်​​တော့ရှင်းထုတ်​ရမှာပဲ"

"Min Yoongiပါboss"

"ဘာ!!...ထပ်​ပြီးဒီ​ကောင်​ပဲလား?ဒီ​ကောင့်​​နောက်​ကိုလူလွှတ်​ထား...သူဘာလုပ်​တယ်​ဘယ်​သွားတယ်​ငါအကုန်​သိချင်​တယ်​..သူအရင်​ရှာ​တွေသွား​တော့လည်းသူ့လက်​ထဲကပြန်​ယူရုံပဲ​ပေါ့ကွာ"

*Min Yoongi...Min Yoongi...မင်းငါ့ကိုအ​နှောင့်​အယှက်​​ပေး​နေတာသိပ်​များပြီ...မင်းဟာမင်းဘယ်​​လောက်​​တော်​​တော်​..ငါကမင်းထက်​အရင်​ထမင်းစားလာတဲ့​ကောင်​ဆိုတာ​တော့မင်း​လျှော့မတွက်​သင့်​ဘူးကွာ*

❀ ❀ ❀

ဟို​နေ့ကလူ​ပေးခဲ့သည့်​cardထဲကph noကိုဆက်​ရန်​ချီတုံချတုံဖြစ်​​နေမိသည်​...ဆက်​ရမလားမဆက်​ရဘူးလားဆိုသည့်​ဒွိဟနှင့်​အတူဖုန်းကိုင်​ထားသည့်​လက်​​လေးများပင်​မသိမသာတုန်​ယင်​​နေမိသည်

အမှန်​​ပြောရလျှင်​သူရှက်​သည်​...​ယောက်ျားတစ်​​ယောက်​နှင့်​အခုလိုပတ်​သက်​ရဖို့ဆိုတာသူ့စိတ်​ကူးထဲပင်​မထည့်​ခဲ့ဖူးဘူး...ဒီအလုပ်​ကိုလက်​ခံလိုက်​လျှင်​အ​မေ့ရဲ့​ဆေးရုံစရိတ်​အပြင်​ခွဲစိတ်​ဖို့လဲမပူရ​တော့ဘူး..အိမ်​လခကလဲ​ဖြေရှင်းပြီးသားဖြစ်မည်

Daffodils[Completed]Where stories live. Discover now