Zawgyi version
အရင်တစ်ခေါက်က ကတောက်ကဆဖြစ်ပြီးကတည်းက ညီမလေးနဲ့ စကားမပြောဖြစ်တော့တာ အခုထိပင်။ ကိုယ်ကလည်း စမပြောမိသလို သူကလည်း ပြန်မပြောလာသဖြင့် မောင်နှမနှစ်ယောက်ကြားက ဆက်ဆံရေးက အေးစက်မှန်းမသိအေးစက်လာသည်။
မေမေကလည်း သတိပြန်ရနေပြီမို့ ဆေးရုံကမကြာခင်ဆင်းရတော့မည်။ ကိုကိုနှင့်သူ့အကြောင်းကို ဖွင့်ပြောပြချင်သော်လည်း မေမေသာတစ်ခုခုဖြစ်သွားခဲ့လျှင် ဆိုသောစိတ်ကြီးက သူ့ကိုသတ္တိနည်းစေသည်။
ဒါပေမဲ့ မပြောလျှင်မပြီးမည့်ကိစ္စမို့ အရဲစွန့်ကာ မေမေ့ကိုပြောပြရန် သူစိတ်ကူးထားသည်။ မေမေ့အခန်းရှိရာကို ဖြည်းဖြည်းချင်းပဲ လျှောက်လာရင်း ပြောရမည့်စကားတွေကို စီနေမိသည်။
"ဟူး...Park Jiminမင်းလုပ်နိုင်တယ်"
ကိုယ့်ဟာကိုယ်အားပေးရင်း အခန်းတံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်တော့ အထဲကကြားရသည့် စကားသံများကြောင့် ခဏရပ်နေမိသည်။
"ဒီကောင်လေးကဒီလိုမိသားစုအရှက်ခွဲမယ်မှန်းသိရင်ငါမမွေးခဲ့ဘူး"
"ဟုတ်ပါ့မေမေရယ်..ယောက်ျားချင်းကြိုက်ရတယ်လို့ပဲသမီးဖြင့်ကြက်သီးတောင်ထတယ်"
"ရွံဖို့ကောင်းတယ်ပုံမှန်မဟုတ်တဲ့ဟာတွေ"
အထဲက မေမေနှင့်ညီမလေး၏ စကားသံများကို နားထောင်ရန် အားမရှိတော့သည်မို့ တံခါးကို အသာပြန်ပိတ်ပေးပြီး ချာခနဲ လှည့်ထွက်ခဲ့မိသည်။
ပါးပြင်ပေါ် စီးကျလာသည့် အရည်ပူများအရ သူငိုနေမိသည်ထင်သည်။
ဘေးပတ်ဝန်းကျင်က လူတွေဝိုင်းကြည့်နေကြမှန်း သိသော်လည်း အာရုံမစိုက်နိုင်တော့။ အခုသူလိုအပ်နေတာ Min Yoongiရဲ့ထွေးပွေ့မှုသာ။
ဆေးရုံရှေ့ရပ်ထားသည့် Taxiတစ်စီးပေါ် အမြန်ဝင်ထိုင်လိုက်မိသည်။