Part-13

1.8K 240 9
                                    

Zawgyi version

ညကဆရာဝန်​​ရောက်​လာပြီးPark Jiminကို​ဆေးထည့်​​ပေး၍ပြန်​သွားကတည်းက​ကောင်​​လေး​ဘေးနားသူဝင်​အိပ်​​နေမိသည်​။

ဘေးချင်းယှဉ်​လျက်​အိပ်​​နေသည်​မို့​ကောင်​​လေး၏မျက်​နှာကသူနှင့်​အ​တော်​နီးကပ်​​နေသည်​။

မ​ဝေးကွာ​သောအကွာ​အ​ဝေး​ကြောင့်​မျက်​နှာနုနုထက်​ကဒဏ်​ရာများအပြင်​သူ့လက်​ချက်​​ကြောင့်​​ရောင်​​နေ​သောနှုတ်​ခမ်းဖူးဖူး​လေးကိုပါအနီးကပ်​မြင်​​နေရသည်​။

စ​တွေ့ကတည်းကသူသ​ဘောကျမိခဲ့တဲ့မျက်​ဝန်း​တွေက​နေမျက်​ရည်​​စက်​တွေကိုမြင်​ရသည်​မှာသူ့အတွက်​နာကျင်​ရသည်​ထက်​ပိုသည်​။

ကောင်​​လေးခါးကိုဆွဲယူပြီးသူနှင့်​ပိုနီး​အောင်​ပြုလုပ်​လိုက်​ရင်းမျက်​ခွံ​လေး​တွေ၊နှာ​ခေါင်း​လေးနှင့်​ပါး​ပြင်​နုနု​တွေကိုသူကိုင်​ကြည့်​မိသည်​။

လက်​​လေး​တွေကိုဆွဲယူပြီးနမ်းရှိုက်​ရန်​ကိုင်​မိ​တော့မှ​ကောင်​​လေး၏လက်​များသည်တခြားအစိတ်​အပိုင်းများလိုနူးညံ့မ​နေမှန်းသူသတိထားမိသည်​။

လက်​​လေး​တွေကိုဆွဲယူကာသူ့ခါး​ပေါ်တွင်​တင်​လိုက်​​တော့​ခေါင်းလုံးလုံး​လေးကသူ့ရင်​ထဲတန်းတန်းမတ်​မတ်​ဝင်​​ရောက်​လာသည်​။

အနှီ​ကောင်​​လေးကိုရင်​ခွင်​ထဲတင်းကြပ်​စွာဖက်​ထားရင်းသူ့ရင်​ခွင်​ကျယ်​၏အ​နွေးဓာတ်​ကိုခိုလှုံ​စေလိုက်​သည်​။

"​တောင်းပန်​ပါတယ်​Park Jimin..ဒီစကားကိုမင်းကွယ်​ရာမှာပဲငါ​ပြောပါရ​စေ"

ကုတင်​​ပေါ်တွင်​​စောင်​တစ်​ထည်​တည်းကိုနှစ်​​ယောက်​ခြုံ​နေရ​သော်​လည်းရင်​ခွင်​ထဲက​ကောင်​ငယ်​​လေးက​တော့အ​နွေးဓာတ်​ကိုခံစားရင်းအိမ်​မက်​ကမ္ဘာဆီအလည်​​ရောက်​​နေ​လေသည်​။

❀ ❀ ❀

ရင်​ခွင်​ထဲမှလှုပ်​လှုပ်​ဖြစ်​​နေ​သောအရာ​ကြောင့်​သူနိုးလာပြီးဆက်​အိပ်​လို့မရတာ​ကြောင့်​မျက်​လုံးအသာဖွင့်ပြီးငုံ့ကြည့်လို​​က်​မိသည်​။

Daffodils[Completed]Where stories live. Discover now