Part-20

1.7K 221 14
                                    

Zawgyi version

Min Yoongiရဲ့အိမ်​မှာသူ​ရောJiyeon​ရောလာ​နေရတာနှစ်​လ​ကျော်​​လောက်​ရှိပြီ...​ဆေးရုံမှာအခုထိသတိမလည်​လာ​သေးတဲ့​မေ​မေ့အတွက်​လည်းspecial nurseငှါး​ပေးထားသည်​မို့အရင်​လိုသူတို့​မောင်​နှမမပင်​ပန်း​တော့။

Jiyeonကို​အောက်​ထပ်​ကအခန်းမှာထား​ပေမဲ့သူ့ကို​တော့Min Yoongiအခန်း​ဘေးမှာကပ်​​နေခိုင်းသည်​..ဒီလူကြီးရဲ့အကြံ​တွေကတကယ်​ကိုမလွယ်​​ကြောပင်​။

ညတိုင်းသူ့အခန်းထဲလာကာအလုပ်​လုပ်​ချင်​​ယောင်​​ဆောင်​ပြီးသူ့ကိုငမ်းသည်​..အိပ်​ခါနီးအတင်းပြန်​လွှတ်​မှပြန်​သည်​မဟုတ်​လို့က​တော့သူ့အခန်းထဲမှာပဲအိပ်​မည့်​ပုံ။

ကျောင်းသွား​ကျောင်းပြန်​​တောင်​သူပဲလိုက်​ပို့လိုက်​ကြိုကာတကယ့်​က​လေးဘဝပြန်​​ရောက်​​နေသလိုပင်​။

အခုလည်း​ကျောင်းဆင်းတာ​တောင်​လာမကြိုနိုင်​​သေးလူကြီးကို​မျှော်​ရတာအ​တော်​စိတ်​တို​နေပြီ...​စောင့်​ရတာတစ်​နာရီနီးပါးရှိ​နေတာ​တောင်​အခုထိမလာနိုင်​​သေးဘူး။

"​စောင့်​ရတာကြာသွားလားMin..ကိုယ်​​နောက်​ကျသွားလို့​တောင်းပန်​ပါတယ်​"

စိတ်​အ​တော်​တို​နေသည်​မို့ဘာစကားမှပြန်​​ပြောမ​နေပဲကား​ပေါ်ပဲအမြန်​တက်​လိုက်​သည်​..ကား​ပေါ်​ရောက်​​တော့လည်းအဲ့ဒီလူဘက်​မလှည့်​ပဲ​ကားမှန်​က​နေအပြင်​ကို​ငေး​နေလိုက်​သည်​။

"​ရောက်​ပြီMin"

ဘာစကားမှအပိုအလိုမ​ပြောချင်​သည်​မို့လွယ်​အိတ်​ကိုခပ်​တင်းတင်းလွယ်​ကာအိမ်​ထဲပဲဝင်​လိုက်​သည်​။

"ကိုယ့်​ကိုစိတ်​​ကောက်​​နေတာလား"

နောက်​က​နေသူ့လက်​ကိုအမြန်​ဆွဲကာ​ပြောလာသည့်​Min Yoongiရဲ့စကား​ကြောင့်​ထွက်​​နေတဲ့​ဒေါသကဂိတ်​ဆုံး​ရောက်​သွားသည်​။

"ဘာဗျ..စိတ်​​ကောက်​ရ​အောင်​ကျူ ပ်​ကမိန်းက​လေးလား"

"ဟားဟား..ချစ်​လို့စတာကို"

"အဲ့မှာချစ်​​နေလိုက်​"

"အာ့"

ပြီတိတီလုပ်​​နေသည့်​Min Yoongiရဲ့ဗိုက်​နားကိုတစ်​ချက်​ထိုးလိုက်​​တော့ရုပ်​ပျက်​ကာငြီး​နေသည်​။

Daffodils[Completed]Where stories live. Discover now