Chapter 1

5.5K 312 14
                                    

Unicode

" အခုပြိုင်ပွဲရဲ့အနိုင်ရသူအတွက်က ရွှေတံဆိပ်ဆုမဟုတ်ပါဘူး "

ပွဲတစ်ခင်းလုံး ထို announcement ကြောင့် ဟင်ကနဲဟာကနဲ ပြိုင်ပွဲဝင်တွေမှာလည်း ရုတ်တရက်ကြီး မထင်ထားတာဖြစ်တော့ အံ့ဩလျက်။

လေးငါးလလောက် ဒီ figure skating ပြိုင်ပွဲအတွက် အပင်ပန်းခံပြီးကျင့်ထားရတာ ဆုက
ရွှေတံဆိပ်မဟုတ်ပဲ တခြားဆိုရင် ဘာဖြစ်မလည်း ဆိုတဲ့အတွေးတွေက ပွဲခင်းအလယ်မှာ ရပ်နေတဲ့ပြိုင်ပွဲဝင်တွေရဲ့စိတ်ထဲမှာ ဗြောက်‌သောက်

" PARK SUNGHOON "

သူ့နာမည်တစ်စွန်းတစ်စကြားလိုက်ရတာကြောင့်
ခုနကပြိုင်ထားရတဲ့ ပင်ပန်းမှုတွေတောင် ပျောက်ကုန်ရသည် ။

" ဂုဏ်ယူပါတယ် ။ ပထမဆုအနေနဲ့
ဩဇီမှာလုပ်မယ့် နိုင်ငံတကာသက်ငယ်
Figure Skating ပြိုင်ပွဲမှာ ကိုရီးယား ကိုယ်စားပြုအဖြစ် သွားပြိုင်ခွင့်ရသွားပါပြီ "

ပရိသတ်တွေကအစ ဟင်ကနဲဟာကနဲ
အသက်ငါးနှစ်လောက်ကတည်းက သူဒီဟာကိုလုပ်လာခဲ့ပေမဲ့ အလယ်တန်းပထမနှစ်အရွယ်မှာ
ဒီလိုမျိုးဖြစ်လာလိမ့်မည်လို့ ဆောင်းဟွန်း တကယ် မတွေးထားမိပါ ။

ပွဲခင်းထဲကအထွက်မှာ ဖေဖေ၊ မေမေနဲ့ ညီမလေးတို့က ပြုံးပျော်စွာ စောင့်ကြိုလျက်

" ငါတို့သားအကြီးဆုံးလေးကတော်လိုက်တာ"

" အဖေ့သားအတော်ဆုံးပဲသိလား "

"ပြောသားပဲ ကိုကိုက ပထမရမှာပါလို့ "

" ဒါပေမဲ့ သားလေးအတွက် ပထမက အဲ့လောက်ထိကြီးကျယ်မှန်းတကယ်မထင်ထားခဲ့တာနော် ဖေကြီး "

ဝမ်းသာလုံးစို့ပြီး မျက်ရည်တွေပါဝဲနေတဲ့ မေမေ့ကို သူဖက်ထားမိသည် ။

" ကျေးဇူးပါ မေမေ ။ နောက်လည်း အကောင်းဆုံးကြိုးစားပါ့မယ် "

အဲ့လိုနဲ့ ဆောင်းရာသီလောက်မှာ သူ ဩဇီကိုရောက်ဖြစ်ခဲ့သည် ။

သူ့အဒေါ်မိသားစုက အဲ့မှာနေနေတယ်ဆိုတာကြောင့် ဒေါ်လေးအိမ်ကိုသွားနေဖို့ ဖြစ်သွားခဲ့သည် ။

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Where stories live. Discover now