Chapter 6

1.4K 234 5
                                    

Unicode

မနေ့ညက တစ်ညလုံး အိပ်မရဘူးဆို မှန်မည် ။
ဟိုလှိမ့် ဒီလှိမ့်နဲ့ ညလုံးပေါက်ခဲ့ပြီး
ကျောင်းမှာ ခေါင်းပင်မထောင်နိုင်တော့ပေ ။

" Jakeu ဟိတ် ! "

ဂုတ်ကိုလာနှိပ်ပေးရင်း သူ့ကိုခေါ်တဲ့ ဟီးဆွန်းဟျောင်းက ဒီနေ့ ခါတိုင်းလို Shirt လက်ရှည်ပေါ်
Vest ထပ်ဝတ်ထားတဲ့ စတိုင်မဟုတ်ပဲ
ဟူဒီ အဖြူကို beanie အစိမ်းနဲ့ Jean pant ခပ်ပွပွရယ်နဲ့ တွဲဝတ်ထားသည် ။

" ဟျောင်း ဒါ ဘယ်လိုဖြစ် "

" မင်းပြောတဲ့ ဖွန်ကြောင်ကြီးလုပ်မလို့လေ "

" ခွီးးး ထားပါ ကြည့်လို့တော့မဆိုးပါဘူး "

" ငါတို့ Jakeu က‌ေတာ့ မျက်မှန်အဝိုင်းနဲ့
Shirt ပေါ် sweater ထပ်ဝတ်ထားတာတောင်
စော်ကြည်တာပဲနော် ။ ဟျောင်းလို တကူးတကတောင် ပြင်ဆင်နေစရာမလိုဘူး "

" အတည်ပြောနေတာလား "

" မဟုတ်ဘူး အာချောင်တာ "

" ဒီ ဟျောင်း..."

ပါးစပ်အရှိန်သတ်လိုက်တော့
ဟီးဆွန်းဟျောင်းက အော်ရယ်သည် ။

" ကိစ္စရှိမှ နှိုးဗျာ ကျွန်တော် သေတော့မယ် "

" ဘာလို့ အိပ်ရေးပျက်နေတာတုန်း မဟုတ်တာတစ်ခုခု.."

" ဘာကိုမဟုတ်တာလုပ်ရမှာလည်း နည်းနည်းအတွေးများနေလို့ "

" EC မလုပ်ချင်လို့လား "

" ဟင့်အင်း "

" အဲ့တာဆိုဘာလို့လည်း ဒီကျောင်းနဲ့တော့ဆိုင်မယ်ထင်တယ် "

" ဆိုင်တော့ဆိုင်တယ် ။ အကြာကြီးအဆက်အသွယ်ပြတ်သွားခဲ့တဲ့သူတစ်ယောက်ကို
ပြန်တွေ့တော့မယ်ထင်လို့ "

" ဒါနဲ့ မနေ့က ငါတို့နဲ့ရန်ဖြစ်တဲ့မေဂျာလေ
အဲ့ဘက်က ပါမောက္ခကို တောင်းပန်လွှာ
ရန်ဖြစ်တဲ့ကောင်တွေ ရေးပေးထားတဲ့ဟာ
သွားပို့ပေးရမယ်ဆိုလားပဲ "

" ဟျောင်းလိုက်ခဲ့အုံးမလား ကျွန်တော် အဲ့လောက်မနှံ့စပ်ဘူး အဲ့ဘက်ကို "

" ခေါ်မယ်ဆိုရင်ဝမ်းသာတာပေါ့ "

" ဟျောင်း ဖွန်မယ့်တစ်ယောက်က အဲ့ကမို့လား "

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Where stories live. Discover now