Chapter 7

1.5K 225 14
                                    

Unicode

" ငါ့ပါးစပ်က ဘာလို့ အဲ့လိုထွက်သွားမှန်းကိုမသိဘူး "

" ပြောချင်ပေမဲ့ အဆဲကြောက်လို့မပြောတာ
မင်းဟာက ခြောက်နှစ်လုံး စိတ်ကောက်နေတာနဲ့ပိုတူတယ် ခေါင်းစဉ်တပ်တာမှားနေတာ "

ဆောင်းဟွန်းရဲ့ ယူကျုံးမရဖြစ်နေတဲ့ ရင်တွင်းစကားသံတွေကို ထိုင်နားထောင်နေရတဲ့ ဂျောင်ဝန်းနဲ့ ဂျုံးဆွန်း နှစ်ယောက်မှာ နားပင်
အူနေလောက်ပြီ ။

ရုတ်တရက်ကြီး ခွင့်တိုင်တယ် ။
အခု ကျောင်းဆင်းချိန်ကျ Skate သွားစီးမယ်ဆိုပြီး စီးလို့လည်းဝရော အနီးနားက စတိုးဆိုင်မှာ ဘီယာ
သောက်ရအောင်တဲ့ ပတ်ဆောင်းဟွန်းကို တကယ်နားမလည်တော့ပါ ။ သူ့အချစ်ဦးကောင်လေးက အဲ့လောက်တောင် အဲ့ကောင်ကိုဖြစ်နေစေတာလား

" ပြန်တွေ့တော့ ပျော်တာလား "

" မသိဘူး လွန်ခဲ့တဲ့ခြောက်နှစ်က ခံစားချက်မျိုးပဲ အဲ့လိုမခံစားရတာကြာပေမဲ့ အခုပြန်တွေ့တော့လည်း ပြောင်းလဲမနေဘူး "
" ငါ့ဘာသာငါတောင်မသိပဲ ထွက်သွားတဲ့စကားကြီးက သူငယ်ချင်းကိုပြန်တွေ့လို့ ဝမ်းသာပြီးပြောတဲ့စကားနဲ့ မတူဘူး
ဘယ်လိုပြောရမလည်း
အနှောင့်အသွားမလွတ်ဘူးကွာ "

" စတွေ့ကတည်းက ခံစားချက်ကြီးက
မင်းတို့နဲ့သူငယ်ချင်းဖြစ်တုန်းကခံစားချက်မျိုး
ဘာညာ လုံးဝမတူတာတော့ သေချာတယ်
ဒီတိုင်း လျစ်လျူရှုပြီးနေခဲ့ပေမဲ့
‌မတွေ့ရတဲ့အတောအတွင်း ငါ့စိတ်က

မင်းတို့ပဲစဉ်းစားကြည့်ကွာ ဘယ်ရောက်ရောက် ကောင်မလေးတွေဝိုင်းနေတာပဲ ငါအဲ့ကောင်မလေးတွေထဲကတစ်ယောက်ကိုတွဲမယ်လုပ်တိုင်း

အဲ့တစ်ယောက်ကို ပြန်ပြန်မြင်ပြီး မတွဲဖြစ်တာချည်းပဲ
ငါအဲ့လိုဖြစ်မနေချင်ဘူး "

" မင်းဟာကသိသာပါတယ် ။ ပြီးတော့
မင်းပြောတဲ့ စိတ်နာတယ်ဆိုတာလည်း နောက်ဆုံးအနေနဲ့တောင် မနှုတ်ဆက်လိုက်ရပဲဝေးခဲ့လို့
ရင်နာ‌ေနတာမျိုး "

ဘီယာဘူးကို မော့ရင်း ခေါင်းကို ငိုက်စိုက်ချကာ
ရင်ဖွင့်မိသည် ။ သူငယ်ချင်းနှစ်ကောင်က
အပေါက်ဆိုးပေမယ့် ရင်ဖွင့်လို့တော့ကောင်းသည် ။

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Unde poveștirile trăiesc. Descoperă acum