Chapter 16

1.2K 177 7
                                    

Unicode

" စိတ်ညစ်လာပြီ "

" ဘာလို့လည်း ခွေးပေါက် "

" ဒီနေ့စာမေးပွဲပြီးရင်ပိတ်ရက်ရှည်လေ ငါဩဇီခဏပြန်ရမယ်ထင်တယ် "

" တကယ်လား "

" မဟုတ်ဘူး အာချောင်တာ "

သူနဲ့ပတ်သက်ရင် အသည်းနုပါတယ်ဆို
လာစပြီးရီနေတဲ့ ခွေးပေါက်လေးကို အူယားပြီး
ပါးလေးကိုတစ်ချက်နမ်းလိုက်သည် ။

" တစ်ခါစရင် တစ်ခါနမ်းခံရမယ် "

" အဲ့တာဆို ခဏခဏစရတော့မှာပဲ "

ဆံပင်ကိုဆွဲဖွပြီး အတန်းထဲဝင်သွားတဲ့
ခွေးပေါက်လေးနဲ့သူ ရည်းစားစဖြစ်တာ
နှစ်လရှိပြီ ။

အတန်းထဲပြန်ဝင်တော့ ဟိုနှစ်ကောင်ကဖုန်းထိုင်ပွတ်နေသည် ။

" ဂျောင်ဝန်း ဘာဖြစ် "

မျက်ကွင်းတွေညိုနေတဲ့ ဂျောင်ဝန်းက အိပ်ရေးပျက်ထားတဲ့ပုံ စာမေးပွဲကလည်းမစသေးတော့ သုံးယောက်စုပြီးထိုင်နေမိကြသည်။

" အိပ်ရေးပျက်ထားတယ်လေ မင်းရဲ့သားလေး"

" ဘာဖြစ်လို့လည်း "

" စာလုပ်နေလို့ "

" ခုထိအသည်းကွဲနာကျတုန်းလား "

" ဟီးဆွန်းဟျောင်းကဖြင့် ဘယ်ကမှန်းမသိတဲ့ရည်းစားနဲ့ အူမြူးနေမယ့်အချိန် မင်းက တစ်ဖက်သတ်နဲ့ပဲ ဆက်အချိန်ကုန်ချင်နေတာလား "

" အဲ့တာမဟုတ်ပါဘူးဆို တကယ်စာလုပ်နေတာ "

" အဲ့လိုနဲ့ ရည်းစားရတော့မှာမဟုတ်ဘူး "

ဟုတ်ပါတယ် ။ ဂျောင်ဝန်းရည်းစားရနေတာကို
ခုချိန်ထိမသိကြသေးပါဘူး ။ တစ်ယောက်မှ သေးသေးလေးတောင်မရိပ်မိကြသေးပါဘူး ။

" စာမေးပွဲပြီးရင် ညနေစာတူတူသွားစားရအောင် ဟီးဆွန်းဟျောင်းကိုပါခေါ်လိုက် ငါ့ဂျယ်ယွန်းကိုလည်းခေါ်ခဲ့မှာ "

" ဆောင်းဟွန်း မင်းဂျောင်ဝန်းကို ကျော်ခိုင်းခွခိုင်းတော့မလို့လား "

" မကျော်ခွခိုင်းပါဘူး ဆိုင်ကယ် ကယ်ရီမှမဟုတ်တာ ငါ့သားက "

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Where stories live. Discover now