Chapter 5

1.3K 226 19
                                    

Unicode

အချိန်ကာလအားဖြင့် ခြောက်နှစ်ကြာခဲ့ပြီ ။

ဆောင်းရာသီရဲ့နှင်းတွေကမပြောင်းလဲသလို
ဖြူစင်မှုအပြည့်နဲ့မျက်ဝန်းတစ်စုံကလည်းမပြောင်းလဲသေး
နှင်းလုံးဆော့ရတာသဘောကျတဲ့ကောင်လေးဟာ အဆော့မသန်တော့ပေမဲ့ ပျော်ပျော်နေတတ်တဲ့ ဂျစ်တူးလေးတော့ဖြစ်နေဆဲ

" Family Meeting !! Dong Dong Dong "

ဒယ်ဒီ့အသံကြီးကြောင့် အောက်ထပ်ပြေးဆင်းမိသည် ။ တစ်မိသားစုလုံး ဧည့်ခန်းမှာစုမိပြီး‌တာတောင် ဒယ်ဒီက ဘာမှမပြော‌သေးဘူး ။

" What's up Honey ? "

မေမေက မေးတော့ ဒယ်ဒီက အကုန်လုံးကိုကြည့်ပြီး မေမေ့ကို တိုးတိုးလေးပြောသည် ။
ပြီးတော့ မေမေက သူတို့ကို ကြေငြာချက်ထုတ်ပါတော့သည် ။

" ကဲ အကုန်လုံး
နောက်အပတ်လောက်ကို တစ်မိသားစုလုံး ကိုရီးယားကိုပြောင်းရမယ် ကိုရီးယားရုံးခွဲမှာတာဝန်ကျတယ် ။ Jake လေး Second Year ဆက်တက်ဖို့‌ေရာ
Harmlet လည်းသင်တန်းတွေဆက်တက်ဖို့ကိုလည်း ဟိုမှာ အကုန်စီစဉ်ပေးပြီးတာမို့ "

" Wait ! တကယ်ကြီးလား "

" တကယ်ပေါ့ "

တစ်အိမ်လုံးက မေမေ့မွေးရပ်မြေမှာအခြေချရတော့မယ်ဆိုလို့ ပျော်နေသလောက်
ဂျယ်ယွန်းက ငိုချင်လာသလိုလို ပျော်နေသလိုလို

နေမကောင်းဘူးပြောပြီး အပေါ်ထပ်မြန်မြန် ပြန်တက်လာခဲ့ပြီး အခန်းကို သော့ခတ်ကာ ထိုင်ချလိုက်သည် ။

" မျှော်လင့်ချက်ရလာသလိုခံစားရတယ် ။
မင်းဒီကိုပြန်မလာလို့ ငါ့မင်းဆီကိုလိုက်လာပြီးရှာနိုင်အောင် ကံကြမ္မာက ဖန်တီးပေးတာထင်တယ်"

လည်ဆွဲလေးကို ငုံ့ကြည့်ရင်း သူတိုးတိုးရေရွတ်မိပါသည် ။

" ငါမင်းရဲ့သူငယ်ချင်းကိုပိုင်တဲ့တစ်ယောက်ကို
တကယ်မမေ့နိုင်ဘူး သိလား ငယ်သေးလို့သာမသိခဲ့တာ သူ့အပေါ်ခံစားချက်က သူငယ်ချင်းနဲ့ မတူဘူး လွမ်းနေမှပဲသိတော့တယ် ။ "

" ဘွားက friend zone မှာပဲ ပြီးသွားခဲ့လို့
ငါ့ကိုတော့ အဲ့လိုဖြစ်အာင်မလုပ်နဲ့နော် ဟေ့ကောင် "

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Donde viven las historias. Descúbrelo ahora