Chapter 9

1.3K 215 4
                                    

Unicode

" ဟျောင်း ကျွန်တော် မလိုက်ချင်ပါဘူးဆိုနေ "

" အမဲသားဝယ်ကျွေးမှာလေကွာ လိုက်ခဲ့စမ်းပါ"

" အမဲသားပဲစားပြီး ပြန်မှာနော် "

မနက်ကတည်းက ဘာဖြစ်နေမှန်းမသိတဲ့
Jake တစ်ယောက်ကြောင့်
သူ့သွားကြီးတောင်မလင်းနိုင်တော့ပေ ။

" အင်း စားပြီးပြန် ဟုတ်ပြီလား "

" စားပြီးမပြန်ပဲ ဘာလုပ်စေချင်နေလို့လည်း "

Jake ပြန်မေးတာကြောင့် နားထဲပြန်ကြားလာတဲ့စကားကတော့

* ဒီကောင်ကြီးရဲ့ ငယ်ကျွမ်းဆွေလေးလေ
အဲ့ကောင် တော်တော်ဖြစ်နေလို့ ကူညီပါအုံး *

ဂျုံးဆွန်း‌သူ့ကို တိုးတိုးတိတ်တိတ်လာပြောထားတာကြီးပြန်ကြားပြီး အလန့်တကြားပင်ရှိသွားသည် ။

" ဘာမှ မလုပ်‌ေစချင်ပါဘူး "

Jake ကိုအတင်းချော့ခေါ်လာခဲ့ပြီး အသားကင်ဆိုင်ကိုရောက်တော့ဆိုင်မှာ ထိုင်စောင့်နေတဲ့သုံးယောက်က အထင်းသား

သုံးယောက်ထဲကတစ်ယောက်က ပိုထင်းနေတာဆိုအမှန်ပဲ ။

ခြောက်ယောက်ဝိုင်းမှာထိုင်နေကြတာဖြစ်ပြီး
ဆောင်းဟွန်းက တစ်ယောက်တည်း နဲ့ မျက်နှာချင်းဆိုင်မှာ ဂျုံးဆွန်းနဲ့ ဂျောင်ဝန်း
ဂျုံးဆွန်းက အစွန်ဆုံးဘက်မှာထိုင်နေပြီး ဂျောင်ဝန်းကအလယ်ခုံမှာ ထိုင်‌ေနသည် ။
ဟီးဆွန်းက ဆောင်းဟွန်းဘေးမှာ ဝင်ထိုင်မယ်လုပ်တော့ ဂျုံးဆွန်းက မျက်မှောင်ကြုံ့ပြသည် ။
အရိပ်အကဲသိမှ အမြန် ဂျောင်ဝန်းဘေးဝင်ထိုင်တော့ Jakeu က ဆောင်းဟွန်း‌‌ေဘးကိုရောက်သွားသည် ။

" မှာထားပြီးပြီလား "

" ဟျောင်းကျွေးမှာဆို မှာထားပြီးတာပေါ့ "

" မင်းတို့ကလည်း အားနာစရာတွေ
အဲ့လိုပဲဂုန်းဆင်းနေကြလား "

" သားအဖလိုပါဆို သားအဖလို "

ဆောင်းဟွန်းကပြောတော့ ဂျုံးဆွန်းကလည်း
ထောက်ခံသည် ။ ဂျောင်ဝန်းကတော့ ကျက်သရေမရှိလိုက်တာ ဆိုတဲ့အကြည့်မျိုးနဲ့
နှစ်ယောက်ကို မျက်စောင်းထိုးတော့ ကုပ်သွားကြပါရော

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Where stories live. Discover now