Chapter 11

1.3K 199 13
                                    

Unicode

" ကယ်ကြပါအုံး !!! အားးးး !!
အဲ့တာဘာကြီးလည်း !!! ပြုတ်ကျသွားပြီ ကြောက်စရာကြီး !! "

VR ဆော့မယ်လို့ပြောမိတဲ့ ရှင်းမ်ဂျယ်ယွန်းအခုမှ
နောင်တတွေ တစ်သီတစ်တန်းနဲ့
VR ဆော့ရင်းအသက်ထွက်သွားလောက်တယ် ။
နောင်တရနေတဲ့သူကလည်းမရီမိတာတော့မဟုတ်ပါဘူး
Video ရိုက်ရင်း ရီရတာ ဗိုက်တွေပါအောင့်လို့

ဂွမ်းးး!

" တော်ပြီ မလုပ်နိုင်တော့ဘူး "

စက်ကြီးကို ကောက်ပေါက်လိုက်တာလား
အဲ့ကောင်က !
ပျက်မသွားလို့ပဲတော်ပါသေးသည်။
ခေါ်လာမိတဲ့သူကတော့ နဖူးကိုလက်နဲ့ပိတ်ရိုက်လိုက်မိပါသည် ။

တော်တော်ကြောက်သွားတယ်ထင်သည် ။
ကြမ်းပြင်ပေါ်ပစ်လှဲချပြီးအသက်ကိုဖြည်းဖြည်းချင်းရှူနေတာ

လက်ကမ်းပေးလိုက်တော့ သူ့လက်ကိုဆွဲပြီး ပြန်ထလာသည်။

ဆောင်းဟွန်းမှာလည်း တစ်သက်နဲ့တစ်ကိုယ်
ဒီလောက်မကြောက်ဖူးပါ ။ ချွေးစက်‌တစ်ချို့ပင် နဖူးမှာ မြင်နေရသည် ။

" သေတော့မယ်ထင်တာ "

လက်ကမ်းပေးတဲ့ ဂျယ်ယွန်းလက်ကို ဆွဲပြီး
ပြန်ထကာ မျက်နှာချင်းဆိုင်ရပ်မိတော့ အရပ်က ‌
အရမ်းလည်းမကွာပါဘူး ဒါပေမဲ သေးသေးလေးထင်ရတုန်းပဲ

နေပါအုံး ဒီအခြေအနေကြီး ရင်းနှီးနေသလိုပဲ

အာ.. စကိတ်စီးနေတုန်း ဝင်တိုက်ခံရတဲ့ဟာပဲ
ဂျယ်ယွန်းဆီက လီမွန်ရေမွှေးနံ့က လွန်ခဲ့တဲ့ခြောက်နှစ်ကလို မပြောင်းလဲသေး

" ㅋㅋ "

ရီသံသေးသေးလေးထွက်လာပုံအရ သူကြောက်တဲ့ပုံကိုရီချင်နေတာထင်သည်။

" မရီနဲ့ ငါရင်တုန်နေတုန်း "

" ဘယ်လို ကောင်လည်းမသိဘူး "

Game center ထဲကနေ ပြန်ထွက်လာတဲ့ တစ်လျှောက်လုံး သူ VR ဆော့တုန်းက Video
ကို ပြန်ကြည့်ပြီး ဗိုက်နှိပ်ရီနေတဲ့ ဩဇီသားကို
စိတ်မဆိုးမိပါ ။
ဂျယ်ယွန်း ရီနေတဲ့မြင်ကွင်းကက ဆောင်းဟွန်းအတွက် စိတ်ဆိုးရက်စရာကိုမရှိ

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Where stories live. Discover now