Chapter 15 ( I )

1.4K 194 16
                                    

မနက်ခင်းလေးမှာနိုးလာခဲ့
အရင်ဆုံး ဂျိတ်ခုကိုလွမ်းပါတယ် ။

ဒီနေ့ကတော့ ပိတ်ရက်မနက် မနက်ခင်းမဟုတ်တော့ဘူး နေ့လည်ခင်းတောင်ရောက်ခါနီးနေပါပြီ

ဘေးမှာအိပ်နေတဲ့ နှစ်ကောင်သားကတော့ အိပ်လို့ကောင်းနေတုန်း

ငုတ်တုတ်ကြီးထိုင်ပြီး ပြန်စဉ်းစားနေမိတဲ့အသံကတော့

" မင်းကိုကြိုက်မိအောင် လာလာလုပ်နေလို့ "

တွေးပြီး သွားကြီးဖြီးနေမိပြန်ပါပြီ ။
အဲ့လိုဆိုမှ အခြေအနေက ပြောင်းပြန်ဖြစ်သွားတာပဲ ။ ဂျယ်ယွန်းက သူ့ကိုအရင်ဖွင့်ပြောတာလား ။ ပြီးတော့ ရည်းစားလည်းမဟုတ်တော့
သူတို့ရောက်နေတာ အဲ့ကြားထဲက

" Flirt Zone ? "

သေချာပေါက် အဲ့တာပဲ ။ ဒါပေမဲ့
နှစ်ယောက်သေချာအတည်ပြုလိုက်တာနဲ့
အဆင့်ကတန်းတက်သွားမှာပဲ ။ ဘာလို့ဆို
တစ်ယောက်နဲ့တစ်ယောက်ကချစ်နေပြီပဲလေ ။

Flirt Zone မှာနေပြီး တစ်ယောက်က ရည်းစားရသွားလို့ ဆန့်ငင်ဆန့်ငင်ကျန်ခဲ့မယ့်အကြောင်းတော့ မရှိဘူးထင်တာပဲ သူတို့ဆီမှာပေါ့။
ကျန်တဲ့သူတွေက ဖြစ်ချင်ရာဖြစ်

တွေးမိရင် ရင်ဆက်ခုန်နေအုံးမှာမို့ စိတ်ငြိမ်အောင် ဆက်အိပ်နေဖို့ပဲ ဆုံးဖြတ်ကာ

ဂျောင်ဝန်းကို ပြန်ခွပြီး မျက်လုံးကိုပြန်မှိတ်ကာ
အိပ်စက်ပါတော့သည်။

~||~

" ရှင်းမ်ဂျယ်ယွန်း တကယ်ရူးသွားပြီ
မကြားလိုက်ဘူးဆိုကောင်းမှာပဲ "

" ဖုန်းဆက်ကြည့်ရမလား "

" ဘာလို့ဆက်ရမှာလည်း "

" မနိုးလောက်သေးဘူးလား "

" နေ့လည်ပဲရောက်နေပြီကို "

" သင်တန်းတွေဘာတွေများတက်နေမလား "

" သင်တန်းတွေလည်း ပိတ်ရက်တော့ ဖွင့်မနေပါဘူး "

တစ်ယောက်တည်း အလုပ်ရှုပ်နေတဲ့ ဂျယ်ယွန်းမှာလည်း အတော်ကို ကယောက်ကယက်ဖြစ်နေရသည် ။

" အေး တကယ်စိတ်ဆိုးတယ် ငါ့ကိုဘာလို့
ဒုက္ခပဲပေးနေတာလည်း "

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Where stories live. Discover now