Chapter 4

1.3K 229 8
                                    

Unicode

ပြိုင်ပွဲဝင်ရန် တစ်ရက်အလို

" ဆောင်းဟွန်းလေးရေ ဂျယ်ယွန်းလာတယ် "

ပြိုင်ပွဲမဝင်ခင်တစ်ရက်မို့ ပြင်ဆင်စရာရှိတာတွေပြင်ရသည် ။ အဝတ်တွေလည်း သိမ်းနေရသည် ။
မေမေက ပွဲလည်းလာကြည့်ရင်း ပွဲပြီးလောက်မယ့်အချိန်နဲ့ ကိုက်ပြီး လေယာဉ်လက်မှတ် အသွားအပြန်စီစဉ်ပြီးပြီတဲ့

" Yarr ဆောင်းဟွန်းနီးကို လွမ်းနေရတော့မယ်ကွာ တကယ် "

" လွမ်းရင်လွမ်းတယ်မှတ် ဖုန်းခေါ်လေ ရတာပဲ"

" အေးနော် "

" အေးလေ ဖုန်းဆက်ပေါ့ "

" မင်း.. ဆွဲကြိုးဝတ်ထားတာပဲ "

" ဝတ်ရမှာပေါ့ ဘယ်တော့မှမချွတ်ဘူး
မိန်းမယူပြီးရင်တောင် မချွတ်ပဲဝတ်ထားမှာ "

" ဟားဟားးး မနက်ဖြန် ကောင်းကောင်းပြိုင်ဖို့ပြောမလို့ အဲ့တာကြောင့်လာတာ "

" မင်းလာကြည့်မယ်မလား သေချာပေါက်လာခဲ့ပေး"

" သေချာပေါက်လာခဲ့မှာပါ ။ ငါသွားပြီ "

" အင်း ကောင်းကောင်းသွား "

_____SUPPORT_SYSTEM_FOR_LIFE______

ပြိုင်ပွဲဝင်မည့်နေ့

ညက ဆောင်းဟွန်းကိုသွားနှုတ်ဆက်ပြီး ရင်ထဲသိပ်မကောင်း တစ်လအတွင်းလုံလောက်တဲ့နွေးထွေးမှုအများစုက ဆောင်းဟွန်းဆီက
ခဏနေရင် အဲ့ပွဲသွားရအုံးမည် ။

လူလည်းမလန်းဘူးဖြစ်နေတာကြောင့် ရေနွေးနွေးနဲ့ bathtub ထဲဝင်စိမ်နေလိုက်သည် ။ ဘေးက လက်တန်းပေါ်မှာတင်ထားတဲ့ ဖုန်းက Noti
တက်လာတော့ သူလှမ်းယူလိုက်တော့ ကျောင်းက assignment မတင်ရသေး

သူမလုပ်ရသေးတဲ့အကြောင်း စာပြန်ရိုက်မည်လုပ်တဲ့အချိန် ကံမကောင်းစွာပဲ ဆပ်ပြာနဲ့ချောပြီး ရေထဲပြုတ်ကျသွားသည် ။

" ဒီနေ့ကံမကောင်းဘူးကွာ "

ရေမိုးချိုးပြီး မေမေခေါ်တာနဲ့ ထမင်းစားခန်းထဲကိုသွားရသည် ။ ခြေလှမ်းစဉ်မှာပဲ ရုတ်တရက်မခံမရပ်နိုင်အောင် နာလာတဲ့ ဗိုက် ။ သူခြေလှမ်းပျက်သွားပြီး ထိုင်ချလိုက်မိသည် ။

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Where stories live. Discover now