Chapter 8

1.4K 224 10
                                    

Unicode

" ထူးခြားဆန်းပြား အမူးသမား လည်းမဟုတ်ပဲနဲ့
နည်းနည်းပဲသောက်ခဲ့တာကို နိုးလာတော့
ခေါင်းကကိုက်နေ .."

နဖူးကိုလက်တင်ပြီး ညည်းတွားမိနေသည် ။
ညက ဂျောင်ဝန်းအိမ်မှာအိပ်ခဲ့သည်ထင်ပါတယ်
နိုးလာတော့ ဂျောင်ဝန်းအိမ်မှာ ဂျုံးဆွန်းကတော့ သူ့အိမ်သူပြန်တယ်ထင်ပါတယ် ။

* အိပ်ခဲ့လို့ နိုးတာပေါ့ အတွေးတွေ
တော်တော်ရှည်တာပဲ *

ကုတင်အောက်ဆင်းအိပ်နေတဲ့ ယန်ဂျောင်ဝန်းကို
ကန်နှိုးလိုက်သည်။ သူ့အိမ်ကကိုယ့်အိမ်လိုတွေပါပဲ ။

" ဟေ့ကောင် မင်းကုတင်မှာ မင်းအိပ်လေ
ဘာကိစ္စ ငါ့ကို ကုတင်ပေါ်တင်ထားတာလည်း "

" မင်းကန်ချတာကိုး "

" အဲ့တာဆိုလည်းဆောရီး "

အပျင်းတစ်နေတဲ့ ဂျောင်ဝန်းက ကြမ်းပြင်ပေါ်မှာအိပ်နေရင်း လက်ကို ဆန့်လာတော့ ဘာလုပ်ရမလည်းသိစွာနဲ့ အဲ့လက်ကိုဆွဲပြီး ထူပေးဖို့ လက်ကိုဆန့်လိုက်ရာ လက်ဖဝါးပေါ်မှာ ဘောပင်နဲ့ရေးထားတဲ့ ဖုန်းနံပါတ်တစ်ခုနဲ့ ဘေးမှာ နာမည် က 재이크 (Jake)

" babo yaaaa!!!!! "

အသံနက်ကြီးနဲ့ထအော်တဲ့ ပတ်ဆောင်းဟွန်းကြောင့် ဂျောင်ဝန်းလည်း အပျင်းမတစ်နိုင်ပဲ
ငေါက်ကနဲ ထထိုင်မိသည် ။

" ya!! ဘာထဖြစ်တာလည်း "

" ဂျောင်ဝန်းနားး ဟုတ်ရင်တောင်မဟုတ်ဘူးဖြေပေးစမ်းပါ မနေ့က ဟိုတစ်‌ေယာက်နဲ့မတွေ့ခဲ့ဘူးမလား "

" အာ.. မင်းရဲ့ ငယ်ကျွမ်းဆွေလေးလား
ကုန်းပိုးပြီးအိမ်ပြန်ပို့ခဲ့တယ်လေ မင်းက "

" ငါက ? ပတ်ဆောင်းဟွန်းရေ မင်း အရှက်ကွဲဖို့များမွေးဖွားလာသလား "

" လုပ်တုန်းကလုပ်ပြီး "

မျက်စောင်းနဲ့အတူ ရေချိုးခန်းထဲဝင်သွားတဲ့
ဂျောင်ဝန်းက ပါးစပ်ကလည်း ပွစိ ပွစိ

" ငါကအရှက်ကွဲဖို့မွေးဖွားလာတယ်ဆို
မင်းက ငါအရှက်ကွဲသမျှကို ပွစိပွစိပြောဖို့
မွေးဖွားလာတဲ့ကောင်ပဲ
သိလားး!!!! "

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Where stories live. Discover now