Chapter 2

1.6K 250 12
                                    

Unicode

" ရှင်းဂျယ်ယွန်း ထတော့ "

" ရှင်းဂျယ်ယွန်း ! "

" Jake Sim!!!"

ဂျိတ်ခု အမေ့ရဲ့ အော်သံအကျယ်ကြီးကြောင့်
မနိုးတဲ့သူ ဒီကမ္ဘာမှာမရှိပါ ။

" ဒီနေ့ တစ်အိမ်လုံး လျှောက်လည်ကြမယ့်နေ့လေ နင်မလိုက်တော့ဘူးလား "

ဟုတ်သားပဲ ! တကယ်သတိမရပဲ သေလူနီးနီးအိပ်နေမိတာ ။ တော်ရုံဆို ဒီလောက်မအိပ်ပါဘူး
ညက အဲ့တာကိုမေ့ပြီး ဂိမ်းထိုင်‌ေဆာ့နေတာ

" လိုက်မယ် လိုက်မယ် မာမီ ဆယ့်ငါးမိနစ်ပဲစောင့် "

ခါတိုင်းဆိုပြင်ဆင်ပြီးဖြစ်နေလောက်ပြီကို
အခုတော့ ဆယ့်ငါးမိနစ်နဲ့ ဝရုန်းသုန်းကား လုပ်ရတော့မည် ။

ဪ .. ရှင်းဂျယ်ယွန်းလည်း အဲ့လိုဖြစ်တတ်ပါလား

ရေမိုးချိုးပြီး စိုနေသောဆံပင်ကို မြန်မြန် သဘက်နဲ့ သုတ်လိုက်သည် ။

ထို့နောက် Shirt အင်္ကျီပေါ်ကနေ ဆွယ်တာ လိ‌မ္မော်လေးထပ်ဝတ်လိုက်ပြီး ကုတ်အထူအရှည်ထပ်ခြုံလိုက်သည် ။ ပြီးတော့ beanie လိမ္မော်လေး ထပ်ဆောင်းကာ မျက်မှန်တပ်လိုက်တော့
မူလတန်းကျောင်းသားဖြစ်သွားသလိုလို

သုံးနေကျ လီမွန်အနံ့ရေမွှေးကို နှစ်ချက်လောက်ဖြန်းလိုက်ပြီး

" Perfect ! "

ပြင်ဆင်ပြီး အိမ်အောက်ထပ်ကိုဆင်းတော့ တစ်အိမ်လုံးတန်းစီစောင့်နေကြသည် ။

ဒယ်ဒီ ၊ မာမီ ၊ အန်တီ ၊ အန်ကယ် ၊ ဘွားဘွားနဲ့
သူ့အကိုဝမ်းကွဲ

ဂျယ်ယွန်း ဒယ်ဒီ့ဘေးသွားရပ်တော့ ဒယ်ဒီက မျက်မှောင်ကြုံ့သည် ။

"You took double of fifteen minutes .
What can I do with this untimely boy? "

ဒယ်ဒီကရီမောပြီးပြောတော့ သူလည်း သွားဖြီးပြရုံအပြင်မတတ်နိုင်

" Sorry .. Dad "

သွားကိုဖြီးပြီးရီပြတော့ တစ်အိမ်လုံးက
ဂျယ်ယွန်းကိုကို ပြုံးပြီးကြည့်သည် ။

ဂျယ်ယွန်း ခေါ် Jake ကတကယ်ချစ်မွှေးပါတဲ့
ကလေးလေး

သွားဖြီးပြလို့မှမဆုံးသေး အလွန်သွက်တဲ့ ဂျယ်ယွန်းရဲ့ ဒယ်ဒီက ဆောင်းထားတဲ့ beanie လေးကို ဆွဲချွတ်ပြီး ဆံပင်ကိုဖွကာ အိမ်ရှေ့‌တွင် ရပ်ထားသော ကားဆီသို့ တချိုးတည်းပြေးပါတော့သည် ။

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Where stories live. Discover now