Chapter 12

1.4K 202 14
                                    

Unicode

" အိုမားးးး မရိုက်ပါနဲ့ဆို "

ဆိုဖာပေါ်ပြေးတက်လိုက် အိမ်ရှေ့ပြေးလိုက် နောက်ဖေးပြေးလိုက်နဲ့ အမေ့ကြက်မွှေးစာမမိအောင်ပြေးနေရတာ ဆရာကြီး ယန်ဂျောင်ဝန်းပါပဲ ။

" အိုမားကလည်း တစ်ရက်ပဲ ကျောင်းပျက်မယ်လေနော် "

" ကျောင်းပျက်ရင်တောင်အကျိုးရှိတာလုပ်စမ်းပါလား ဘာကိစ္စဂိမ်းဆိုင်ထိုင်မှာလည်း
ဆောင်းဟွန်းနဲ့ ဂျုံးဆွန်း ခေါ်လို့တော့မပြောနဲ့နော် ငါသုံးယောက်လုံးကို အိမ်ဝင်အိမ်ထွက်ပိတ်လိုက်မှာ

" ဟင့် မေမေ အိုမား မားသား မာမီ ကလည်း "

မေမေ့ကို စူပုတ်ပြပြီး အခန်းထဲပြန်ဝင်လာခဲ့ရသည် ။ အပြင်ထွက်ဖို့အကြံထုတ်ပြီးမှ

" မာမီးးး သား စာကြည့်တိုက်သွားမလို့ "

လွယ်အိတ်ကောက်လွယ်ပြီး ဟင်းချက်နေတဲ့နောက်ကနေ လှမ်းပြောတော့ စာကြည့်တိုက်ဆိုရင် သွား တဲ့

လွယ်အိတ်ထဲမှာ စာအုပ်ပါတယ် ထင်သလား
နိုး ပါ ။ ဘက်စကက်ဘောဆော့ရင် လိုတဲ့
ရေဘူး ၊ ဆော့ခါနီးမှ ဖိနပ်လဲစီးဖို့ ဖိနပ် ၊
ပြီးတော့ ဘောလုံး ကို စုပြုံထည့်ထားတဲ့ ဧရာမလွယ်အိတ်ကြီး

အနီရောင် jersey လက်ပြတ်ကို short pant နဲ့
ဝတ်ထားပြီး သားရေဖိနပ်အစုတ်ကြီးစီးကာ
ဟိုဘက်ရပ်ကွက်က ဂိမ်းဆိုင်ကို ထွက်လာခဲ့သည် ။ ဘာဖြစ်လည်း ယန်ဂျောင်ဝန်းပါဆို
ချောနေမှာပေါ့

ဂိမ်းဆိုင်ပိုင်ရှင် အန်တီကြီးကို ခေါက်ဆွဲပြုတ်တစ်ပွဲနဲ့ ကိုလာတစ်ဗူး မှာပြီး နေရာဝင်ယူလိုက်သည် ။

" ဟူးး မဆော့ရတာကြာပြီ "

လက်ကိုအကြောတွေဘာတွေလျော့ပြီး ဂိမ်းကိုအားသွန်ခွန်စိုက်ဆော့ရန် mouse ကိုလက်ရွယ်လိုက်စဉ်

" ဟိတ် ဘေးခုံကတစ်ယောက် solo လား "

" ဟုတ် "

ဆိုင်ရဲ့ဂျောင်ကျတဲ့နေရာက သုံးခုံကပ်လျက်လေးလွတ်နေတဲ့နေရာမှာဝင်ထိုင်ပေမဲ့ ဘေးမှာ
လူရှိမှန်းတော့မသိ ။

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Where stories live. Discover now